##unicode
“Operaion Mincemeat” ဆိုတဲ့ကားလေးကတော့စစ်ပွဲဒရမ်မာအမျိုးအစားဖြစ်ပြီး
၁၉၄၃ ခုနှစ် မဟာမိတ်တပ်တွေ ဆစ်စလီကိုထိုးဖောက်ဖို့စစ်ဆင်ရေးကို ဟစ်တလာရဲ့
နာဇီတပ်တွေမသိအောင်ဖုံးကွယ်ဖို့လုပ်ခဲ့တဲ့လှည့်စားမှုစစ်ဆင်ရေးအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့
ကားလေးဖြစ်ပါတယ်
မဟာမိတ်တပ်တွေဟာ သူတို့ရဲ့ဆစ်စလီကိုကျူးကျော်မယ့်အကြံကိုနာဇီတပ်တွေက ကြိုတင်သိထားတဲ့အတွက်
သူတို့စစ်တပ်ထိခိုက်နစ်နာမှုများမှာကိုသိနေပါတယ် အဲ့ဒါကြောင့်ဆစ်စလီကိုကျူးကျော်မယ့်အကြံကို
အာရုံလွှဲသွားပြီးတော့ ဂရိကိုကျူးကျော်မယ်ဆိုတဲ့သတင်းမှားကိုယုံကြည်စေဖို့အတွက်ကြံစည်ရပါတော့တယ်
သူတို့ရဲ့အစီအစဉ်ကတော့ဂရိကိုကျူးကျော်မယ်ဆိုတဲ့အချက်အလက်တွေပါတဲ့စစ်သားအလောင်းတစ်လောင်းကို
ဆစ်စလီကျွန်းကိုမျောလိုက်ဖို့ဖြစ်ပါတယ် ဒါပေမယ့်ခက်ခဲတဲ့အပိုင်းတွေကရှိနေပါသေးတယ်
ရင်ခေါင်းခွဲစိတ်ရလဒ်မှာရေနစ်သေတယ်လို့ပေါ်အောင်ဘယ်လိုလုပ်မလဲ
စာရွက်စာတမ်းတွေဂျာမနီတွေလက်ထဲအတိအကျဘယ်လိုလုပ်မလဲ
အသေးစိတ်လွန်းတဲ့နာဇီတွေလှည့်စားမှုမှာထောင်ချောက်ကျသွားအောင်အကွက်ကျကျဘယ်လိုကြံစည်မလဲ
ဆိုတဲ့အပိုင်းတွေရှိနေပါသေးတယ်
မဟာမိတ်တပ်တွေအနေနဲ့ဒီလိုဟာကွက်တွေအားလုံးကိုပိရိအောင်ဘယ်လိုကြံစည်သွားလဲ
ဟစ်တလာရဲ့နာဇီတပ်တွေကိုအကွက်ကျကျဘယ်လိုအနိုင်ယူသွားလဲဆိုတာကိုမှတ်တမ်းရုပ်ရှင်သဖွယ်ကြည့်ရှု
ရမယ့်ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွှတ်တမ်းကြည့်ကြဖို့ညွှန်းပေးလိုက်တယ်နော်
##zawgyi
ကားလေးဖြစ်ပါတယ်
Review – Myet Chel
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue & Phyu Sin
Encoded by Arrow
==================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Upload on Youtube
Upload on Youtube
Leave a Reply