##unicode
ဒီတစ်ခေါက်မှာတော့ အသည်းတယားယား ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် အိန္ဒိယကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကြောင်းအရာလေးကတော့ ပါဗာသီဟာ အဆုတ်မကောင်းတဲ့သားဖြစ်သူကို အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်နေရတဲ့မိခင်တစ်ယောက်ဖြစ်ပါတယ်
ပါဗာသီဟာသားဖြစ်သူ ဒီလိုမကျန်းမာနေတာကိုမမြင်ချင်တဲ့အတွက်ခွဲစိတ်ဖို့ အစွမ်းကုန်ကြိုးစားနေတဲ့သူပါ ဒီလိုနဲ့တစ်ရက်မှာတော့ကိုချင်မှာရှိတဲ့ဆေးရုံတစ်ရုံမှာ
ဆရာဝန်ကြီးတွေနဲ့ခွဲစိတ်ဖို့အတွက်စီစဉ်လိုက်နိုင်ပါတယ် ဒါပေမယ့်ကံဆိုးချင်တော့ကိုချင်ကိုသွားတဲ့လမ်းမှာ မိုးရွာသွန်းမှုကြောင့်မြေပြိုကျမှုဖြစ်ပြီး
ပါဗာသီနဲ့ သားဖြစ်သူစီးလာခဲ့တဲ့ဘတ်စ်ကားဟာမြေပြိုမှုအောက်ကိုရောက်သွားခဲ့ပါတယ် အခုတော့အသက်ရှူဖို့အတွက်အောက်ဆီဂျင်လိုတဲ့သူက
ပါဗာသီရဲ့သားတစ်ယောက်တည်းမဟုတ်တော့ဘဲ ကားပေါ်မှာပါလာတဲ့လူအားလုံးဖြစ်သွားပါပြီ
အောက်ဆီဂျင်ဘူးနဲ့အသက်ရှူနေရတဲ့ပါဗာသီရဲ့သားမှာပါလာတဲ့အောက်ဆီဂျင်ဘူးက အားလုံးအတွက်အရေးကြီးလာတော့တာပေါ့
ပါဗာသီတစ်ယောက်သားဖြစ်သူကိုအခက်အခဲတွေကြားကနေ ဘယ်လိုကာကွယ်သွားမလဲ
နောက်ဆုံးမှာအသက်ရှင်လျက်လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
ဒီတစ်ခေါက်မှာတော့ထွက်ရှိထားတာမကြာသေးတဲ့ တရုတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ဝင်ငွေ ၂၂၁ သန်းနဲ့ ၂၀၂၂ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးကိုးနေရာမြောက်မှာရပ်တည်ထားနိုင်တဲ့ကားကောင်းလေးဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ကျင်းဟောက်ဟာရှန်ကျန်းကို ညီမဖြစ်သူနဲ့အတူတက်လာခဲ့ပြီးတော့ ဆင်းဆင်းရဲရဲခက်ခက်ခဲခဲနဲ့ဘဝကို
ရုန်းကန်ရှင်သန်နေရသူဖြစ်ပါတယ် ကြားထဲညီမဖြစ်သူကမွေးရာပါနှလုံးရောဂါပါလာခဲ့တာကြောင့် ညီမလေးရဲ့ခွဲစိတ်ခအတွက်လည်း
အသည်းအသန်ရှာနေရသူဖြစ်ပါတယ် ဒီလိုနဲ့တစ်ရက်မှာတော့သူ့သူငယ်ချင်းဆီက ဖုန်းအဟောင်းတွေကိုဈေးနည်းနည်းနဲ့ရရှိခဲ့ပါတယ်
နဂိုကတော့ ဒီဖုန်းတွေကိုပြန်ရောင်းပြီးဖို့အတွက်စီစဉ်ထားခဲ့ပေမယ့် အသစ်ပြဌာန်းလိုက်တဲ့ဥပဒေကြောင့်ဖုန်းအဟောင်းတွေကို
ပြန်ပြုပြင်ပြီးရောင်းတဲ့လုပ်ငန်းတွေကတရားမဝင်ဖြစ်သွားခဲ့ပါတယ် ကျင်းဟောက်အတွက်တော့အထိအနာဆုံးပေါ့
ကျင်းဟောက်တစ်ယောက်ဒီအခက်အခဲထဲကနေ ဘယ်လိုရုန်းကန်သွားမလဲ
ဘယ်လိုအောင်မြင်မှုရအောင်ကြိုးစားသွားမလဲဆိုတာကိုကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်လို့ အားပေးကြပါဦးနော်
Review – Phyu Sin
File Size – 1.3GB,2.6GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Hmue
Encoded by Arrow
============================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply