#unicode
ဒီတစ်ခေါက်တင်ဆက်ပေးမယ့် အိန္ဒိယကားလေးကတော့ “Khufiya” ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ခရစ်ရှနာမယ်ဟရာ(ကေအမ်) ဟာ RAW အဖွဲ့ရဲ့ စပိုင်အေးဂျင့်တစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့အဖွဲ့ထဲက
နိုင်ငံကိုသစ္စာဖောက်ပြီး လျှို့ဝှက်အချက်အလက်တွေကိုခိုးထုတ်နေတဲ့ သူလျှိုကိုဖော်ထုတ်ဖို့အတွက် တာဝန်ပေးခံရပါတယ်
ဒီကိစ္စကိုခရစ်ရှနာတစ်ယောက် စိတ်ရောကိုယ်ပါနှစ်ပြီး လိုက်လံစုံစမ်းနေတာက သူ့ရဲ့ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့်လည်းပါဝင်ခဲ့ပါတယ်
ဟယ်နာရာမန်ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ခရစ်ရှနာအတွက် စစ်ဆင်ရေးတစ်ခုမှာ သူလျှိုလုပ်ပေးခဲ့တဲ့သူဖြစ်ပြီးတော့ ခရစ်ရှနာနဲ့လည်း
သာမန်မိတ်ဆွေအဆင့်ထက်ပိုခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ် ဒါပေမယ့် RAW အဖွဲ့အတွင်းက သူလျှိုကြောင့်
အတွင်းသတင်းတွေပေါက်ကြားသွားခဲ့ရတဲ့အတွက် ဟယ်နာတစ်ယောက် ရန်သူ့လက်ထဲမှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ်
ဒါကြောင့်ခရစ်ရှနာက ဌာနတွင်းက စပိုင်ကိုဖော်ထုတ်ပြီး ဟယ်နာ့ကို သတ်ဖြတ်ခဲ့တဲ့သူကိုလည်း လက်စားချေချင်နေခဲ့တာပါ
ခရစ်ရှနာတစ်ယောက် သူလျှိုနဲ့ သူ့ရဲ့နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်သွားနိုင်ပါ့မလား၊ ဟယ်နာ့အတွက်
ရန်ငြှိုးကိုရောပြန်ဆပ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာစောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1.2GB,3GB
Format…mp4
Quality : 1080p WED-DL,720p WED-DL,
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Upload on Youtube
Upload on Youtube
Leave a Reply