##unicode
ဒီတစ်ခါကတော့ မင်းသား Mark Robert ပါဝင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေတစ်ပုဒ်တင်ဆက်ပေးပါ့မယ်။
ဇာတ်လမ်းနာမည်အတိုင်း ဂျိုးဘဲလ်ဆိုတဲ့ လူကြီးတစ်ယောက်အကြောင်းပေါ့။ သူက အမေရိကတိုက်အနောက်ပိုင်းက
အောရီဂန်ဆိုတဲ့မြို့လေးကနေ အမေရိကတိုက်အရှေ့ပိုင်းက နယူးယောက်မြို့အထိ မိုင်ပေါင်း ၂၇၀၀ ကျော်ကို
လမ်းလျှောက်ပြီးသွားနေတာပါ။ သူဒီလိုလမ်းလျှောက်ရတဲ့အကြောင်းအရင်းကတော့ ဂေးတွေကိုလူတွေအနိုင်ကျင့်ကြတာမျိုးတွေ
မလုပ်ကြဖို့၊ ဒါဟာဘယ်လောက်နာကျင်ရကြောင်း လမ်းမှာတွေ့တဲ့လူတိုင်းကို ဟောပြောပေးသွားဖို့ရည်ရွယ်ချက်နဲ့ပါ။
သူ့ဘေးမှာ သူ့သားလေးဂျေဒင်လည်း အဖော်ပါလာပါတယ်။ သူတို့သားအဖနှစ်ယောက် လမ်းလျှောက်လာကြရင်းကနေ
နောက်ကြောင်းကိုပြန်ပြောကြတဲ့ပုံစံလေးသွားထားပါတယ်။
တကယ်တော့ ဂျေဒင်ကဂေးတစ်ယောက်ပါ။ ဂျေဒင်က သူကျောင်းမှာအနိုင်ကျင့်ခံရကြောင်း သူ့အဖေ့ကိုပြောပြခဲ့ပေမဲ့
ဂျိုးဘဲလ်ကတော့ သိပ်အရေးတယူကြီးလုပ်မနေခဲ့ပါဘူး။ ဒါတောင်မှ ဂျိုးဘဲလ်အနေနဲ့ သူ့သားဂေးဖြစ်နေတာကို
သဘောမကျလှပေမဲ့ လက်ခံပေးထားတဲ့အခြေအနေမှာရှိပါတယ်။ ဒီလိုကနေ အနိုင်ကျင့်မှုတွေပိုပြီးဆိုးလာတဲ့အခါမှတော့
ဂျေဒင်တစ်ယောက်ဒါတွေကို သည်းခံနိုင်ဦးမှာလား၊ သူတို့သားအဖ လမ်းလျှောက်ဖို့အခြေအနေကိုရော ဘယ်လိုရောက်လာခဲ့တာလဲ၊
သူတို့ရဲ့ပန်းတိုင် နယူးယောက်အထိရော ရောက်နိုင်ဦးမှာလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦး။
ဂေးတစ်ယောက်ရဲ့ဘဝကိုတစ်ကွက်စာလောက်လေးမြင်နိုင်ပြီး မိသားစုကြားက နားလည်မှုနဲ့ချစ်ခြင်းတရားတွေရဲ့
တန်ဖိုးကိုပါ နားလည်ခံစားရစေတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
##zawgyi
ဒီတစ္ခါကေတာ့ မင္းသား Mark Robert ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ျဖစ္ရပ္မွန္ဇာတ္လမ္းေလတစ္ပုဒ္တင္ဆက္ေပးပါ့မယ္။
ဇာတ္လမ္းနာမည္အတိုင္း ဂ်ိဳးဘဲလ္ဆိုတဲ့ လူႀကီးတစ္ေယာက္အေၾကာင္းေပါ့။ သူက အေမရိကတိုက္အေနာက္ပိုင္းက
ေအာရီဂန္ဆိုတဲ့ၿမိဳ႕ေလးကေန အေမရိကတိုက္အေရွ႕ပိုင္းက နယူးေယာက္ၿမိဳ႕အထိ မိုင္ေပါင္း ၂၇၀၀ ေက်ာ္ကို
လမ္းေလွ်ာက္ၿပီးသြားေနတာပါ။ သူဒီလိုလမ္းေလွ်ာက္ရတဲ့အေၾကာင္းအရင္းကေတာ့ ေဂးေတြကိုလူေတြအႏိုင္က်င့္ၾကတာမ်ိဳးေတြ
မလုပ္ၾကဖို႔၊ ဒါဟာဘယ္ေလာက္နာက်င္ရေၾကာင္း လမ္းမွာေတြ႕တဲ့လူတိုင္းကို ေဟာေျပာေပးသြားဖို႔ရည္႐ြယ္ခ်က္နဲ႔ပါ။
သူ႔ေဘးမွာ သူ႔သားေလးေဂ်ဒင္လည္း အေဖာ္ပါလာပါတယ္။ သူတို႔သားအဖႏွစ္ေယာက္ လမ္းေလွ်ာက္လာၾကရင္းကေန
ေနာက္ေၾကာင္းကိုျပန္ေျပာၾကတဲ့ပုံစံေလးသြားထားပါတယ္။
တကယ္ေတာ့ ေဂ်ဒင္ကေဂးတစ္ေယာက္ပါ။ ေဂ်ဒင္က သူေက်ာင္းမွာအႏိုင္က်င့္ခံရေၾကာင္း သူ႔အေဖ့ကိုေျပာျပခဲ့ေပမဲ့
ဂ်ိဳးဘဲလ္ကေတာ့ သိပ္အေရးတယူႀကီးလုပ္မေနခဲ့ပါဘူး။ ဒါေတာင္မွ ဂ်ိဳးဘဲလ္အေနနဲ႔ သူ႔သားေဂးျဖစ္ေနတာကို
သေဘာမက်လွေပမဲ့ လက္ခံေပးထားတဲ့အေျခအေနမွာရွိပါတယ္။ ဒီလိုကေန အႏိုင္က်င့္မႈေတြပိုၿပီးဆိုးလာတဲ့အခါမွေတာ့
ေဂ်ဒင္တစ္ေယာက္ဒါေတြကို သည္းခံႏိုင္ဦးမွာလား၊ သူတို႔သားအဖ လမ္းေလွ်ာက္ဖို႔အေျခအေနကိုေရာ ဘယ္လိုေရာက္လာခဲ့တာလဲ၊
သူတို႔ရဲ႕ပန္းတိုင္ နယူးေယာက္အထိေရာ ေရာက္ႏိုင္ဦးမွာလားဆိုတာကိုေတာ့ ဇာတ္လမ္းေလးထဲမွာ ခံစားၾကည့္ရႈေပးၾကပါဦး။
ေဂးတစ္ေယာက္ရဲ႕ဘဝကိုတစ္ကြက္စာေလာက္ေလးျမင္ႏိုင္ၿပီး မိသားစုၾကားက နားလည္မႈနဲ႔ခ်စ္ျခင္းတရားေတြရဲ႕
တန္ဖိုးကိုပါ နားလည္ခံစားရေစတဲ့ ဇာတ္လမ္းေကာင္းေလးတစ္ပုဒ္ျဖစ္ပါတယ္။
Review – Yue Liang
File Size – 1GB,2GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Bio,Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yue Liang
Encoded by Arrow
Upload on Youtube
Upload on Youtube
Upload on Youtube
Leave a Reply