##unicode
အခုတစ်ခေါက်မှာတော့ Shiddat (Journey Beyond Love) ဆိုတဲ့အသစ်ထွက်အိန္ဒိယအချစ်ဇာတ်လမ်းလေးကို
တင်ဆက်ပေးလိုက်ပါတယ် ဒီကားမှာဆိုရင်ဇာတ်ကားနာမည်လေးအတိုင်းပဲအချစ်အတွက်မိုင်ပေါင်းများစွာ
စွန့်စားခရီးနှင်ပြီးသွားခဲ့တဲ့ကောင်လေးတစ်ယောက်အကြောင်းကို ကြည့်ရှုကြရမှာဖြစ်ပါတယ်
ဂျက်ဂီဟာ ကာတီကာဆိုတဲ့မိန်းကလေးကို ရူးရူးမူးမူးစွဲလမ်းနေပေမယ့် ကာတီကာကတော့
ဂျက်ဂီကိုအပျော်သဘောတွဲပြီးအချိန်တန်ရင်လန်ဒန်ကကောင်လေးတစ်ယောက်နဲ့လက်ထပ်မယ့်သူဖြစ်ပါတယ်
ဒါပေမယ့်ကာတီကာဟာသုံးလအကြာလန်ဒန်မှာ ကျင်းပမယ့် သူ့ရဲ့မင်္ဂလာပွဲကိုဂျက်ဂီတစ်ယောက်ရောက်လာနိုင်မယ်ဆိုရင်
မင်္ဂလာပွဲကိုဖျက်သိမ်းပေးမယ်ဆိုတဲ့ကတိတစ်ခုပေးခဲ့ပါတယ်
ဒီကတိတစ်ခွန်းကြောင့်ပဲ ဂျက်ဂီဟာလန်ဒန်ကိုမရောက်ရောက်အောင်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်
နောက်ဆုံးမှာဂျက်ဂီတစ်ယောက်သူလိုချင်တဲ့ ကာတီကာရဲ့အချစ်ကိုရရှိပြီးပျော်ရွှင်စရာ
ဇာတ်သိမ်းလေးဖြစ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 2.4GB,1GB
Format…mp4
Quality :1080p WED-DL,720p WED-DL
Genre : Drama.Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
Upload on Youtube
Leave a Reply