(App member only)
##unicode
စုန်းပေဒေသမှာ ပေါ်လာတဲ့ လူဆိုးဂိုဏ်းနဲ့ သူတို့ရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို လိုက်လံဖော်ထုတ်တဲ့
ဝါရင့်ရဲအရာရှိ လီဟုန်ချီတို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်လမ်းလေးပါ။
ဌာနက ခွင့်ပေးလို့ ကောင်မလေးရဲ့ဇာတိကို လိုက်ပြီး မိဘတွေကိုလာတွေ့တဲ့ လီဟုန်ချီဟာ ယောက္ခမလောင်းခေါ်သွားတဲ့ တွေ့ဆုံပွဲမှာ
လာရောက်ခြိမ်းခြောက်ရမ်းကားပြီး သူတို့ခိုင်းတာလုပ်ဖို့ စည်းရုံးတဲ့ လူဆိုး ညီအကို၃ယောက်အဖွဲ့ကို ဆုံလိုက်ရတဲ့အခါ
သူတို့ရဲ့ မကောင်းမှုတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ကြိုးစားပါတော့တယ်။
အဲဒီအချိန်မှာ ညီအကို၃ယောက်ကလဲ ပိတ်ရက်ရှည်အတွင်း ဒေသခံပြည်သူတွေကို လောင်းကစားတွေ လုပ်ကြဖို့
ရဲလာရှာရင် ဖမ်းလို့မရအောင် ပိုင်ဆိုင်မှုတွေကို သူတို့ဆီ အရင်အပေါင်ထားပီး အွန်လိုင်းလောင်းကစားappကရတဲ့ တိုကင်နဲ့
ကစားကြဖို့ ခြိမ်းခြောက်စည်းရုံးပြီး ပိုင်ဆိုင်မှုတွေကို လိမ်ညာရယူကြပါတယ်။
ရိုးသားတဲ့ နယ်မြို့လေးက ဒေသခံတွေဟာ ပိတ်ရက်အတွင်းမှာတင် လောင်းကစားရှုံးပြီး အိမ်တွေယာတွေများစွာ
ဆုံးရှုံးကုန်ကြပါတယ်။
ဒေသခံရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး အသဲအသန် လိုက်လံဖော်ထုတ်နေတဲ့ လီဟုန်ချီဟာ နောက်ကွယ်က
ကွင်းဆက်ကိုဘယ်လိုဖော်ထုတ်တွေ့ရှိမလဲဆိုတာရယ် ၊ ညီအကို၃ယောက်ဟာ ဘယ်လိုနည်းတွေနဲ့ သူတို့အကြံတွေ
အကောင်ထည်ပေါ်အောင် လုပ်ကြမလဲဆိုတာ….
အက်ရှင်ကားပေမယ့် လက်တွေ့ သာမာန်လူတွေနဲ့ ပိုနီးစပ်ပြီး တကယ်လဲ အပြင်မှာ ရှိနေနိုင်တဲ့ အနေအထားမျိုးကနေ
ရိုက်ထားတာကြောင့် ကြည့်ရတာ တမျိုးကွဲထွက်စေပါတယ်။
##zawgyi
စုန္းေပေဒသမွာ ေပၚလာတဲ့ လူဆိုးဂိုဏ္းနဲ႔ သူတို႔ရဲ႕ ေကာက္က်စ္ယုတ္မာမႈေတြကို လိုက္လံေဖာ္ထုတ္တဲ့
ဝါရင့္ရဲအရာရွိ လီဟုန္ခ်ီတို႔ရဲ႕ သည္းထိတ္ရင္ဖို အက္ရွင္ဇာတ္လမ္းေလးပါ။
ဌာနက ခြင့္ေပးလို႔ ေကာင္မေလးရဲ႕ဇာတိကို လိုက္ၿပီး မိဘေတြကိုလာေတြ႕တဲ့ လီဟုန္ခ်ီဟာ ေယာကၡမေလာင္းေခၚသြားတဲ့ ေတြ႕ဆုံပြဲမွာ
လာေရာက္ၿခိမ္းေျခာက္ရမ္းကားၿပီး သူတို႔ခိုင္းတာလုပ္ဖို႔ စည္း႐ုံးတဲ့ လူဆိုး ညီအကို၃ေယာက္အဖြဲ႕ကို ဆုံလိုက္ရတဲ့အခါ
သူတို႔ရဲ႕ မေကာင္းမႈေတြကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ဖို႔ ႀကိဳးစားပါေတာ့တယ္။
အဲဒီအခ်ိန္မွာ ညီအကို၃ေယာက္ကလဲ ပိတ္ရက္ရွည္အတြင္း ေဒသခံျပည္သူေတြကို ေလာင္းကစားေတြ လုပ္ၾကဖို႔
ရဲလာရွာရင္ ဖမ္းလို႔မရေအာင္ ပိုင္ဆိုင္မႈေတြကို သူတို႔ဆီ အရင္အေပါင္ထားပီး အြန္လိုင္းေလာင္းကစားappကရတဲ့ တိုကင္နဲ႔
ကစားၾကဖို႔ ၿခိမ္းေျခာက္စည္း႐ုံးၿပီး ပိုင္ဆိုင္မႈေတြကို လိမ္ညာရယူၾကပါတယ္။
႐ိုးသားတဲ့ နယ္ၿမိဳ႕ေလးက ေဒသခံေတြဟာ ပိတ္ရက္အတြင္းမွာတင္ ေလာင္းကစားရႈံးၿပီး အိမ္ေတြယာေတြမ်ားစြာ
ဆုံးရႈံးကုန္ၾကပါတယ္။
ေဒသခံရဲတပ္ဖြဲ႕နဲ႔ပူးေပါင္းၿပီး အသဲအသန္ လိုက္လံေဖာ္ထုတ္ေနတဲ့ လီဟုန္ခ်ီဟာ ေနာက္ကြယ္က
ကြင္းဆက္ကိုဘယ္လိုေဖာ္ထုတ္ေတြ႕ရွိမလဲဆိုတာရယ္ ၊ ညီအကို၃ေယာက္ဟာ ဘယ္လိုနည္းေတြနဲ႔ သူတို႔အႀကံေတြ
အေကာင္ထည္ေပၚေအာင္ လုပ္ၾကမလဲဆိုတာ….
အက္ရွင္ကားေပမယ့္ လက္ေတြ႕ သာမာန္လူေတြနဲ႔ ပိုနီးစပ္ၿပီး တကယ္လဲ အျပင္မွာ ရွိေနႏိုင္တဲ့ အေနအထားမ်ိဳးကေန
႐ိုက္ထားတာေႀကာင့္ ၾကည့္ရတာ တမ်ိဳးကြဲထြက္ေစပါတယ္။
Review – Kyay Mone
File Size – 1.2GB
Format…mp4
Quality :1080p WED-DL
Genre : Action,Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Kyay Mone
Encoded by Arrow
=========================================================================================================
App ဒေါင်းရန္
မန်ဘာဝင်လိုသူများ
viber – 09691177142
Leave a Reply