ဇာတ်လမ်းအကြောင်းလေး မပြောခင် DC Showcase ဆိုတာလေးကို တစ်ချက်ရှင်းပြမယ်။ DC Showcase ဆိုတာက ဇာတ်လမ်းအတိုလေးတွေကို ထုတ်ရိုက်ထားတာပါ။ DC ရဲ့လူသိနည်းတဲ့ကာရိုက်တာတွေအတွက် ဇာတ်လမ်းတိုလေးပေါ့။ လူသိနည်းတယ်ဆိုပြီး Batman ကို အထင်သေးမနေနဲ့ဦး။ အရှေ့မှာ Superman တွေ Green Arrow တွေရှိထားပြီးသားပါ။
ပိုစတာအနေနဲ့ကတော့ Batman: Death in the Family ဖြစ်ပြီးတော့ အသစ်အနေနဲ့ဆိုရင်လဲ ဒီတစ်ခုပါပဲ။ ကျန်တာတွေက အရင်ကထွက်ထားပြီးသား Showcase တွေကို စုထားတာပါ။ အကုန်တော့မပါပါဘူး။ Batman ပြီးရင် Sgt.Rock, Death, The Phantom Stranger နဲ့ Adam Strange တို့ ပါဝင်ပါသေးတယ်။
October 13 မှ Blu-ray အနေနဲ့ ထုတ်မယ်ပြောထားပြီး ဘယ်လိုဘယ်ဝါထွက်လာလဲတော့ မပြောတတ်ပါဘူး။ Trailer ထဲကအခန်းတွေ အကုန်တော့လဲ မပါလာသေးဘူး။ နောက်ထပ် Showcase တွေမှာပဲ အဲ့ဒီအခန်းတွေ ထပ်ပြီးထွက်လာဦးမယ်ထင်ပါတယ်။
Leave a Reply