Drama
IMDb 8.3/10
##unicode
အိမ်က မိန်းမက ဟိုမသွားနဲ့ ဒီမသွားနဲ့ ဟိုမလွှတ်ဘူး ဒီကိုစိတ်မချဘူး ပူညံပူညံလုပ်လွန်းလို့ညစ်နေတဲ့ ဘရိုတွေရှိလား ရှေ့တိုးခဲ့…
ဒီမှာ မိန်းမချစ်တတ်သူကြီးတစ်ယောက်အကြောင်း ပြောပြမယ်
တစ်ရံရောအခါဝယ်ပေါ့နော်..မိန်းမချောလေးတစ်ယောက်ဟာ အပန်းဖြေခရီးထွက်လာရင်းနဲ့အပန်းဖြေနေရာတစ်ခုရဲ့စားသောက်ဆိုင်မှာ အစားအသောက်ဝင်စားဖြစ်တယ်
အဲ့ဒီက စားဖိုမှူးကြီးရဲ့လက်ရာက ကောင်းလွန်းလို့ မိန်းမချောလေးဟာ စာဖိုမှူးနဲ့ ခင်မင်ရင်းနှီးသွားပါတော့တယ်
နှစ်ယောက်သား စကားလက်ဆုံကြရင်း စားဖိုမှူးကြီးက မိန်းမချောလေးကို သူ့အကြောင်းပြောပြတယ်
“မင်းလိုပဲ ငါ့ရဲ့အစားအသောက်တွေကို နှစ်သက်သဘောကျတဲ့ ကောင်မလေးတစ်ယောက် အရင်က ဒီဆိုင်မှာ လာစားခဲ့ဖူးတယ်။ ငါတို့တွေ ရင်းနှီးချစ်ကျွမ်းဝင်သွားကြပြီး လက်ထပ်ထိမ်းမြားခဲ့တယ်။
ကံတရားရဲ့မျက်နှာသာမပေးမှုက မတော်တဆမှုတစ်ခုမှာ ငါ့မိန်းမဟာ အတိတ်မေ့သွားခဲ့ပြီး ငါနဲ့ဝေးရာကိုထွက်သွားခဲ့တယ်ကွာ”
ရင်နာစရာဇာတ်လမ်းလေးက မိန်းမချောလေးဟာ စားဖိုမှူးကြီးရဲ့ အတိတ်မေ့နေတဲ့ သူ့မိန်းမဖြစ်နေလေတယ်။
ကဲ ဒီဇာတ်လမ်းလေးမှာတော့ ဇနီးမယားအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ စိတ်ရှည်သည်းခံမှုနဲ့ ကိုယ့်ဇနီးမယားအတွက်ဆို ဘာပဲပေးဆပ်ရပေးဆပ်ရ အမြဲရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးတဲ့ ခင်ပွန်းကောင်းတို့အကြောင်း ရိုက်ပြထားခြင်းပဲ ဖြစ်ပါတယ်။
##zawgyi
Review – Thuya
File Size – 1.2GB
Format…mp4
Quality : 720p WEB-DL
Duration… 2
Genre : Thuya
Subtitle : Myanmar Subtitle (Hard Sub)
Translated by Thuya
Encoded by Arrow
Leave a Reply