##unicode
အခုဇာတ်ကားလေးကတော့ “Brothers”လို့ခေါ်တဲ့အိန္ဒိယဇာတ်ကားလေးပါ။
ဒေးဗစ်နဲ့ မွန်တီဟာ ငယ်စဉ်ကအရမ်းရင်းနှီးချစ်ခင်ကြတဲ့ ဖအေတူမအေကွဲညီအစ်ကိုတွေဖြစ်ပါတယ်။
ဒါပေမဲ့ အဖေဖြစ်သူကျူးလွန်ခဲ့တဲ့အမှားတစ်ခုကြောင့် သားကြီးဖြစ်သူဒေးဗစ်ဟာအဖေကိုစိတ်နာသွားခဲ့ပါတယ်။
အဖေထောင်ကလွတ်လာတဲ့တိုင်အောင်ခွင့်လွှတ်ပေးခြင်းမရှိခဲ့ပါဘူး။
ဒေးဗစ်ဟာရူပဗေဒဆရာတစ်ယောက်ဖြစ်ပြီး ဇနီးနဲ့အတူ ကျောက်ကပ်ရောဂါခံစားနေရတဲ့သမီးတစ်ယောက်လည်းရှိပါတယ်။
သမီးလေးရဲ့ဆေးရုံစရိတ်တွေအတွက်ရော ဝင်ငွေကိုလုံလောက်အောင်ဘယ်လိုမှမစီမံနိုင်တော့တဲ့အခါမှာတော့…..
ဒေးဗစ်ဟာ အိန္ဒိယနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ R2Fပွဲမှာ ဖိုက်တာတစ်ယောက်အနေနဲ့ပါဝင်ယှဉ်ပြိုင်ဖို့ဖြစ်လာပါတော့တယ်။
တစ်ဖက်မှာလဲ…ကွဲကွာနေခဲ့တဲ့ညီဖြစ်သူမွန်တီဟာ သူ့ရဲ့အရည်အချင်းတွေကြောင့်ပဲ ပွဲမှာပါဝင်ဖို့ဖြစ်လာပါတယ်။
အဲ့ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက် ကြိုးဝိုင်းထဲမှာ ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာခဲ့တဲ့အခါမှာတော့…..
ဒေးဗစ်ကပဲ ချန်ပီယံဆုကိုရရှိသွားမလား ၊ မွန်တီကပဲရရှိသွားမလား၊ ညီအစ်ကိုနှစ်ယောက်ရဲ့သံယောဇဉ်တွေကရော
တကယ်အဆုံးသတ်သွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်တဲ့အတွက်…
ဒီဇာတ်လမ်းလေးကိုလည်းလက်မလွှတ်တမ်းခံစားလိုက်ကြပါနော်။
##zawgyi
Review – KKK
File Size – 1.3GB,3.5GB
Format…mp4
Quality : 1080p Blu-ray,720p Blu-ray
Genre : Drama,Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by KKK
Encoded by Arrow
Upload on Youtube
Leave a Reply