##unicode
Dream Factoryကားကတော့ Brelin Wallကြောင့်ခွဲခွာလိုက်ရတဲ့ချစ်သူနှစ်ဦးအကြောင်းရိုက်ကူးထားတဲ့ကားလေးပါ။
ဇာတ်လမ်းအကျဉ်းက
တော့Eimilကစစ်တပ်ကထွက်လာပြီးတော့ သူ့အကိုAlexအလုပ်လုပ်နေတဲ့ရုပ်ရှင်ရိုက်ကွင်းစတူဒီယိုကိုသွားရောက်ပြီး
ဖြတ်လျှောက်အရန်တစ်ယောက်အဖြစ်အလုပ်သွားလုပ်ခဲ့ပါတယ်။
အဲ့ရိုက်ကွင်းမှာနာမည်ကြီးမင်းသမီးရဲ့လူစားထိုးအကသမား Milouကိုတွေ့ပြီး မြင်မြင်ချင်းသဘောကျသွားတော့
Milouပြင်သစ်ကိုပြန်မသွားခင်မနက်မှာချစ်ရေးဆိုဖို့ပြင်ခဲ့ပေမဲ့နိုင်ငံရေးပြသာနာတွေကြောင့်Milouကမရောက်လာနိုင်ခဲ့ဘဲပဲရစ်ကိုပြန်သွားခဲ့ပါတယ်။
Emilတစ်ယောက်ကတော့နိုင်ငံရေးပြသာနာတွေကြောင့်ဘာလင်တံတိုင်းကြီးနောက်မှာဘဲပိတ်မိပြီးကျန်ရစ်ခဲ့တယ်။
Milouကိုဆက်သွယ်ဖို့လိပ်စာလဲမသိ ဖုန်းနံပါတ်လဲမသိတဲ့Emilတစ်ယောက် မှာMilouလူစားထိုးပေးရတဲ့မင်းသမီးDEFA Studioမှာ
ရုပ်ရှင်လာရိုက်ဖို့Karl Bobobmanဆိုတဲ့နာမည်တုကိုသုံးကာဒါရိုက်တာအဖြစ်ဟန်ဆောင်ကာရုပ်ရှင်တစ်ခုရိုက်ကူးဖို့ကြံခဲ့ပါတယ်။
ဘာကတိမှမရှိဘဲလူစားထိုးအကသမားလေးကိုမြင်မြင်ချင်းချစ်မိသွားတဲ့အရန်သရုပ်ဆောင်တစ်ယောက်ဟာသူမကိုပြန်တွေ့ရရုံအတွက်နဲ့ရုပ်ရှင်တစ်ကားကိုဖန်တီးဖို့ကြိုးစားပါတော့တယ်။
Milouနဲ့Emilပြန်တွေ့တဲ့အခါမှာရောMilouကသတိရနေပါအုံးမလား။
သူတို့နှစ်ယောက်ပေါင်းစည်းနိုင်ပါ့မလားဆိုတာစိတ်ဝင်စားစရာကြည့်ရှုရမဲ့ကားလေးပါ။
##zawgyi
Dream Factoryကားကေတာ့ Brelin Wallေၾကာင့္ခြဲခြာလိုက္ရတဲ့ခ်စ္သူႏွစ္ဦးအေၾကာင္းရိုက္ကူးထားတဲ့ကားေလးပါ။
ဇာတ္လမ္းအက်ဥ္းက
ေတာ့Eimilကစစ္တပ္ကထြက္လာၿပီးေတာ့ သူ႔အကိုAlexအလုပ္လုပ္ေနတဲ့႐ုပ္ရွင္ရိုက္ကြင္းစတူဒီယိုကိုသြားေရာက္ၿပီး
ျဖတ္ေလၽွာက္အရန္တစ္ေယာက္အျဖစ္အလုပ္သြားလုပ္ခဲ့ပါတယ္။
အဲ့ရိုက္ကြင္းမွာနာမည္ႀကီးမင္းသမီးရဲ့လူစားထိုးအကသမား Milouကိုေတြ႕ၿပီး ျမင္ျမင္ခ်င္းသေဘာက်သြားေတာ့
Milouျပင္သစ္ကိုျပန္မသြားခင္မနက္မွာခ်စ္ေရးဆိုဖို့ျပင္ခဲ့ေပမဲ့နိုင္ငံေရးျပသာနာေတြေၾကာင့္Milouကမေရာက္လာနိုင္ခဲ့ဘဲပဲရစ္ကိုျပန္သြားခဲ့ပါတယ္။
Emilတစ္ေယာက္ကေတာ့နိုင္ငံေရးျပသာနာေတြေၾကာင့္ဘာလင္တံတိုင္းႀကီးေနာက္မွာဘဲပိတ္မိၿပီးက်န္ရစ္ခဲ့တယ္။
Milouကိုဆက္သြယ္ဖို့လိပ္စာလဲမသိ ဖုန္းနံပါတ္လဲမသိတဲ့Emilတစ္ေယာက္ မွာMilouလူစားထိုးေပးရတဲ့မင္းသမီးDEFA Studioမွာ
႐ုပ္ရွင္လာရိုက္ဖို့Karl Bobobmanဆိုတဲ့နာမည္တုကိုသုံးကာဒါရိုက္တာအျဖစ္ဟန္ေဆာင္ကာ႐ုပ္ရွင္တစ္ခုရိုက္ကူးဖို့ႀကံခဲ့ပါတယ္။
ဘာကတိမွမရွိဘဲလူစားထိုးအကသမားေလးကိုျမင္ျမင္ခ်င္းခ်စ္မိသြားတဲ့အရန္သ႐ုပ္ေဆာင္တစ္ေယာက္ဟာသူမကိုျပန္ေတြ႕ရ႐ုံအတြက္နဲ႔႐ုပ္ရွင္တစ္ကားကိုဖန္တီးဖို့ႀကိဳးစားပါေတာ့တယ္။
Milouနဲ႔Emilျပန္ေတြ႕တဲ့အခါမွာေရာMilouကသတိရေနပါအုံးမလား။
သူတို့ႏွစ္ေယာက္ေပါင္းစည္းနိုင္ပါ့မလားဆိုတာစိတ္ဝင္စားစရာၾကည့္ရွုရမဲ့ကားေလးပါ။
Review – Myet Chel
File Size – 1.3GB
Format…mp4
Quality : 1080p Blu-ray
Duration… 2
Genre :Comedy, Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
Leave a Reply