##unicode
Finnick ဇာတ်ကားမှာတော့ Finnဆိုတဲ့ လူတွေမမြင်ရနိုင်တဲ့ နတ်သူငယ်လေးတွေက လူတွေရဲ့
အိမ်တွေကာကွယ်စောင့်ရှောက်ပေးနေတဲ့ အကောင်လေးတွေဖြစ်ပါတယ်။Finnတိုင်းရဲ့ တာဝန်က လူတွေအိမ်ကို
ငြိမ်းချမ်းနွေးထွေးအောင်လုပ်ပေးရမှာပဲဖြစ်တယ်။ဒါပေမဲ့ Finnick ကတော့ သူ့အိမ်မှာ လူတွေမရှိလေ ပြသာနာကင်းလေလို့
ယူဆပြီးတော့ အိမ်ဌားတွေတိုင်းကို ခြောက်လှန့်ကာ အိမ်ကနေမောင်းထုတ်လေ့ရှိတယ်။တစ်နေ့တော့ Christineဆိုတဲ့ ကလေးမလေးမိသားစုက
Finnick ရှိရာ အိမ်ကိုပြောင်းရွေ့လာခဲ့တယ်။ထုံးစံအတိုင်း Finnick က Christine တို့ကို ခြောက်လှန့်ကာ မောင်းထုတ်ဖို့လုပ်ခဲ့ပေမဲ့
စုံထောက်ဖြစ်ချင်တဲ့ Christine ကတော့ မကြောက်ရွံ့ဘဲနဲ့ Finnick ရဲ့အမွှေးကိုရသွားကာ Finnick ကိုမြင်နိုင်ခိုင်းခဲ့တယ်။
Finnတွေရဲ့ တည်ရှိမှုကို လူတွေသိသွားလို့မဖြစ်ဘူးဆိုတဲ့ စည်းကမ်းချက်ကိုဖောက်ဖျက်မိသွားလို့ အပြစ်ပေးခံရမှာ
ဆိုးတာကြောင့် Finnick တစ်ယောက် Christine ဆီက သူ့အမွှေးကိုပြန်တောင်းခဲ့ပေမဲ့ Christine ကတော့ Finnick ကို
သူနဲ့အတူbergမြို့မှာဖြစ်နေတဲ့ ထူးဆန်းတဲ့အမှုတွေကို ကူညီစုံစမ်းပေးရင် ပြန်ပေးမယ်လို့ ကတိပေးခဲ့တယ်။
Finnick နဲ့ Christine တို့တွေ ဘယ်လိုစွန့်စားခန်းတွေ အတူလုပ်ကြမလဲဆိုတာ ကြည့်ရှုကြပါအုံး။
##zawgyi
Finnick ဇာတ္ကားမွာေတာ့ Finnဆိုတဲ့ လူေတြမျမင္ရႏိုင္တဲ့ နတ္သူငယ္ေလးေတြက လူေတြရဲ႕
အိမ္ေတြကာကြယ္ေစာင့္ေရွာက္ေပးေနတဲ့ အေကာင္ေလးေတြျဖစ္ပါတယ္။Finnတိုင္းရဲ႕ တာ၀န္က လူေတြအိမ္ကို
ၿငိမ္းခ်မ္းေႏြးေထြးေအာင္လုပ္ေပးရမွာပဲျဖစ္တယ္။ဒါေပမဲ့ Finnick ကေတာ့ သူ႔အိမ္မွာ လူေတြမရွိေလ ျပသာနာကင္းေလလို႔
ယူဆၿပီးေတာ့ အိမ္ဌားေတြတိုင္းကို ေျခာက္လွန႔္ကာ အိမ္ကေနေမာင္းထုတ္ေလ့ရွိတယ္။တစ္ေန႔ေတာ့ Christineဆိုတဲ့ ကေလးမေလးမိသားစုက
Finnick ရွိရာ အိမ္ကိုေျပာင္းေ႐ြ႕လာခဲ့တယ္။ထုံးစံအတိုင္း Finnick က Christine တို႔ကို ေျခာက္လွန႔္ကာ ေမာင္းထုတ္ဖို႔လုပ္ခဲ့ေပမဲ့
စုံေထာက္ျဖစ္ခ်င္တဲ့ Christine ကေတာ့ မေၾကာက္႐ြံ႕ဘဲနဲ႔ Finnick ရဲ႕အေမႊးကိုရသြားကာ Finnick ကိုျမင္ႏိုင္ခိုင္းခဲ့တယ္။
Finnေတြရဲ႕ တည္ရွိမႈကို လူေတြသိသြားလို႔မျဖစ္ဘူးဆိုတဲ့ စည္းကမ္းခ်က္ကိုေဖာက္ဖ်က္မိသြားလို႔ အျပစ္ေပးခံရမွာ
ဆိုးတာေၾကာင့္ Finnick တစ္ေယာက္ Christine ဆီက သူ႔အေမႊးကိုျပန္ေတာင္းခဲ့ေပမဲ့ Christine ကေတာ့ Finnick ကို
သူနဲ႔အတူbergၿမိဳ႕မွာျဖစ္ေနတဲ့ ထူးဆန္းတဲ့အမႈေတြကို ကူညီစုံစမ္းေပးရင္ ျပန္ေပးမယ္လို႔ ကတိေပးခဲ့တယ္။
Finnick နဲ႔ Christine တို႔ေတြ ဘယ္လိုစြန႔္စားခန္းေတြ အတူလုပ္ၾကမလဲဆိုတာ ၾကည့္ရႈၾကပါအုံး။
Review – Myet Chel
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
=================================================================================
GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Leave a Reply