##unicode
မျက်လှည့်ဆရာ Maxတစ်ယောက်ဟာ နာမည်ကြီးစေမဲ့ လှည့်ကွက်သစ်လေးတွေကို မတီထွင်နိုင်တာကြောင့်
Magic Motorဆိုတဲ့ ကားအရောင်းဆိုင်မှာ အချိန်ပိုင်း မျက်လှည့်ပြစားနေရသူဖြစ်ပါတယ်။
သူ့ဘဝမှာ မျက်လှည့်လှည့်ကွက်ကြီးတစ်ခုကို လုပ်နိုင်ပြီး နာမည်ကြီးလာဖို့အတွက်ဘဲ စိတ်ဝင်စားနေသူပါ။
တစ်နေမှာ သူ့အကိုနဲ့မရီးဟာ လေယာဉ်ပျက်ကျထဲပါသွားကာ သေဆုံးသွားတဲ့အတွက် အသက်၁၀နှစ်အရွယ် သူ့ရဲ့
တူလေး Timmyတစ်ယောက်ဘဲကျန်ခဲ့ပါတယ်။Maxရဲ့ မိဘတွေကလဲ အသက်ကြီးနေပြီးတော့
အဖေကလဲ ကျန်းမာရေးမကောင်းတာကြောင့် တစ်ကိုယ်တည်းသမား Maxက Timရဲ့အုပ်ထိန်းသူဖြစ်လာခဲ့ပါတယ်။
ဘဝမှာ တစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေခဲ့တဲ့ Maxနဲ့ ရုတ်တရတ် မိဘတွေကိုဆုံးရှုံးလိုက်ရလို့ အားငယ်နေတဲ့
Timတစ်ယောက်က တစ်အိမ်ထဲအတူနေဖို့ဖြစ်လာခဲ့ပါတယ်။Maxက သူ့တစ်ဘဝလုံး နာမည်ကြီးတဲ့ မျက်လှည့်ဆရာဖြစ်လာဖို့
ရည်မှန်းချက်ရှိတဲ့လူဖြစ်တာကြောင့် သူ့ဘဝထဲရောက်လာတဲ့ Timကိုဘယ်လို ပျိုးထောင်ရမလဲ နည်းလမ်းမသိဖြစ်နေခဲ့ပါတယ်။
၁၀နှစ်အရွယ် Timကလဲ မရင်းနှီးတဲ့ ဦးလေးဖြစ်သူနဲ့ အတူနေရမဲ့အတွက် ကလန်ကဆန်တွေလုပ်လာခဲ့ပါတယ်။
Maxတစ်ယောက် သူ့တူလေး Timနဲ့ ဘယ်လိုအဆင်ပြေအောင်ကြိုးစားမလဲနဲ့ သူ့အိမ်မက်ကိုရော
ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ ကြည့်ရှုကြပါအုံး။
##zawgyi
မ်က္လွည့္ဆရာ Maxတစ္ေယာက္ဟာ နာမည္ႀကီးေစမဲ့ လွည့္ကြက္သစ္ေလးေတြကို မတီထြင္ႏိုင္တာေၾကာင့္
Magic Motorဆိုတဲ့ ကားအေရာင္းဆိုင္မွာ အခ်ိန္ပိုင္း မ်က္လွည့္ျပစားေနရသူျဖစ္ပါတယ္။
သူ႔ဘဝမွာ မ်က္လွည့္လွည့္ကြက္ႀကီးတစ္ခုကို လုပ္ႏိုင္ၿပီး နာမည္ႀကီးလာဖို႔အတြက္ဘဲ စိတ္ဝင္စားေနသူပါ။
တစ္ေနမွာ သူ႔အကိုနဲ႔မရီးဟာ ေလယာဥ္ပ်က္က်ထဲပါသြားကာ ေသဆုံးသြားတဲ့အတြက္ အသက္၁၀ႏွစ္အ႐ြယ္ သူ႔ရဲ႕
တူေလး Timmyတစ္ေယာက္ဘဲက်န္ခဲ့ပါတယ္။Maxရဲ႕ မိဘေတြကလဲ အသက္ႀကီးေနၿပီးေတာ့
အေဖကလဲ က်န္းမာေရးမေကာင္းတာေၾကာင့္ တစ္ကိုယ္တည္းသမား Maxက Timရဲ႕အုပ္ထိန္းသူျဖစ္လာခဲ့ပါတယ္။
ဘဝမွာ တစ္ေယာက္တည္းလြတ္လြတ္လပ္လပ္ေနခဲ့တဲ့ Maxနဲ႔ ႐ုတ္တရတ္ မိဘေတြကိုဆုံးရႈံးလိုက္ရလို႔ အားငယ္ေနတဲ့
Timတစ္ေယာက္က တစ္အိမ္ထဲအတူေနဖို႔ျဖစ္လာခဲ့ပါတယ္။Maxက သူ႔တစ္ဘဝလုံး နာမည္ႀကီးတဲ့ မ်က္လွည့္ဆရာျဖစ္လာဖို႔
ရည္မွန္းခ်က္ရွိတဲ့လူျဖစ္တာေၾကာင့္ သူ႔ဘဝထဲေရာက္လာတဲ့ Timကိုဘယ္လို ပ်ိဳးေထာင္ရမလဲ နည္းလမ္းမသိျဖစ္ေနခဲ့ပါတယ္။
၁၀ႏွစ္အ႐ြယ္ Timကလဲ မရင္းႏွီးတဲ့ ဦးေလးျဖစ္သူနဲ႔ အတူေနရမဲ့အတြက္ ကလန္ကဆန္ေတြလုပ္လာခဲ့ပါတယ္။
Maxတစ္ေယာက္ သူ႔တူေလး Timနဲ႔ ဘယ္လိုအဆင္ေျပေအာင္ႀကိဳးစားမလဲနဲ႔ သူ႔အိမ္မက္ကိုေရာ
ဘယ္လိုအေကာင္အထည္ေဖာ္မလဲဆိုတာ ၾကည့္ရႈၾကပါအုံး။
Review – Myet Chel
File Size – 1GB,2.3GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Genre :Drama
Subtitle : Myanmar Subtitle (softsub)
Translated by Myet Chel
Encoded by Arrow
Upload on Youtube
Leave a Reply