##unicode
မင်းသား Nam Joo Hyuk ရဲ့အသစ်ထွက်တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းပုံစံဆန်းဆန်းနဲ့ တကယ်ကိုစိတ်ဝင်စားပြီးကြည့်ကောင်းတဲ့ကားလေးပါ
ဇာတ်လမ်းအကျဉ်းကတော့ ဟန်ဖီဂျူဟာ အသက် ၈၀ အရွယ်လောက်ရှိနေတဲ့အဘိုးကြီးတစ်ယောက်ဖြစ်ပြီး
ဦးနှောက်အကြိတ်ကြောင့်အယ်ဇိုင်းမားရောဂါကိုခံစားနေရတာပါ သူ့မှာနှစ်ပေါင်းများစွာကြံစည်ခဲ့ရတဲ့ကြံစည်မှုကြီးတစ်ခုရှိပါတယ်
အဲဒါကတော့ ဂျပန်ခေတ် သူ့ရဲ့ငယ်ဘဝတုန်းက သူ့မိသားစုကိုဒုက္ခပေးခဲ့တဲ့သူတွေကို လက်စားချေဖို့ပဲဖြစ်ပါတယ်
အင်ဂယူဆိုတဲ့ကောင်လေးကတော့ ဟန်ဖီဂျူအလုပ်လုပ်တဲ့စားသောက်ဆိုင်က အချိန်ပိုင်းလုပ်နေတဲ့ကောင်လေးတစ်ယောက်ပေါ့
အသက်အရွယ်အများကြီးကွာခြားပေမယ့် ရွယ်တူသူငယ်ချင်းတွေလိုကိုပေါ့ပေါ့ပါးပါးနဲ့ ပြောဆိုဆက်ဆံကြတဲ့သူတွေဖြစ်ပါတယ်
ဒီလိုနဲ့တစ်ရက်မှာတော့ အင်ဂယူဟာ ဟန်ဖီဂျူအတွက်ကားလိုက်မောင်းပေးရင်း ဟန်ဖီဂျူရဲ့လက်စားချေတဲ့ကိစ္စထဲကို မထင်မှတ်ဘဲပါသွားပြီး
လူသတ်သမားအဖြစ် ရဲတွေရဲ့သံသယရှိခြင်းကိုခံလိုက်ရပါတော့တယ် အရွယ်အားဖြင့်တော်တော်လေးကြီးမြင့်နေတဲ့အပြင်
ရောဂါသည်လည်းဖြစ်နေတဲ့အဘိုးကြီးဟန်ဖီဂျူက ဘယ်လိုကိစ္စမျိုးတွေကြေင့် လူသတ်လက်စားချေနေရတာလဲ အင်ဂယူကရော
ဒီပြဿနာတောကြီးကဘယ်လိုထွက်မှာလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
##zawgyi
Review – Phyu Sin
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Leave a Reply