##unicode
အခုတင်ဆက်ပေးလိုက်တဲ့အက်ရှင်ဒရာမာဇာတ်ကားကောင်းကတော့ မွန်ဘိုင်းဗုံးပေါက်ကွဲမှုဇာတ်လမ်းကိုရိုက်ကူးထားပြီး
မင်းသားကြီး Akshay Kumarနဲ့ မင်းသမီး Katrina Kaifတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး
အခြားနာမည်ကြီးသရုပ်ဆောင်တွေပါ ပါဝင်ထားလို့ လက်မလွှတ်တမ်းကြည့်ရူသင့်တဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းအကျဉ်းကတော့ အိန္ဒိယရဲ့ဘာသာရေးအဓိကရုဏ်းတွေကြောင့် ၁၉၉၃ခုနှစ်မှာ
မွန်ဘိုင်းမြို့ရဲ့နေရာ၁၂နေရာ ဗုံးကွဲခဲ့ပါတယ် ဗုံးပေါက်ကွဲမှုကိုနောက်ကွယ်ကကြိုးကိုင်ခဲ့တဲ့လူတွေက
ပါကစ္စတန်နိုင်ငံကိုထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ် မွန်ဘိုင်းကို ဗုံးခွဲဖို့ အကြမ်းဖက်သမားတွေက
ဖောက်ခွဲရေးပစ္စည်း RDX 1000kgယူလာတယ်လို့ ရဲတွေသတင်းရခဲ့ပေမယ့် တကယ်ပေါက်ကွဲခဲ့တာက 400kgပဲဖြစ်ခဲ့ပါတယ်
ကျန်တဲ့600kgကိုထပ်ဖောက်ခွဲဖို့ အကြမ်းဖက်သမားသူလျိုတွေကို အိန္ဒိယမှာ သာမန်လူလိုမျိုးအယောင်ဆောင်နေခဲ့ပါတယ်
မင်းသားကြီး Akshay Kumarကတော့ ဒီအမှုကိုစုံစမ်းဖို့တာဝန်ယူခဲ့တဲ့ ရဲအရာရှိဆူရီရာနေရာမှာပါဝင်သရုပ်ဆောင်ထားတာပါ
ဆူရီရာက ၁၉၉၃ခုနှစ်ဗုံးပေါက်ကွဲမှုမှာ မိဘတွေကိုဆုံးရူံးလိုက်ရတဲ့သူပါ အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းဆောင်အနေနဲ့
နောက်ထပ်မပေါက်သေးတဲ့ RDX 600kgကို သူတို့ဘယ်လိုရှာဖွေမလဲ အကြမ်းဖက်သမားတွေကိုဘယ်လိုတားဆီးမလဲဆိုတာ
စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရမယ့် အက်ရှင်ဇာတ်ကားကောင်းပဲဖြစ်လို့တင်ဆက်ပေးလိုက်ပါတယ်
##zawgyi
Review – Hmue
File Size – 1.5GB,2.7GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre :Comedy ,Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue & Phyu Sin
Encoded by Arrow
Upload on Youtube
Leave a Reply