(App member only)
##unicode
ဒီတစ်ခါမှာ “Ori Devuda (2022)”ဆိုတဲ့ အိန္ဒိယအချစ်ဟာသဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
အာဂျွန်နဲ့မာနီဆိုတဲ့အမျိုးသားနှစ်ယောက်ရယ် အာနူဆိုတဲ့အမျိုးသမီးလေးရယ်ဟာ ငယ်စဉ်ကတည်းက သိပ်ကိုခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းသုံးယောက်ပါ။
မာနီကတော့ အိမ်ထောင်ကျနေပြီဖြစ်ကာ အာဂျွန်နဲ့အာနူကတော့ အိမ်ထောင်မပြုရသေးတဲ့သူတွေပါပဲ။
အာနူရဲ့အဖေက အာနူအတွက် လူတစ်ယောက်ရွေးချယ်ပေးပေမယ့်လည်း သူဟာ သူစိမ်းတစ်ယောက်ကိုလက်မထပ်ချင်ဘူးဖြစ်နေခဲ့တယ်။
ဒါကြောင့် အာဂျွန် သူ့ကိုလက်ထပ်မလားဆိုပြီး အာနူကမေးပါတော့တယ်။ အာဂျွန်ကလည်း ငြင်းစရာမရှိတဲ့အတွက်လက်ခံခဲ့တဲ့အခါ
အာဂျွန်နဲ့အာနူတို့ လက်ထပ်လိုက်ကြတော့တာပါပဲ။ဒါပေမယ့်လည်း သူတို့နှစ်ယောက်လက်ထပ်ပြီးနောက် အဆင်မပြေမှုတွေရှိလာတဲ့အခါ
ကွာရှင်းဖို့ထိဖြစ်လာခဲ့တယ်။ဒီလိုနဲ့ အာဂျွန်နဲ့အာနူတို့ဟာ ကွာရှင်းဖို့အတွက် တရားရုံးကို ရောက်လာတဲ့အခါမှာတော့…….
အာဂျွန်ဟာ တရားရုံးမှာ ဘယ်လိုလူနဲ့တွေ့ဆုံမလဲ၊ ဘယ်လိုမထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်လာမလဲ၊ အာဂျွန်ရဲ့ဘဝမှာ ဘယ်လိုအခွင့်အရေးတွေများရှိလာမလဲ၊
အာဂျွန်နဲ့အာနူတို့ အမှန်တကယ်ကွာရှင်းပျက်စဲသွားမလား၊ပြန်လည်သင့်မြတ်သွားမလားဆိုတာကို ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့်
ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
#zawgyi
ဒီတစ္ခါမွာ “Ori Devuda (2022)”ဆိုတဲ့ အိႏၵိယအခ်စ္ဟာသဇာတ္ကားေလးကို တင္ဆက္ေပးလိုက္ပါတယ္။
အာဂြၽန္နဲ႔မာနီဆိုတဲ့အမ်ိဳးသားႏွစ္ေယာက္ရယ္ အာႏူဆိုတဲ့အမ်ိဳးသမီးေလးရယ္ဟာ ငယ္စဥ္ကတည္းက သိပ္ကိုခင္မင္ရင္းႏွီးၾကတဲ့သူငယ္ခ်င္းသုံးေယာက္ပါ။
မာနီကေတာ့ အိမ္ေထာင္က်ေနၿပီျဖစ္ကာ အာဂြၽန္နဲ႔အာႏူကေတာ့ အိမ္ေထာင္မျပဳရေသးတဲ့သူေတြပါပဲ။
အာႏူရဲ႕အေဖက အာႏူအတြက္ လူတစ္ေယာက္ေ႐ြးခ်ယ္ေပးေပမယ့္လည္း သူဟာ သူစိမ္းတစ္ေယာက္ကိုလက္မထပ္ခ်င္ဘူးျဖစ္ေနခဲ့တယ္။
ဒါေၾကာင့္ အာဂြၽန္ သူ႔ကိုလက္ထပ္မလားဆိုၿပီး အာႏူကေမးပါေတာ့တယ္။ အာဂြၽန္ကလည္း ျငင္းစရာမရွိတဲ့အတြက္လက္ခံခဲ့တဲ့အခါ
အာဂြၽန္နဲ႔အာႏူတို႔ လက္ထပ္လိုက္ၾကေတာ့တာပါပဲ။ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္လက္ထပ္ၿပီးေနာက္ အဆင္မေျပမႈေတြရွိလာတဲ့အခါ
ကြာရွင္းဖို႔ထိျဖစ္လာခဲ့တယ္။ဒီလိုနဲ႔ အာဂြၽန္နဲ႔အာႏူတို႔ဟာ ကြာရွင္းဖို႔အတြက္ တရား႐ုံးကို ေရာက္လာတဲ့အခါမွာေတာ့…….
အာဂြၽန္ဟာ တရား႐ုံးမွာ ဘယ္လိုလူနဲ႔ေတြ႕ဆုံမလဲ၊ ဘယ္လိုမထင္မွတ္ထားတဲ့ကိစၥေတြျဖစ္လာမလဲ၊ အာဂြၽန္ရဲ႕ဘဝမွာ ဘယ္လိုအခြင့္အေရးေတြမ်ားရွိလာမလဲ၊
အာဂြၽန္နဲ႔အာႏူတို႔ အမွန္တကယ္ကြာရွင္းပ်က္စဲသြားမလား၊ျပန္လည္သင့္ျမတ္သြားမလားဆိုတာကို ရယ္ရယ္ေမာေမာေပါ့ေပါ့ပါးပါးၾကည့္ရႈႏိုင္မယ့္
ဇာတ္ကားေကာင္းေလးတစ္ကားပဲျဖစ္ပါတယ္။
Review – KKK
File Size – 1.2GB,2.4GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by KKK
Encoded by Arrow
=================================================================================
App ေဒါင္းရန္
https://bit.ly/m/alphapremium
မန်ဘာဝင်လိုသူများ
viber – 09691177142
Leave a Reply