##unicode
ဒီတစ်ခါတော့ ဘဝအမောတွေပြေပျောက်နိုင်ဖို့ နပမ်းမင်းသားကြီး John Cena ပါတဲ့
ဟာသကားလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။
မားကတ်စ်နဲ့အမ်မလီတို့က မက်ဆီကိုအပန်းဖြေခရီးထွက်လာကြတဲ့ စုံတွဲလေးပေါ့။
ဒါပေမဲ့ ဟိုတယ်မှာ သူတို့စီစဉ်ထားသလိုတွေဖြစ်မလာဘဲ ရွန်နဲ့ကိုင်လာတို့စုံတွဲနဲ့ တစ်ခန်းတည်းနေရဖို့ဖြစ်သွားခဲ့တယ်။
မားကတ်စ်က အရာရာကိုအစီအစဉ်ချပြီး ဂရုတစိုက်နဲ့လုပ်တတ်တဲ့သူဖြစ်သလောက် ရွန်နဲ့ကိုင်လာကတော့ စိတ်ညစ်စရာဆိုတာကို
ခေါင်းထဲကိုထည့်မနေဘဲ လက်ရှိအခိုက်အတန့်မှာ ပျော်ပျော်နေတတ်ကြတဲ့လူတွေပေါ့။
ဒီလိုနဲ့ ရွန်နဲ့ကိုင်လာရဲ့ သွေးဆောင်မှုနဲ့ မားကတ်စ်နဲ့ အမ်မလီတို့စုံတွဲလည်း မလုပ်ဖူးတာတွေအစုံလျှောက်လုပ်ပြီး
လေးယောက်သားခင်မင်ရင်းနှီးလာကြတာပေါ့။ ဒါပေမဲ့ မားကတ်စ်နဲ့အမ်မလီကတော့ အပန်းဖြေခရီးကနေပြန်သွားပြီးရင်
ရွန်တို့စုံတွဲနဲ့ အဆက်အသွယ်ထပ်မလုပ်ဖို့ပဲ ရည်ရွယ်ထားကြတယ်။ သူတို့ဘဝနေထိုင်ပုံချင်းက ကွာခြားလွန်းတာကို။
ဒါပေမဲ့ သူတို့ကိုအရမ်းခင်သွားတဲ့ ရွန်နဲ့ကိုင်လာဟာ မားကတ်စ်တို့မင်္ဂလာပွဲကို မဖိတ်ထားဘဲရောက်လာတဲ့အခါမှာတော့
ဘယ်လိုအလွဲလွဲ၊ အချော်ချော်တွေနဲ့ ဟာသတွေဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦး။
##zawgyi
ဒီတစ္ခါေတာ့ ဘဝအေမာေတြေျပေပ်ာက္ႏိုင္ဖို႔ နပမ္းမင္းသားႀကီး John Cena ပါတဲ့
ဟာသကားေလးတစ္ကားကိုတင္ဆက္ေပးပါ့မယ္။
မားကတ္စ္နဲ႔အမ္မလီတို႔က မက္ဆီကိုအပန္းေျဖခရီးထြက္လာၾကတဲ့ စုံတြဲေလးေပါ့။
ဒါေပမဲ့ ဟိုတယ္မွာ သူတို႔စီစဥ္ထားသလိုေတြျဖစ္မလာဘဲ ႐ြန္နဲ႔ကိုင္လာတို႔စုံတြဲနဲ႔ တစ္ခန္းတည္းေနရဖို႔ျဖစ္သြားခဲ့တယ္။
မားကတ္စ္က အရာရာကိုအစီအစဥ္ခ်ၿပီး ဂ႐ုတစိုက္နဲ႔လုပ္တတ္တဲ့သူျဖစ္သေလာက္ ႐ြန္နဲ႔ကိုင္လာကေတာ့ စိတ္ညစ္စရာဆိုတာကို
ေခါင္းထဲကိုထည့္မေနဘဲ လက္ရွိအခိုက္အတန႔္မွာ ေပ်ာ္ေပ်ာ္ေနတတ္ၾကတဲ့လူေတြေပါ့။
ဒီလိုနဲ႔ ႐ြန္နဲ႔ကိုင္လာရဲ႕ ေသြးေဆာင္မႈနဲ႔ မားကတ္စ္နဲ႔ အမ္မလီတို႔စုံတြဲလည္း မလုပ္ဖူးတာေတြအစုံေလွ်ာက္လုပ္ၿပီး
ေလးေယာက္သားခင္မင္ရင္းႏွီးလာၾကတာေပါ့။ ဒါေပမဲ့ မားကတ္စ္နဲ႔အမ္မလီကေတာ့ အပန္းေျဖခရီးကေနျပန္သြားၿပီးရင္
႐ြန္တို႔စုံတြဲနဲ႔ အဆက္အသြယ္ထပ္မလုပ္ဖို႔ပဲ ရည္႐ြယ္ထားၾကတယ္။ သူတို႔ဘဝေနထိုင္ပုံခ်င္းက ကြာျခားလြန္းတာကို။
ဒါေပမဲ့ သူတို႔ကိုအရမ္းခင္သြားတဲ့ ႐ြန္နဲ႔ကိုင္လာဟာ မားကတ္စ္တို႔မဂၤလာပြဲကို မဖိတ္ထားဘဲေရာက္လာတဲ့အခါမွာေတာ့
ဘယ္လိုအလြဲလြဲ၊ အေခ်ာ္ေခ်ာ္ေတြနဲ႔ ဟာသေတြျဖစ္လာမလဲဆိုတာကိုေတာ့ ဇာတ္လမ္းေလးထဲမွာ ခံစားၾကည့္ရႈေပးၾကပါဦး။
Review – Yue Liang
File Size – 2.3GB,1.2GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Aventure,Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yue Liang
Encoded by Arrow
Upload on Youtube
Upload on Youtube
Upload on Youtube
Upload on Youtube
Leave a Reply