##unicode
အမေရိကန်နိုင်ငံရဲ့ တော်လှန်ရေးကာလကို ဟာသနှောပြီးရိုက်ကူးထားတဲ့ ကာတွန်းကားလေးဖြစ်ပါတယ်။
သမိုင်းဖြစ်ရပ်တွေအတိုင်း ထပ်တူတော့မကျပါဘူး။
အမေရိကန်နိုင်ငံလို့တောင်ဖြစ်မလာသေးတဲ့ ကိုလိုနီနယ်မြေတွေ ဗြိတိသျှအင်ပါယာလက်အောက်ကျရောက်နေစဉ်မှာ
တော်လှန်ရေးသမားတွေက လွတ်လပ်ရေးရဖို့ကြိုစားခဲ့ကြတယ်။ တော်လှန်ရေးခေါင်းဆောင် အေ့ဘ်ရဲ့အခင်ရဆုံးသူငယ်ချင်း
ဂျော့ဂျ်ကတော့ ပျော်ပျော်နေတတ်ပြီး ဘဝကိုပေါ့ပေါ့ပါးပါးပဲဖြတ်သန်းတဲ့သူ။
အေ့ဘ်တို့တော်လှန်ရေးသမားတွေအားလုံးဟာ လူယုံသူငယ်ချင်းဖြစ်သူ ဘန်သတ်တာကိုခံလိုက်ရပြီး
အေ့ဘ်ကသေခါနီးမှာ ကိုလိုနီနယ်တွေကို လွတ်မြောက်အောင်ဆက်ကြိုစားဖို့၊ နိုင်ငံသစ်ရဲ့နာမည်ကို အမေရိကလို့ပေးဖို့
ဂျော့ဂျ်ကိုမှာသွားခဲ့တယ်။ ဒီလိုနဲ့ အပျော်ပဲသိတဲ့ဂျော့ဂျ်တစ်ယောက် တိုင်းပြည်တာဝန်ကြီးကို ပုခုံးလွှဲထမ်းရွက်ရတော့မယ်ဆိုတော့
ဗြိတိသျှတွေကိုတော်လှန်ရာမှာ သူ့ကိုကူညီပေးနိုင်မယ့်သူတွေကို လိုက်စုဆောင်းပါတော့တယ်။
ဂျော့ဂျ်တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။
(ကာတွန်းပေမဲ့ သွေးထွက်သံယိုများ၊ ညစ်ညမ်းသောအခန်းများပါဝင်၍ ကလေးငယ်များကြည့်ရန်မသင့်တော်ပါ။)
##zawgyi
အေမရိကန္ႏိုင္ငံရဲ႕ ေတာ္လွန္ေရးကာလကို ဟာသေႏွာၿပီး႐ိုက္ကူးထားတဲ့ ကာတြန္းကားေလးျဖစ္ပါတယ္။
သမိုင္းျဖစ္ရပ္ေတြအတိုင္း ထပ္တူေတာ့မက်ပါဘူး။
အေမရိကန္ႏိုင္ငံလို႔ေတာင္ျဖစ္မလာေသးတဲ့ ကိုလိုနီနယ္ေျမေတြ ၿဗိတိသွ်အင္ပါယာလက္ေအာက္က်ေရာက္ေနစဥ္မွာ
ေတာ္လွန္ေရးသမားေတြက လြတ္လပ္ေရးရဖို႔ႀကိဳစားခဲ့ၾကတယ္။ ေတာ္လွန္ေရးေခါင္းေဆာင္ ေအ့ဘ္ရဲ႕အခင္ရဆုံးသူငယ္ခ်င္း
ေဂ်ာ့ဂ်္ကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဘဝကိုေပါ့ေပါ့ပါးပါးပဲျဖတ္သန္းတဲ့သူ။
ေအ့ဘ္တို႔ေတာ္လွန္ေရးသမားေတြအားလုံးဟာ လူယုံသူငယ္ခ်င္းျဖစ္သူ ဘန္သတ္တာကိုခံလိုက္ရၿပီး
ေအ့ဘ္ကေသခါနီးမွာ ကိုလိုနီနယ္ေတြကို လြတ္ေျမာက္ေအာင္ဆက္ႀကိဳစားဖို႔၊ ႏိုင္ငံသစ္ရဲ႕နာမည္ကို အေမရိကလို႔ေပးဖို႔
ေဂ်ာ့ဂ်္ကိုမွာသြားခဲ့တယ္။ ဒီလိုနဲ႔ အေပ်ာ္ပဲသိတဲ့ေဂ်ာ့ဂ်္တစ္ေယာက္ တိုင္းျပည္တာဝန္ႀကီးကို ပုခုံးလႊဲထမ္း႐ြက္ရေတာ့မယ္ဆိုေတာ့
ၿဗိတိသွ်ေတြကိုေတာ္လွန္ရာမွာ သူ႔ကိုကူညီေပးႏိုင္မယ့္သူေတြကို လိုက္စုေဆာင္းပါေတာ့တယ္။
ေဂ်ာ့ဂ်္တစ္ေယာက္ သူငယ္ခ်င္းျဖစ္သူရဲ႕ ဆႏၵေတြကိုျဖည့္ဆည္းေပးႏိုင္မလားဆိုတာကို ၾကည့္ရႈလိုက္ၾကပါဦး။
(ကာတြန္းေပမဲ့ ေသြးထြက္သံယိုမ်ား၊ ညစ္ညမ္းေသာအခန္းမ်ားပါဝင္၍ ကေလးငယ္မ်ားၾကည့္ရန္မသင့္ေတာ္ပါ။)
Review – Yue Liang
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Genre :Animation ,Action,dventure
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yue Liang
Encoded by Arrow
Upload on Youtube
Upload on Youtube
Leave a Reply