Antebellum(2020)
Happy Friday မှာ ကြည့်ဖို့ ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇတ်ကား အမျိုးအစားကတော့ psycho thriller လို့ ပြောလို့ရပါတယ်။ ဒီကားကို အမေရိကန် ပြည်တွင်းစစ်ရဲ့ လူဖြူလူမည်း ပဋိပက္ခတွေကို အခြေခံပြီး ရိုက်ကူးထားတာပါ။
ဗရိုနီကာဟင်နလေဟာ နာမည်ကြီး လူမည်း စာရေးဆရာမပါ။ သူမက လူမည်းအရေးအခင်းတွေမှာ ရဲဝင့်စွာ ပြောဆိုတတ်သူ တစ်ယောက်ပါ။ လူမည်းအပေါ်ဖိနှပ်မှုတွေကို မုန်းတီးတဲ့ သူမရဲ့ စိတ်ကြောင့် သူမဟာ အတိတ်ဘဝကို ပြန်ရောက်သွားတတ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေက လူမည်းတွေကို ကျွန်လို ဆက်ဆံခဲ့တဲ့ အချိန်တွေကို ရောက်သွားတာပါ။ အဲ့မှာတော့ သူမဟာ လူမည်းတွေရှေ့က ရပ်တည်ပြီး ကျွန်အဖြစ်က လွှတ်မြောက်ဖို့ ကြိုးစားနေတဲ့ ခေါင်းဆောင်ပါ။
အဲ့ဒီ အတိတ်ဟာ တကယ်ပဲ အိပ်မက်ဆိုးတစ်ခုလား တကယ်ရှိခဲ့တဲ့ သူမရဲ့အတိတ်ဘဝလား..သူမဟာ ဘဝနှစ်ခုလုံးကို ပြေလည်အောင် အောင်မြင်အောင် လုပ်ဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
Leave a Reply