##unicode
ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ 2022ထွက် Telugu ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ “Clap” ဆိုတဲ့
ဇာတ်ကားလေးပါ။ ဒီကားလေးကတော့ drama&sport အမျိုးအစားကို အချိုးညီညီတွဲစပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်ကားခေါင်းစီးက Clap ဆိုတဲ့ လက်ခုပ်သံ။ ဒီလက်ခုပ်သံတွေရဲ့နောက်ကွယ်က ပေးဆပ်ခဲ့ရတဲ့ သွေးတစ်စက်၊ ချွေးတစ်စက်တိုင်းရဲ့ တန်ဖိုးကို
ကာယကံရှင်ကလွဲ ဘယ်သူမှ အတွင်းကျကျ မသိနိုင်ပါဘူး။ ဒီလို အချိန်ကိုရင်းလို့ ခွန်အားကို အားသွန်ခွန်စိုက် ပေးဆပ်ခဲ့တဲ့ အပြေးသမားတစ်ယောက်ရှိတယ်။
သူကတော့ ဗစ်ရှ်နူး။ ချန်ပီယံ အပြေးသမားတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ ဗစ်ရှ်နူးတစ်ယောက် ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့
လေ့ကျင့်မှုကြိုးဝိုင်းထဲမှာ မရပ်မနား အပြေးလေ့ကျင့်ရင်း ကြီးပြင်းလာခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ကံကြမ္မာဆိုးတစ်ခုက
သူတို့သားအဖနှစ်ယောက်အပေါ် ရုတ်ချည်းဆိုသလို ကျရောက်လာခဲ့တယ်။
ဒီကံကြမ္မာဆိုးရဲ့ရိုက်ခတ်မှုက သူ့ဘဝကိုသာမက သူ့ဘဝထဲက တန်ဖိုးထားရတဲ့အရာတွေကိုပါ ဆွဲထုတ်ယူသွားတယ်။
သူ့ဘဝတစ်ခုလုံး အထိနာသွားခဲ့လေတော့ သူ့နှလုံးသားဟာလည်း အေးစက်ငြိမ်သက်သွားခဲ့တယ်။ သူ့ရဲ့ဇနီးဖြစ်သူက သူ့အနားမှာ
မခွဲမခွာရှိနေပေမဲ့လည်း သူကတော့ နီးလျက်ဝေးသလို နေမိခဲ့တယ်။ ဒီလိုနဲ့ သူ့မိန်းမနဲ့သူနဲ့ကြားမှာ တိတ်ဆိတ်ခြင်းနံရံကြီး ခြားသွားခဲ့တယ်။
တစ်နေ့မှာတော့ သူ့မိတ်ဆွေဖြစ်သူ ဘာဘူရဲ့စကားတွေကိုကြားပြီး ငြိမ်သက်နေတဲ့သူ့စိတ်တွေ ပြန်လည်လာခဲ့တယ်။ အဲဒါကလည်း သူ့ဘဝထဲက
သေဆုံးသွားတဲ့ အရာတစ်ခုကို ပြန်ပြီးရှင်သန်နိုးထလာစေမဲ့ အကြောင်းအရာဖြစ်နေတယ်။ အဲဒီနောက်ကို ခြေရာခံလိုက်ဖို့ ထပ်ပြီး
ပေးဆပ်ရမဲ့အဖိုးအခတွေကလည်း ရှိနေတယ်။ ဒီတော့ ရှင်လျက်သေဆုံးသွားတဲ့ သူ့ဘဝကို ပြန်ရှင်သန်လာစေမဲ့အရာမျိုး ရှာတွေ့ခဲ့ရင်တောင်မှ
သူမျှော်လင့်ထားသလို ဖြစ်လာပါ့မလား။ ဒါမှမဟုတ် လောကဓံရဲ့ရိုက်ချက်တွေအောက်မှာပဲ ရုန်းလေနစ်လေ ဖြစ်နေမလားဆိုတာကိုတော့
လက်တွေ့ဘဝနဲ့နီးစပ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
##zawgyi
ဒီတစ္ခါ တင္ဆက္ေပးမဲ့ ဇာတ္ကားကေတာ့ 2022ထြက္ Telugu ဇာတ္ကားေကာင္းတစ္ကားျဖစ္တဲ့ “Clap” ဆိုတဲ့
ဇာတ္ကားေလးပါ။ ဒီကားေလးကေတာ့ drama&sport အမ်ိဳးအစားကို အခ်ိဳးညီညီတြဲစပ္႐ိုက္ကူးထားတာပဲျဖစ္ပါတယ္။
ဇာတ္ကားေခါင္းစီးက Clap ဆိုတဲ့ လက္ခုပ္သံ။ ဒီလက္ခုပ္သံေတြရဲ႕ေနာက္ကြယ္က ေပးဆပ္ခဲ့ရတဲ့ ေသြးတစ္စက္၊ ေခြၽးတစ္စက္တိုင္းရဲ႕ တန္ဖိုးကို
ကာယကံရွင္ကလြဲ ဘယ္သူမွ အတြင္းက်က် မသိႏိုင္ပါဘူး။ ဒီလို အခ်ိန္ကိုရင္းလို႔ ခြန္အားကို အားသြန္ခြန္စိုက္ ေပးဆပ္ခဲ့တဲ့ အေျပးသမားတစ္ေယာက္ရွိတယ္။
သူကေတာ့ ဗစ္ရွ္ႏူး။ ခ်န္ပီယံ အေျပးသမားတစ္ေယာက္ျဖစ္လာဖို႔ ရည္႐ြယ္ထားတဲ့ ဗစ္ရွ္ႏူးတစ္ေယာက္ ငယ္စဥ္ကတည္းက အေဖျဖစ္သူရဲ႕
ေလ့က်င့္မႈႀကိဳးဝိုင္းထဲမွာ မရပ္မနား အေျပးေလ့က်င့္ရင္း ႀကီးျပင္းလာခဲ့တယ္။ ဒီလိုနဲ႔ တစ္ေန႔မွာ ကံၾကမၼာဆိုးတစ္ခုက
သူတို႔သားအဖႏွစ္ေယာက္အေပၚ ႐ုတ္ခ်ည္းဆိုသလို က်ေရာက္လာခဲ့တယ္။
ဒီကံၾကမၼာဆိုးရဲ႕႐ိုက္ခတ္မႈက သူ႔ဘဝကိုသာမက သူ႔ဘဝထဲက တန္ဖိုးထားရတဲ့အရာေတြကိုပါ ဆြဲထုတ္ယူသြားတယ္။
သူ႔ဘဝတစ္ခုလုံး အထိနာသြားခဲ့ေလေတာ့ သူ႔ႏွလုံးသားဟာလည္း ေအးစက္ၿငိမ္သက္သြားခဲ့တယ္။ သူ႔ရဲ႕ဇနီးျဖစ္သူက သူ႔အနားမွာ
မခြဲမခြာရွိေနေပမဲ့လည္း သူကေတာ့ နီးလ်က္ေဝးသလို ေနမိခဲ့တယ္။ ဒီလိုနဲ႔ သူ႔မိန္းမနဲ႔သူနဲ႔ၾကားမွာ တိတ္ဆိတ္ျခင္းနံရံႀကီး ျခားသြားခဲ့တယ္။
တစ္ေန႔မွာေတာ့ သူ႔မိတ္ေဆြျဖစ္သူ ဘာဘူရဲ႕စကားေတြကိုၾကားၿပီး ၿငိမ္သက္ေနတဲ့သူ႔စိတ္ေတြ ျပန္လည္လာခဲ့တယ္။ အဲဒါကလည္း သူ႔ဘဝထဲက
ေသဆုံးသြားတဲ့ အရာတစ္ခုကို ျပန္ၿပီးရွင္သန္ႏိုးထလာေစမဲ့ အေၾကာင္းအရာျဖစ္ေနတယ္။ အဲဒီေနာက္ကို ေျခရာခံလိုက္ဖို႔ ထပ္ၿပီး
ေပးဆပ္ရမဲ့အဖိုးအခေတြကလည္း ရွိေနတယ္။ ဒီေတာ့ ရွင္လ်က္ေသဆုံးသြားတဲ့ သူ႔ဘဝကို ျပန္ရွင္သန္လာေစမဲ့အရာမ်ိဳး ရွာေတြ႕ခဲ့ရင္ေတာင္မွ
သူေမွ်ာ္လင့္ထားသလို ျဖစ္လာပါ့မလား။ ဒါမွမဟုတ္ ေလာကဓံရဲ႕႐ိုက္ခ်က္ေတြေအာက္မွာပဲ ႐ုန္းေလနစ္ေလ ျဖစ္ေနမလားဆိုတာကိုေတာ့
လက္ေတြ႕ဘဝနဲ႔နီးစပ္တဲ့ ဒီဇာတ္ကားေလးထဲမွာ ဆက္လက္ၾကည့္ရႈလိုက္ၾကပါဦးေနာ္။
Review – Lullaby
File Size – 1GB,2GB
Format…mp4
Quality : 720p WED-DL,1080p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Lullaby
Encoded by Arrow
====================================================================
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply