Alpha Premium

Prithvi Adithya

Clap (2022) N/A
Clap (2022) ##unicode ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ 2022ထွက် Telugu ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ "Clap" ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီကားလေးကတော့ drama&sport အမျိုးအစားကို အချိုးညီညီတွဲစပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်ကားခေါင်းစီးက Clap ဆိုတဲ့ လက်ခုပ်သံ။ ဒီလက်ခုပ်သံတွေရဲ့နောက်ကွယ်က ပေးဆပ်ခဲ့ရတဲ့ သွေးတစ်စက်၊ ချွေးတစ်စက်တိုင်းရဲ့ တန်ဖိုးကို ကာယကံရှင်ကလွဲ ဘယ်သူမှ အတွင်းကျကျ မသိနိုင်ပါဘူး။ ဒီလို အချိန်ကိုရင်းလို့ ခွန်အားကို အားသွန်ခွန်စိုက် ပေးဆပ်ခဲ့တဲ့ အပြေးသမားတစ်ယောက်ရှိတယ်။ သူကတော့ ဗစ်ရှ်နူး။ ချန်ပီယံ အပြေးသမားတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ ဗစ်ရှ်နူးတစ်ယောက် ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ လေ့ကျင့်မှုကြိုးဝိုင်းထဲမှာ မရပ်မနား အပြေးလေ့ကျင့်ရင်း ကြီးပြင်းလာခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ကံကြမ္မာဆိုးတစ်ခုက သူတို့သားအဖနှစ်ယောက်အပေါ် ရုတ်ချည်းဆိုသလို ကျရောက်လာခဲ့တယ်။ ဒီကံကြမ္မာဆိုးရဲ့ရိုက်ခတ်မှုက သူ့ဘဝကိုသာမက သူ့ဘဝထဲက တန်ဖိုးထားရတဲ့အရာတွေကိုပါ ဆွဲထုတ်ယူသွားတယ်။ သူ့ဘဝတစ်ခုလုံး အထိနာသွားခဲ့လေတော့ သူ့နှလုံးသားဟာလည်း အေးစက်ငြိမ်သက်သွားခဲ့တယ်။ သူ့ရဲ့ဇနီးဖြစ်သူက သူ့အနားမှာ မခွဲမခွာရှိနေပေမဲ့လည်း သူကတော့ နီးလျက်ဝေးသလို နေမိခဲ့တယ်။ ဒီလိုနဲ့ သူ့မိန်းမနဲ့သူနဲ့ကြားမှာ တိတ်ဆိတ်ခြင်းနံရံကြီး ခြားသွားခဲ့တယ်။ တစ်နေ့မှာတော့ ...
N/A
IMDB: N/A/10 N/A votes
movie

Clap (2022)

2022

Release year

Genres

Release year