(App member only)
##unicode
Bhajarangi 2ဇာတ်ကားမှာတော့ Anjiဟာ လက်ထပ်သွားတဲ့ အမဖြစ်သူ Alamelammaနေတဲ့
ရွာလေးကို ရောက်လာခဲ့တယ်။Anjiအမကတော့ ငွေတိုးချေးစားလုပ်ကာ ရွာမှာမင်းမူနေသူဖြစ်ပါတယ်။
Anjiဟာ သတို့သမီးရှာဖို့အတွက် ရွာကိုရောက်လာကြောင်းပြောပြလိုက်သောအခါ အမဖြစ်သူ
Alamelammaက Anjiကြိုက်တဲ့မိန်းကလေးနဲ့ လက်ထပ်ပေးမယ်လို့ကတိပေးခဲ့တယ်။
Chinminikiကတော့ Alamelammaကို ဆန့်ကျင်နေတဲ့ သတ္တိခဲကောင်မလေးတစ်ယောက်ဖြစ်တယ်။
Alamelammaက အတိုးနှုန်းအများကြီးယူပြီးတော့ ဆင်းရဲသားတွေကို နှိပ်စက်နေတာကိုမကျေမနပ်ဖြစ်နေတဲ့
Chinminikiတစ်ယောက် Anjiကိုအသုံးချကာ Alamelammaကို ထိန်းချုပ်နိုင်ဖို့အတွက် Anjiကို ဆွဲဆောင်ပါတော့တယ်။
ဒါပေမဲ့ Anjiရဲ့ကြင်နာသနားတတ်တဲ့စိတ်ကို သိသွားတဲ့ Chinminikiဟာ Anjiကို တကယ်သဘောကျသွားခဲ့တယ်။
Alamelammaကလဲ သူ့မောင်သဘောကျသွားတဲ့ မိန်းကလေးကိုလက်ထပ်ပေးမယ်လို့ကတိပေးထားတာကြောင့်
Anjiတို့နှစ်ယောက်ကိုသဘောတူခဲ့တယ်။ဒါပေမဲ့ Arakaလို့ခေါ်တဲ့ လူတစ်ယောက်က ရွာကိုရောက်လာပြီးတော့
Alamelammaနဲ့ Chinminikiအပါအဝင်ရွာက အမျိုးသမီးတွေကိုပြန်ပေးဆွဲသွားတော့တယ်။
Anjiတစ်ယောက်သူအမနဲ့ချစ်သူကို ဘယ်လိုပြန်ကယ်ဆယ်မလဲဆိုတာကြည့်ရှုကြပါအုံး။
##zawgyi
Review – Myet Chel
File Size – 1.3GB,2.6GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Action,Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Myet Chel
Encoded by Arrow
====================================================================
App ဒေါင်းရန္
မန်ဘာဝင်လိုသူများ
viber – 09691177142
Leave a Reply