Alpha Premium

Aju Makita

Child of Kamiari Month (2021) N/A
Child of Kamiari Month (2021) (App only) (free ကြည့်ချင်တဲ့သူတွေလဲ app ကနေကြည့်လို့ရပါတယ်) ##unicode ဒီတစ်ခါကြည့်ရှုရမဲ့ဇာတ်ကားကတော့ "Child of Kamiari Month" လို့ခေါ်တဲ့ animated filmလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့.....ခန်နာလို့ခေါ်တဲ့ကျောင်းသူလေးဟာ သူ့ရဲ့အမေဆုံးပါးသွားပြီးတဲ့နောက်မှာ အပြေးပြိုင်ပွဲများယှဉ်ပြိုင်ရခြင်းအပေါ်စိတ်အားထက်သန်မှုလျော့နည်းလာပါတယ်။ ဒါပေမဲ့ သူ့ရဲ့အမေဖြစ်သူဟာ အီဒါတန်လို့ခေါ်တဲ့ ပြေးလွှားခြင်းနတ်ဘုရားဖြစ်ခဲ့တာကိုသိရှိပြီးတဲ့နောက်မှာ အမေလုပ်ဆောင်ခဲ့ဖူးသောတာဝန်တွေဟာ သူ့အပေါ်ကျရောက်လာခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ခန်နာဟာ အီဇူမိုမှာ နတ်ဘုရားများစုဝေးကျင်းပမဲ့စားသောက်ပွဲကြီးအတွက် ဒေသမျိုးစုံမှအစားအစာများကို သယ်ဆောင်ပေးဖို့ဖြစ်လာပါတော့တယ်။အဲ့တာကြောင့် လမ်းခရီးတစ်လျှောက်လမ်းညွှန်ပြသရန်အတွက် နတ်ဘုရားများရဲ့သတင်းပို့ဆက်သားဟာလည်း ယုန်လေးရှီရိုရဲ့ခန္တာကိုယ်ကိုငှားကား ခန်နာနဲ့အတူလိုက်ပါလာပါတော့တယ်။ ခန်နာနဲ့ယုန်လေးတို့ဟာ ပွဲကျင်းမဲ့ညအမှီရောက်ရှိရမှာဖြစ်တဲ့အတွက် လုပ်ဆောင်ရမဲ့တာဝန်ကို အချိန်မှီပြီးစီးအောင်ကြိုးစားကြရင်း..... အီဒါတန်များအပေါ်မှာ အာဃာတရှိနေသူနဲ့တွေဆုံတဲ့အခါမှာ ခန်နာဟာ အဲ့လိုအာဃာတတရားကို ဘယ်လိုဖြေဖျောက်ပေးမလဲ၊ စုဆောင်းမိလာတဲ့အစားအစာတွေကိုလုယက်ချင်သူနဲ့ကြုံလာတဲ့အခါမှာ ဘယ်လိုတွေများကျော်ဖြတ်သွားမလဲ၊ ပွဲအတွက်ရော အချိန်မှီရောက်ရှိသွားနိုင်မလားဆိုတာ ဇာတ်လမ်းထဲမှာရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည်ရှုကြရမှာပါ။ ခန်နာလိုကလေးတစ်ယောက်အတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေကြုံတွေ့ရပုံ၊ ဝမ်းနည်းဖွယ်ဘဝဇာတ်ကြောင်းနဲ့ ခက်ခက်ခဲခဲစွန့်စားမှုများအကြောင်းကို စနစ်တကျရှင်းရှင်းလင်းလင်းရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူတွေအကြိုက်တွေ့စေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ##zawgyi ဒီတစ္ခါၾကည့္ရႈရမဲ့ဇာတ္ကားကေတာ့ "Child of Kamiari Month" လို႔ေခၚတဲ့ animated filmေလးပဲျဖစ္ပါတယ္။ ဇာတ္လမ္းထဲမွာေတာ့.....ခန္နာလို႔ေခၚတဲ့ေက်ာင္းသူေလးဟာ သူ႔ရဲ႕အေမဆုံးပါးသြားၿပီးတဲ့ေနာက္မွာ အ​ေျပးၿပိဳင္ပြဲမ်ားယွဥ္ၿပိဳင္ရျခင္းအေပၚစိတ္အားထက္သန္မႈေလ်ာ့နည္းလာပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕အေမျဖစ္သူဟာ အီဒါတန္လို႔ေခၚတဲ့ ေျပးလႊားျခင္းနတ္ဘုရားျဖစ္ခဲ့တာကိုသိရွိၿပီးတဲ့ေနာက္မွာ အေမလုပ္ေဆာင္ခဲ့ဖူးေသာတာဝန္ေတြဟာ သူ႔အေပၚက်ေရာက္လာခဲ့ပါတယ္။ အဲ့ဒီလိုနဲ႔ ခန္နာဟာ အီဇူမိုမွာ နတ္ဘုရားမ်ားစုေဝးက်င္းပမဲ့စားေသာက္ပြဲႀကီးအတြက္ ေဒသမ်ိဳးစုံမွအစားအစာမ်ားကို သယ္ေဆာင္ေပးဖို႔ျဖစ္လာပါေတာ့တယ္။အဲ့တာေၾကာင့္ လမ္းခရီးတစ္ေလွ်ာက္လမ္းၫႊန္ျပသရန္အတြက္ နတ္ဘုရားမ်ားရဲ႕သတင္းပို႔ဆက္သား​ဟာလည္း ယုန္ေလးရွီ႐ိုရဲ႕ခႏၲာကိုယ္ကိုငွားကား ခန္နာနဲ႔အတူလိုက္ပါလာပါေတာ့တယ္။ ခန္နာနဲ႔ယုန္ေလးတို႔ဟာ ပြဲက်င္းမဲ့ညအမွီေရာက္ရွိရမွာျဖစ္တဲ့အတြက္ လုပ္ေဆာင္ရမဲ့တာဝန္ကို အခ်ိန္မွီၿပီးစီးေအာင္ႀကိဳးစားၾကရင္း..... အီဒါတန္မ်ားအေပၚမွာ အာဃာတရွိေနသူနဲ႔ေတြဆုံတဲ့အခါမွာ ခန္နာဟာ ...
N/A
IMDB: N/A/10 N/A votes
movie

Child of Kamiari Month (2021)

2021

Release year

Genres

Release year