Alpha Premium

Amy Anzel

As Good as It Gets 7.7
As Good as It Gets As Good As It Gets(1997) ဇာတ်လမ်းအညွှန်း ************************************* IMDb….7.7,,,Rotten..85% ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ … ၁၉၉၇ ၀န်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး..ပုံမှန်မြင်တွေ့နေကြရှေးဟောင်းဇာတ်လမ်းတွေလို အဓိကဇာတ်ဆောင်နှစ်ယောက်ကို လှည့်ပတ်ရိုက်ပြတာမျိုးမဟုတ်ဘဲ…ဇာတ်လမ်း တင်ဆက်ပုံ အသွားအလာတွေ ထူးခြားစွာကွဲထွက်နေတဲ့ ဒါရိုက်တာ James L. Brooks ရဲ့ ကားလေးပဲ ဖြစ်ပါတယ်… ဇာတ်လမ်းထဲမှာတော့…OCD ဖြစ်နေတဲ့ လူ့ဂွစာ စာရေးဆရာလူပျိုကြီး၊ မယ်လ်ဗင် ယူဒေါလ် ဟာ သူ့ရဲ့အိမ်နီးချင်း လူငယ် Gay ပန်းချီဆရာ၊ဆိုင်မွန် နဲ့ ခွေးလေး ဗာဒဲလ် ကို အင်မတန်မှ အမြင်ကတ်သူပါ… လူ့ဂွစာလူပျိုကြီးပီပီ အသန့်အပြန့်အလွန်ကြိုက်တော့ တွေ့ကရာသေးပန်းတတ်တဲ့ ခွေးလေး ဗာဒဲလ်က သူ့အတွက်တော့ တကယ့်အနှောက်အယှက်လေးပါပဲ… ပတ်၀န်းကျင်က ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ ဒီလူကြီးကို သည်းခံတဲ့သူတစ်ယောက်တော့ရှိပါသေးတယ်…သူကတော့ မယ်လ်ဗင် သွားနေကြစားသောက်ဆိုင်က စားပွဲထိုးမလေး ကာရိုးလ် ပဲဖြစ်ပါတယ်…အဲ့ဒီနောက်မှာတော့ စာလေးရေးပြီး တစ်ယောက်ထဲ အေးအေးလူလူ နေတတ်တဲ့ မယ်လ်ဗင် တစ်ယောက်… ရုတ်တရက်ဆိုသလို ...
7.7
IMDB: 7.7/10 268,254 votes
movie

As Good as It Gets

1997
Premium
Kick-Ass 2 (2013) 6.5
Kick-Ass 2 (2013) ဒီ Hero ကားလေးကိုတော့ အားလုံးနဲ့မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်… ၂၀၁၀ ကထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့  ၃ နှစ်အကြာမှာပြန်လည်ထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်… နောက်ပြီးတော့ ဒီ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ… ( သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ… ဘာလို့လဲဆိုတော့ သူ့အမေကိုသူမတော်တဆသတ်မိလိုက်လို့တဲ့ဗျာ….)   သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်… သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ… ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့  အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ… ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးဝတ်တော့တာမဟုတ်ပါဘူး… Kick Ass 1 မှာတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှု့တွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ… သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး…ဒါပေမယ့် သူတို့ရဲ့စံပြကြီး Kick Ass လိုမျိုးမျက်နှာဖုံးတပ်လိုက်တာနဲ့ သူတို့ကိုယ်သူတို့အားအင်တွေ ရှိလာကြမယ်ဆိုတာ သူတို့ကိုယ်တိုင်ယုံကြည်နေကြလို့ပါ…. (သူရဲကောင်းဆိုတာလက်ရုံးရည်မရှိလည်း နှလုံးရည်ရှိလည်းရတယ်ဆိုသလိုပေါ့..) နောက်ပြီးတော့ Kick Ass 1 မှာ ၁၃ နှစ်သာသာပဲရှိနေသေးတဲ့ ...
6.5
IMDB: 6.5/10 249,635 votes
movie

Kick-Ass 2 (2013)

2013
Premium

Release year

Genres

Release year