Alpha Premium

Apurva Agnihotri

Lakeer: Forbidden Lines (2004) 4.4
Lakeer: Forbidden Lines (2004) (App member only) ##unicode နာမည်ကြီးမင်းသား John Abrahamပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကျော်Sunny Deolနဲ့ Sunil Shettyတို့ရဲ့ ဇာတ်ကားဟောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်နော် နာမည်ကျော်တွေရဲ့ငယ်ရုပ်တွေကိုလည်းမြင်တွေ့ရမယ် အချစ်အက်ရှင်ဇာတ်ကားကောင်းမို့ ခံစားချက်မျိုးစုံ အက်ရှင်ဇာတ်ဝင်ခန်းကောင်းတွေကိုပါ အားပါးတရကြည့်ရူရဦးမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ဆွေမျိုးမိဘမရှိတဲ့တစ်ကောင်ကြွက် အာဂျွန်ဟာ အာဂျွန်ရာနာဟာ သူ့ကိုမြေတောင်မြှောက်ပေးခဲ့တဲ့ ဘာဘာကို အဖေတစ်ယောက်လိုလေးစားချစ်ခင်ခဲ့ပါတယ် ဘာဘာဆုံးသွားတော့ ဘာဘာရဲ့တစ်ဦးတည်းသောသား ကာရန်ကို သူ့ညီအရင်းလိုသတ်မှတ်ပြီးစောင့်ရှောက်ခဲ့ပါတယ် ဒါ့အပြင် သူ့အတွက်အသက်ပေးသွားတဲ့လူရဲ့သမီးဖြစ်သူ ဘင်ဒရာကိုလည်း သုံးနှစ်သမီးအရွယ်ကတည်းက ညီမအရင်းလေးလိုစောင့်ရှောက်ပေးခဲ့တာပါ အာဂျွန်ဟာ တရားမဝင်လုပ်ငန်းတွေလုပ်ပေမယ့် စိတ်ထားကောင်းမွန်တာကြောင့် လူတိုင်းက သူ့ကိုလေးစားချစ်ခင်ကြပါတယ် ဒီအထဲမှာ ဆန်ဂျူးလည်းအပါအဝင်ပေါ့ ဆန်ဂျူးကလည်း သူ့ညီ ဆာဟီးကို သိပ်ချစ်ပြီး အာဂျွန်ကိုအရမ်းလေးစားတဲ့လူတစ်ယောက်ပါ ဆာဟီး၊ ကာရန်နဲ့ဘင်ဒရာက ကောလိပ်တစ်ခုတည်းတတ်တဲ့အချိန်မှာ လူငယ်တို့သဘာဝချစ်ကြိုက်မိပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဖြစ်လာခဲ့ပါတယ် ညီနှစ်ယောက်ရန်ပွဲတွေဖြစ်လာတော့ အစ်ကိုတွေဖြစ်တဲ့ အာဂျွန်နဲ့ဆန်ဂျူး ဘယ်လိုပြဿနာတွေဖြစ်လာမလဲဆိုတာ ဒီဇာတ်ကားမှာမြင်တွေ့ရမှာပါ ဒီဇာတ်ကားက လူ့ခံစားချက်တွေကိုအသားပေးရိုက်ကူးထားတာဖြစ်လို့ တကယ်ကိုကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားပါပဲ ကြည့်ရူအားပေးကြပါဦးနော် ##zawgyi နာမည်ကြီးမင်းသား John Abrahamပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကျော်Sunny Deolနဲ့ Sunil Shettyတို့ရဲ့ ဇာတ်ကားဟောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်နော် နာမည်ကျော်တွေရဲ့ငယ်ရုပ်တွေကိုလည်းမြင်တွေ့ရမယ် အချစ်အက်ရှင်ဇာတ်ကားကောင်းမို့ ခံစားချက်မျိုးစုံ အက်ရှင်ဇာတ်ဝင်ခန်းကောင်းတွေကိုပါ အားပါးတရကြည့်ရူရဦးမှာပါ ဇာတ်လမ်းအကျဉ်းကတော့ ဆွေမျိုးမိဘမရှိတဲ့တစ်ကောင်ကြွက် အာဂျွန်ဟာ အာဂျွန်ရာနာဟာ သူ့ကိုမြေတောင်မြှောက်ပေးခဲ့တဲ့ ဘာဘာကို အဖေတစ်ယောက်လိုလေးစားချစ်ခင်ခဲ့ပါတယ် ...
4.4
IMDB: 4.4/10 969 votes
movie


2004

Release year

Genres

Release year