Alpha Premium

Bahadin Halabjai

Bekas (2012) 7.5
Bekas (2012) (App only) (free သမားတွေလဲ app ကနေဝင်ကြည့်လို့ရပါတယ်ခင်ဗျာ) ##unicode အားလုံးပဲ ဒီတစ်ခေါက် ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်နော်... ဇာတ်လမ်းလေးက အီရတ်မှာ ရှိတဲ့ ကတ်လူမျိုးရွာလေးတစ်ရွာက ညီအကို ကောင်လေးနှစ်ယောက်ရဲ့ အမေရိကန်ကို ခရီးထွက်တဲ့ ဇာတ်လမ်းလေးပါ.. အီရတ်ရဲ့ ကတ်ရွာလေးတစ်ရွာမှာ ဇာနာနဲ့ ဒါနာဆိုတဲ့ ကောင်လေး၂ယောက် ရှိတယ် .. သူတို့က မိဘမဲ့၂ကောင်ကြွက်တွေပေါ့..မိဘကလည်းမဲ့ ပိုက်ဆံကလည်းမရှိ သူများတကာတွေရဲ့ ဖိနပ်လေးတွေ တိုက်ပြီး အသက်မွေးရတဲ့ကောင်လေးတွေ.... တစ်ခြားကလေးတွေ ရွာရဲ့ ရုပ်ရှင်ရုံမှာ လက်မှတ်ဝယ်ပြီးကြည့်တဲ့အချိန်ဆို သူတို့က ရုပ်ရှင်ရုံရဲ့ အမိုးပေါ်တက်ပြီး အပေါက်လေးကနေ ရုပ်ရှင်ခိုးကြည့်ကြရတယ်..သူတို့ရွာမှာ ကလေးတွေ အကြိုက်ရုပ်ရှင်ကတော့ စူပါမန်းကားပါ... သူတို့ညီအကိုကလည်း စူပါမန်းက အမေရိကန်မှာ တကယ်ရှိတယ်ထင်ပြီး သူတို့ကို နှိပ်စက်ညှင်းပန်းတဲ့သူတွေရဲ့ နာမည်နဲ့ ကတ်လူမျိုးတွေကို သတ်နေတဲ့ ဆဒမ်ဟူစိန်ရဲ့ နာမည်ကိုစာ အုပ်လေးထဲမှာ ချရေးပြီး စူပါမန်းနဲ့ တိုင်ဖို့ ... အမေရိကန်ကို ညီအကိုနှစ်ယောက် ခရီးထွက်ခဲ့ကြတော့တယ်....ဖိနပ်တိုက်လို့ရတဲ့ပိုက်ဆံနဲ့ မြည်းလေးတစ်ကောင်ဝယ်ခဲ့ပြီး အီရတ်ကနေ အမေရိကန်အထိ မြည်းတစ်ကောင်နဲ့ ခရီးထွက်ခဲ့ကြပါတော့တယ်။ ညီအကို၂ယောက်ရဲ့ လမ်းခရီးမှာ ဘာတွေ ကြုံတွေ့ရမလဲ ...
7.5
IMDB: 7.5/10 4,808 votes
movie

Bekas (2012)

2012
App Only

Release year

Genres

Release year