Alpha Premium

Bruno Gunn

Barely Lethal (2015) 5.4
Barely Lethal (2015) (App member only) ##unicode ဒီတစ်ခါတော့ Comedy, Action အမျိုးအစားဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါ့မယ်။ ဇာတ်လိုက်မင်းသမီးက ကလေးတွေကို ငယ်ငယ်လေးကတည်းက လုပ်ကြံသတ်ဖြတ်ရေးသမား အေးဂျင့်တွေအဖြစ် လေ့ကျင့်ပျိုးထောင်ပေးတဲ့ အစိုးရအခြေစိုက်လျှို့ဝှက်ကျောင်းက အေးဂျင့် ၈၃။ တစ်နေ့မှာတော့ သူစစ်ဆင်ရေးတစ်ခုလုပ်ဆောင်ရင်းကနေ သူ့အရွယ်ဆယ်ကျော်သက်လူငယ်တွေ လွတ်လွတ်လပ်လပ်နဲ့ ကျောင်းတက်၊ ပျော်ပါးနေကြတာကိုမြင်တော့ ၈၄ တစ်ယောက် အားကျပြီး သူလည်းသာမန်ဆယ်ကျော်သက်ဘဝမျိုး ပိုင်ဆိုင်ချင်စိတ်အရမ်းပြင်းပြခဲ့တယ်။ လိုအပ်တဲ့အချက်အလက်တွေ၊ သတင်းတွေစုဆောင်းပြီး အခွင့်ကောင်းကိုစောင့်နေခဲ့တယ်။ ဒီလိုနဲ့ စစ်ဆင်ရေးတစ်ခုမှာ သေချင်ယောင်ဆောင်လိုက်ပြီး ကနေဒါကနေကျောင်းပြောင်းလာတဲ့ကျောင်းသူ မေဂန်အဖြစ်နဲ့ မြို့သေးသေးလေးတစ်ခုမှာ ဇာတ်မြှုပ်နေထိုင်ခဲ့တယ်။ သူတောင့်တခဲ့ရတဲ့ အထက်တန်းကျောင်းဆိုတာကြီးကိုရောက်လာခဲ့ပေမဲ့ စစ်ဘက်အတတ်တွေကိုပဲ သင်ယူခဲ့ရတဲ့သူ့အတွက်တော့ အထက်တန်းကျောင်းမှာကျောင်းတက်ရတာက ထမ်းဆောင်ခဲ့ရတဲ့စစ်ဆင်ရေးတွေထက်တောင် ပိုပြီးခက်ခဲနေပါသေးတယ်။ အခက်အခဲတွေကြားထဲက မေဂန်တစ်ဖြစ်လည်း အေးဂျင့် ၈၃ တစ်ယောက် သူအိပ်မက်မက်ခဲ့ရတဲ့ဘဝမျိုးကို ပိုင်ဆိုင်ရပါ့ဦးမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးပါဦး။ ##zawgyi ဒီတစ္ခါေတာ့ Comedy, Action အမ်ိဳးအစားဇာတ္လမ္းေလးတစ္ပုဒ္ကို တင္ဆက္ေပးပါ့မယ္။ ဇာတ္လိုက္မင္းသမီးက ကေလးေတြကို ငယ္ငယ္ေလးကတည္းက လုပ္ႀကံသတ္ျဖတ္ေရးသမား ေအးဂ်င့္ေတြအျဖစ္ ေလ့က်င့္ပ်ိဳးေထာင္ေပးတဲ့ အစိုးရအေျခစိုက္လၽွို႔ဝွက္ေက်ာင္းက ေအးဂ်င့္ ၈၃။ တစ္ေန႔မွာေတာ့ သူစစ္ဆင္ေရးတစ္ခုလုပ္ေဆာင္ရင္းကေန သူ႔အရြယ္ဆယ္ေက်ာ္သက္လူငယ္ေတြ ...
5.4
IMDB: 5.4/10 20,549 votes
movie

Barely Lethal (2015)

2015
App Only

Release year

Genres

Release year