Alpha Premium

Judd Hirsch

Man on the Moon (1999) 7.4
Man on the Moon (1999) (App member only) ##unicode ကဲ ဒီတစ်ခါမှာ မင်းသားကြီး Jim Carrey ရဲ့ Old but Gold ကားတစ်ကားဖြစ်တဲ့ "Man On The Moon (1999)"ဆိုတဲ့ အင်္ဂလိပ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အန်ဒီကားဖ်မန်းရဲ့ သမားရိုးကျမဆန်တဲ့ဟာသတွေအကြောင်းနဲ့ သူရဲ့ဘဝအကြောင်းကို တွေ့ရှိရမှာပါ။ အန်ဒီကားဖ်မန်းဆိုတဲ့ တစ်မူထူးခြားတဲ့သူဟာ ပရိတ်သတ်တွေအတွက် ဟာသတွေတင်ဆက်ရင်း၊ သီဆိုကပြရင်းနဲ့ပဲ.....Taxiဆိုတဲ့တီဗီရှိုးတစ်ခုမှာ လတ်ကာလို့ခေါ်တဲ့စက်ပြင်ဆရာအနေနဲ့ပါဝင်ဖို့ဖြစ်လာပါတယ်။နောက်ပိုင်းမှာတော့ သူဟာ အမျိုးသမီးတွေနဲ့နပမ်းပြိုင်သူအဖြစ် နာမည်ကြီးလာတော့တာပါပဲ။ ပရိသတ်တွေကို ကြိုးကိုင်ချယ်လှယ်တဲ့နေရာမှာ သိပ်ကိုကျွမ်းကျင်လာတဲ့ အန်ဒီဟာ ဖျော်ဖြေတင်ဆက်မှုတွေလုပ်ရင်း ပရိသတ်တွေကိုရယ်မောစေခဲ့တယ်။ သူဟာ ဖျော်ဖြေတင်ဆက်မှုတွေကို အစစ်အမှန်ဖြစ်အောင်ဖန်တီးတင်ဆက်ရင်းနဲ့ပဲ မိသားစုဝင်တွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေတောင် အမှန်တရားကို မခန့်မှန်းတတ်တော့တဲ့အထိဖြစ်လာခဲ့တော့တယ်။ အဲဒီလိုနဲ့ အန်ဒီရဲ့ဘဝမှာ ဘာတွေကြုံတွေ့လာရမလဲ၊ သူနဲ့သူ့ကောင်မလေးရဲ့ဆက်ဆံရေး၊ သူနဲ့မိတ်ဆွေသူငယ်ချင်းတွေရဲ့ဆက်ဆံရေးကရော ဘယ်လိုတွေရှိမလဲ၊ အန်ဒီရဲ့ဘဝဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိကြရမှာဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦးနော်။ ##zawgyi ကဲ ဒီတစ္ခါမွာ မင္းသားႀကီး Jim Carrey ရဲ႕ Old but Gold ကားတစ္ကားျဖစ္တဲ့ "Man On The Moon ...
7.4
IMDB: 7.4/10 130,431 votes
movie

Man on the Moon (1999)

1999
Hollywood Stargirl (2022) N/A
Hollywood Stargirl (2022) ##unicode ဒီတစ်ခါတင်ဆက်ပေးထားတာကတော့ "Hollywood Stargirl (2022)"ဆိုတဲ့အင်္ဂလိပ်ဇာတ်ကားလေးပါ။ အမေနဲ့အတူ နေရာအသစ်ကိုပြောင်းရွှေ့လာတဲ့ စတားဂဲလ်ဆိုတဲ့ကောင်မလေးဟာ မိတ်ဆွေအသစ်တွေနဲ့တွေ့ပြီး အိပ်မက်တွေကိုဘယ်လိုအကောင်အထည်ဖော်မလဲ၊ ဖန်တီးမှုတွေကိုဘယ်လိုလုပ်ဆောင်ကြမလဲဆိုတဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ စတားဂဲလ်လို့ခေါ်တဲ့ကောင်မလေးဟာ သူ့အမေရဲ့အလုပ်ကိစ္စ​ကြောင့် အမေနဲ့အတူတူLAကိုပြောင်းရွှေ့လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ပါ။ အမေဖြစ်သူအန်နာဟာ တစ်ချိန်လုံးအလုပ်လုပ်နေရပြီး ကျောင်းပိတ်ရက်နွေရာသီလည်းဖြစ်တာကြောင့် စတားဂဲလ်ဟာ တစ်ယောက်တည်းဖြစ်နေခဲ့တယ်။ အဲဒီလိုနဲ့ သူ အခန်းထဲမှာသီချင်းဆိုနေတာကို အယ်ဗန်ဆိုတဲ့ကောင်လေးကကြားသွားခဲ့ပါတယ်။ အယ်ဗန်ကတော့ စတားဂဲလ်တို့သားအမိကိုတိုက်ခန်းငှားပေးထားတဲ့အမျိုးသမီးရဲ့သားတစ်ယောက်ပါ။ အယ်ဗန်ဟာ စတားဂဲလ်သီချင်းဆိုတာကို သဘောကျသွားပြီးတဲ့နောက် သူနဲ့သူ့အစ်ကိုဖန်တီးမယ့်ရုပ်ရှင်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်ပါတော့တယ်။ အဲဒီလိုနဲ့ စတားဂဲလ်ဟာ ရရှိလာတဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးစိတ်လှုပ်ရှားခဲ့ရပြီးနောက် အယ်ဗန်တို့ညီအစ်ကိုနှစ်ယောက်နဲ့အတူတူ အကောင်းဆုံးကြိုးစားလုပ်ဆောင်ဖို့စတင်တဲ့အခါမှာတော့........ သူတို့တစ်တွေဟာ တစ်ခြားဘယ်သူတွေရဲ့အကူအညီတွေကိုရရှိလာဦးမလဲ၊ နေရာအသစ်မှာပျော်ရွှင်နေတဲ့စတားဂဲလ်ရဲ့ပျော်ရွှင်မှုတွေကရောကြာရှည်ခံပါ့မလား၊ ရုပ်ရှင်ကားဖန်တီးဖို့ကြိုးစားတာကရော အောင်မြင်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်း​လေးထဲမှာ စိတ်ဝင်စားဖွယ်လိုက်ပါစီးမျောကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ##zawgyi ဒီတစ္ခါတင္ဆက္ေပးထားတာကေတာ့ "Hollywood Stargirl (2022)"ဆိုတဲ့အဂၤလိပ္ဇာတ္ကားေလးပါ။ အေမနဲ႔အတူ ေနရာအသစ္ကိုေျပာင္းေ႐ႊ႕လာတဲ့ စတားဂဲလ္ဆိုတဲ့ေကာင္မေလးဟာ မိတ္ေဆြအသစ္ေတြနဲ႔ေတြ႕ၿပီး အိပ္မက္ေတြကိုဘယ္လိုအေကာင္အထည္ေဖာ္မလဲ၊ ဖန္တီးမႈေတြကိုဘယ္လိုလုပ္ေဆာင္ၾကမလဲဆိုတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာပဲျဖစ္ပါတယ္။ စတားဂဲလ္လို႔ေခၚတဲ့ေကာင္မေလးဟာ သူ႔အေမရဲ႕အလုပ္ကိစၥ​ေၾကာင့္ အေမနဲ႔အတူတူLAကိုေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေကာင္မေလးတစ္ေယာက္ပါ။ အေမျဖစ္သူအန္နာဟာ တစ္ခ်ိန္လုံးအလုပ္လုပ္ေနရၿပီး ေက်ာင္းပိတ္ရက္ေႏြရာသီလည္းျဖစ္တာေၾကာင့္ စတားဂဲလ္ဟာ တစ္ေယာက္တည္းျဖစ္ေနခဲ့တယ္။ အဲဒီလိုနဲ႔ သူ အခန္းထဲမွာသီခ်င္းဆိုေနတာကို အယ္ဗန္ဆိုတဲ့ေကာင္ေလးကၾကားသြားခဲ့ပါတယ္။ အယ္ဗန္ကေတာ့ စတားဂဲလ္တို႔သားအမိကိုတိုက္ခန္းငွားေပးထားတဲ့အမ်ိဳးသမီးရဲ႕သားတစ္ေယာက္ပါ။ အယ္ဗန္ဟာ စတားဂဲလ္သီခ်င္းဆိုတာကို သေဘာက်သြားၿပီးတဲ့ေနာက္ သူနဲ႔သူ႔အစ္ကိုဖန္တီးမယ့္႐ုပ္ရွင္ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ပါဝင္ဖို႔ ဖိတ္ေခၚပါေတာ့တယ္။ အဲဒီလိုနဲ႔ စတားဂဲလ္ဟာ ...
N/A
IMDB: N/A/10 N/A votes
movie

Hollywood Stargirl (2022)

2022

Release year

Genres

Release year