Alpha Premium

Kay Greidanus

The East (2021) 7.4
The East (2021) ##unicode ဒီတစ်ခါတင်ဆက်ပေးမှာကတော့ စစ်ကြီးပြီးခါစ စစ်ကားလေးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး မဟာမိတ်တွေအနိုင်ရပြီး နာဇီဂျပန်တွေကို အင်ဒိုနီးရှားမြေကနေ မောင်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နယ်သာလန်က စစ်တပ်တွေလွှတ်ပြီး နယ်မြေရှင်းလင်းရေးတွေလုပ်ခဲ့ပါတယ်။ နယ်သာလန်အစိုးရက တပ်ထဲဝင်ဖို့ဆန္ဒပြုသူတွေကို စစ်မှုထမ်းပြီးပြန်လာရင် အလုပ်စီစဉ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီလိုကြောင့် အလုပ်အကိုင်ရှားပါးတဲ့ အချိန်လည်းဖြစ်တာကြောင့် အများစုက တပ်ထဲဝင်ခဲ့ကြပါတယ်။ ဒီအထဲမှာ ဂျိုဟန်ဒီဗရီစ်ဆိုတဲ့ ကောင်လေးလည်းပါလာခဲ့ပါတယ်။ သူကတော့ အင်ဒိုနီးရှားဒေသခံတွေကိုကူညီပြီး နိုင်ငံပြန်လည်တည်ထောင်ပေးမယ်။ ပြန်လာရင် အလုပ်တစ်ခုရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ အင်ဒိုနီးရှားကိုတကယ်ရောက်သွားတဲ့အခါမှာတော့ သူထင်ထားသလိုမဟုတ်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ သူလုပ်နေတဲ့အရာဟာ မှန်လား၊ မှားလားတောင် မဝေခွဲတတ်အောင်ဖြစ်လာခဲ့ပါတယ်။ ဂျိုဟန်တစ်ယောက် ဘယ်လိုအရာတွေနဲ့များကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ကြရမယ့်၊ စစ်အတွင်းအနေအထားများကို မြင်သာအောင်ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ ##zawgyi ဒီတစ္ခါတင္ဆက္ေပးမွာကေတာ့ စစ္ႀကီးၿပီးခါစ စစ္ကားေလးျဖစ္ပါတယ္။ ဒုတိယကမာၻစစ္အၿပီး မဟာမိတ္ေတြအႏိုင္ရၿပီး နာဇီဂ်ပန္ေတြကို အင္ဒိုနီးရွားေျမကေန ေမာင္းထုတ္ခဲ့ပါတယ္။ ဒါေပမဲ့ အင္ဒိုနီးရွားႏိုင္ငံကို ျပန္လည္တည္ေဆာက္ဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ နယ္သာလန္က စစ္တပ္ေတြလႊတ္ၿပီး နယ္ေျမရွင္းလင္းေရးေတြလုပ္ခဲ့ပါတယ္။ နယ္သာလန္အစိုးရက တပ္ထဲဝင္ဖို႔ဆႏၵျပဳသူေတြကို စစ္မႈထမ္းၿပီးျပန္လာရင္ အလုပ္စီစဥ္ေပးမယ္လို႔ ကတိျပဳခဲ့ပါတယ္။ ဒီလိုေၾကာင့္ အလုပ္အကိုင္ရွားပါးတဲ့ အခ်ိန္လည္းျဖစ္တာေၾကာင့္ အမ်ားစုက တပ္ထဲဝင္ခဲ့ၾကပါတယ္။ ဒီအထဲမွာ ဂ်ိဳဟန္ဒီဗရီစ္ဆိုတဲ့ ...
7.4
IMDB: 7.4/10 22 votes
movie

The East (2021)

2020
1080p/720p

Release year

Genres

Release year