Alpha Premium

Lee Ju-won

The Roundup (2022) 7.2
The Roundup (2022) ##unicode ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ အထူးညွှန်းစရာမလိုပါဘူး။ ကိုရီးယားအက်ရှင်ကားတွေရဲ့ ထိပ်တန်းမင်းသားကြီးဖြစ်တဲ့ မာဒုံဆော့နဲ့ လတ်တလောရေပန်းစားနေတဲ့ My Liberation Notesရဲ့မင်းသား ဆွန်းဆော့ကူးတို့ လက်တွဲရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းတစ်ကားပါ။ ဒီဇာတ်လမ်းမှာတော့ ဂန်ဟေဆန်းလို့ခေါ်တဲ့ ဆွန်းဆော့ကူးဟာ အရှေ့တောင်အာရှမှာရှိတဲ့ကိုရီးယားခရီးသွားတွေ လုပ်ငန်းရှင်တွေကိုပြန်ပေးဆွဲပြီး ပိုက်ဆံတွေရှာတဲ့ လူဆိုးကောင်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ စုံထောက်မာခေါ် မာဒုံဆော့ကတော့ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးစုံစမ်းနေတဲ့ ရဲဌာနက အရမ်းတော်တဲ့စုံထောက်အနေနဲ့သရုပ်ဆောင်ထားတာပါ။ တစ်နေ့ဗီယက်နမ်မှာ ကိုယ့်ကိုကိုယ်အဖမ်းခံခဲ့တဲ့ရာဇဝတ်ကောင်တစ်ယောက်ကို ကိုရီးယားကိုပြန်ခေါ်လာဖို့စုံထောက်မာသွားခဲ့ပါတယ်။ရာဇဝတ်ကောင်ကို စုံစမ်းမေးမြန်းရာမှစတင်ပြီး ဖြေရှင်းရမယ့်ပြဿနာတွေ အရှုပ်အရှင်းတွေ နောက်ကွယ်ကလူတွေကိုဖော်ထုတ်ရဖို့ဖြစ်လာခဲ့ပါတယ်။ ဒီကိစ္စတွေကရော ဂန်ဟေဆန်းနဲ့ဘယ်လိုပတ်သတ်နေမလဲ။ စုံထောက်မာကရောအဆုံးထိ ရာဇဝတ်မှုကိုဖော်ထုတ်နိုင်ပြီးတကယ့်အပြစ်သားတွေကိုဖော်ထုတ်နိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ နှစ်ယောက်သားchemistryမိမှုကတော့ အက်ရှင်ကားတွေမကြိုက်တဲ့လူတောင်တစ်ခန်းမှမကျော်ဖြစ်တဲ့အထိပါပဲ။တကယ်ကို impressedဖြစ်ရတဲ့ ကားကောင်းတစ်ကားပါ။အက်ရှင်ကိုမှဟာသအရောလေးနဲ့ ဖြစ်တဲ့အတွက် ဒီလိုကာလမှာစိတ်အပန်းပြေစေမယ့်ကားပါ။လူတိုင်းကြည့်သင့်တဲ့ ကိုရီးယားအက်ရှင်ကားကောင်းကြီးပါ။(ဒီထဲမှာဆိုတို့ ဂူ ကလူသတ်ရင်ဓားမကြီးနဲ့အားရပါးရကိုခုတ်ခုတ်သတ်တာနော် သူ့ကြည့်ရတာကို အရမ်းmoodတွေဝင်နေတာ၊စုံထောက်မာရဲ့ ဖိုက်တင်းချတဲ့အခန်းတွေကတော့ အထူးပြောစရာမလိုပါဘူး သူ့ပရိတ်သတ်တိုင်းသိပါတယ်) ##zawgyi ဒီတစ္ေခါက္ဇာတ္ကားေလးကေတာ့ အထူးၫႊန္းစရာမလိုပါဘူး။ ကိုရီးယားအက္ရွင္ကားေတြရဲ႕ ထိပ္တန္းမင္းသားႀကီးျဖစ္တဲ့ မာဒုံေဆာ့နဲ႔ လတ္တေလာေရပန္းစားေနတဲ့ My Liberation Notesရဲ႕မင္းသား ဆြန္းေဆာ့ကူးတို႔ လက္တြဲ႐ိုက္ကူးထားတဲ့ အက္ရွင္ကားေကာင္းတစ္ကားပါ။ ဒီဇာတ္လမ္းမွာေတာ့ ဂန္ေဟဆန္းလို႔ေခၚတဲ့ ဆြန္းေဆာ့ကူးဟာ အေရွ႕ေတာင္အာရွမွာရွိတဲ့ကိုရီးယားခရီးသြားေတြ လုပ္ငန္းရွင္ေတြကိုျပန္ေပးဆြဲၿပီး ပိုက္ဆံေတြရွာတဲ့ လူဆိုးေကာင္အေနနဲ႔သ႐ုပ္ေဆာင္ထားပါတယ္။ စုံေထာက္မာေခၚ မာဒုံေဆာ့ကေတာ့ ရာဇဝတ္ေကာင္ေတြကို ဖမ္းဆီးစုံစမ္းေနတဲ့ ရဲဌာနက အရမ္းေတာ္တဲ့စုံေထာက္အေနနဲ႔သ႐ုပ္ေဆာင္ထားတာပါ။ ...
7.2
IMDB: 7.2/10 847 votes
movie

The Roundup (2022)

2022
The Witch: Part 1. The Subversion (2018) 7.1
The Witch: Part 1. The Subversion (2018) ##unicode The Witch ဇာတ်ကားကတော့ မင်းသမီးချော Kim Da miနဲ့ မင်းသားချော Choi Woo shikတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကားဖြစ်ပါတယ်။ ကိုရီးယားစမ်းသပ်ခန်းတစ်ခုကနေ ထွက်ပြေးလာတဲ့ အသက်၈နှစ်အရွယ်ကလေးတစ်ယောက်ကို ရွာတစ်ရွာကစုံတွဲတစ်တွဲကနေ ခေါ်ယူမွေးစားကာ Koo jayoonလို့ အမည်ပေးခဲ့တယ်။မှတ်ဉာဏ်တွေပျောက်ဆုံးသွားတဲ့ KooJayoonက မိဘတွေနဲ့အတူ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းခဲ့တယ်။Koo jayoonအထက်တန်းကျောင်းသူဖြစ်လာတော့ မိဘတွေရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းပေးဖို့အတွက် ဆုကြေးငွေရတဲ့သီချင်း‌ဆိုပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ခဲ့တယ်။ဒါပေမဲ့သူမထွက်ပြေးလာတဲ့ စမ်းသပ်ခန်းကလူတွေက Koojayoonကို မှတ်မိသွားပြီး ပြန်လည်ဖမ်းဆီးဖို့ ကြိုးစားလာခဲ့တယ်။အတိတ်ကမှတ်ဉာဏ်တွေ ပျောက်ဆုံးနေတဲ့ Koojayoonတစ်ယောက် သူမကိုလိုက်လံဖမ်းဆီးနေတဲ့လူတွေလက်ကနေ လွှတ်မြောက်ပါ့မလားဆိုတာ ကြည့်ရှုကြပါအုံး။ ##zawgyi The Witch ဇာတ္ကားကေတာ့ မင္းသမီးေခ်ာ Kim Da miနဲ႔ မင္းသားေခ်ာ Choi Woo shikတို႔ပါ၀င္သ႐ုပ္ေဆာင္ထားတဲ့ ကားျဖစ္ပါတယ္။ ကိုရီးယားစမ္းသပ္ခန္းတစ္ခုကေန ထြက္ေျပးလာတဲ့ အသက္၈ႏွစ္အ႐ြယ္ကေလးတစ္ေယာက္ကို ႐ြာတစ္႐ြာကစုံတြဲတစ္တြဲကေန ေခၚယူေမြးစားကာ Koo jayoonလို႔ အမည္ေပးခဲ့တယ္။မွတ္ဉာဏ္ေတြေပ်ာက္ဆုံးသြားတဲ့ KooJayoonက မိဘေတြနဲ႔အတူ ဘ၀ကိုေအးေအးေဆးေဆးျဖတ္သန္းခဲ့တယ္။Koo jayoonအထက္တန္းေက်ာင္းသူျဖစ္လာေတာ့ မိဘေတြရဲ႕ ေငြေၾကးအခက္အခဲကို ေျဖရွင္းေပးဖို႔အတြက္ ဆုေၾကးေငြရတဲ့သီခ်င္း‌ဆိုၿပိဳင္ပြဲတစ္ခုမွာ ၀င္ၿပိဳင္ခဲ့တယ္။ဒါေပမဲ့သူမထြက္ေျပးလာတဲ့ စမ္းသပ္ခန္းကလူေတြက Koojayoonကို မွတ္မိသြားၿပီး ျပန္လည္ဖမ္းဆီးဖို႔ ...
7.1
IMDB: 7.1/10 10,327 votes
movie

The Witch: Part 1. The Subversion (2018)

2018

Release year

Genres

Release year