Alpha Premium

Mallu

Appan (2022) 7.6
Appan (2022)   ##unicode "Appan (2022)"ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ နွန်ညူဟာ ရွာတစ်ရွာမှာ သူ့အဖေ၊ အမေ၊ ဇနီး၊ သားတစ်ယောက်နဲ့အတူတူနေထိုင်နေတဲ့ ရော်ဘာအစေးခြစ်သူတစ်ယောက်ပါ။ အဖေဖြစ်သူအစ်တီဟာ ရက်စက်ကြမ်းကြုတ်ပြီး မိန်းမလိုက်စားသူတစ်ယောက်ပါပဲ။ သူဟာ ခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်တော့ပဲ အိပ်ရာထဲလဲနေပေမယ့် မိသားစုကိုရသမျှနည်းနဲ့နှိပ်စက်နေတာပါပဲ။ နွန်ညူဟာ သူ့အမေကိုအေးအေးချမ်းချမ်းနေထိုင်နိုင်စေချင်ပြီး သူ့မိသားစုကိုပိုပြီးကောင်းကောင်းမွန်မွန်ထားချင်ခဲ့တယ်။ နွန်ညူရဲ့အမေကူတီအမားဟာလည်း ခင်ပွန်းဖြစ်သူအစ်တီ‌ကြောင့် စိတ်ဆင်းရဲနေပေမယ့် နွန်ညူ ပိုင်ဆိုင်မှုရဖို့အတွက် သည်းခံခဲ့တယ်။ မိသားစုတစ်စုလုံးဟာ သူတို့ရဲ့ပိုင်ဆိုင်မှုဝေစုရဖို့အတွက်‌ အစ်တီသေဆုံးမှာကိုစောင့်မျှော်နေကြပြီး ရွာသား‌‌တွေဟာလည်း အစ်တီသူတို့အပေါ်လုပ်ခဲ့တဲ့ပြဿနာတွေကြောင့် သူ့ကိုသတ်ဖို့ စီစဉ်ခဲ့ကြတယ်။ ဒီလိုနဲ့ပဲ နွန်ညူတို့ မိသားစုရဲ့အ‌ခြေအနေဘယ်လိုဆက်ဖြစ်သွားမှာလဲ၊ အစ်တီရဲ့နှိပ်စက်မှုတွေကို ဘယ်လိုသည်းခံကြရဦးမှာလည်း၊ အစ်တီဟာ တကယ်ပဲသေဆုံးသွားမှာလား၊ ဘယ်သူကများ အစ်တီကို အဆုံးသတ်ပေးနိုင်မှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စိတ်ဝင်စားဖွယ် လိုက်ပါစီးမျောနိုင်မယ့်ဇာတ်လမ်းဖြစ်လို့ ဒီဇာတ်ကားလေးကိုလည်း ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ ##zawgyi "Appan (2022)"ဆိုတဲ့ အိႏၵိယဇာတ္ကားေကာင္းေလးတစ္ကားကို တင္ဆက္ေပးလိုက္ပါတယ္။ ႏြန္ညဴဟာ ႐ြာတစ္႐ြာမွာ သူ႔အေဖ၊ အေမ၊ ဇနီး၊ သားတစ္ေယာက္နဲ႔အတူတူေနထိုင္ေနတဲ့ ေရာ္ဘာအေစးျခစ္သူတစ္ေယာက္ပါ။ အေဖျဖစ္သူအစ္တီဟာ ရက္စက္ၾကမ္းၾကဳတ္ၿပီး မိန္းမလိုက္စားသူတစ္ေယာက္ပါပဲ။ သူဟာ ခႏၶာကိုယ္ေအာက္ပိုင္းမလႈပ္ရွားႏိုင္ေတာ့ပဲ အိပ္ရာထဲလဲေနေပမယ့္ မိသားစုကိုရသမွ်နည္းနဲ႔ႏွိပ္စက္ေနတာပါပဲ။ ႏြန္ညဴဟာ သူ႔အေမကိုေအးေအးခ်မ္းခ်မ္းေနထိုင္ႏိုင္ေစခ်င္ၿပီး သူ႔မိသားစုကိုပိုၿပီးေကာင္းေကာင္းမြန္မြန္ထားခ်င္ခဲ့တယ္။ ႏြန္ညဴရဲ႕အေမကူတီအမားဟာလည္း ခင္ပြန္းျဖစ္သူအစ္တီ‌ေၾကာင့္ စိတ္ဆင္းရဲေနေပမယ့္ ႏြန္ညဴ ...
7.6
IMDB: 7.6/10 1755 votes
movie

Appan (2022)

Release year

Genres

Release year