Alpha Premium

Miles Jupp

Greed 5.6
Greed England Brand အဝတ်အစားတွေရဲ့ လောကမှာ ဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့ သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကို ဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။ သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။ သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့် သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။ အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။ ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီး အမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။ နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့ လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့ တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။ သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။ အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။ အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။ ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီး သူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကို သူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်က ...
5.6
IMDB: 5.6/10 2,689 votes
movie

Greed

2019
Premium
Misbehaviour 6.1
Misbehaviour Misbehaviour 2020 အလှမယ် အကြောင်းစိတ်၀င်စားတဲ့သူတွေအတွက် သတင်းကောင်းပါ။ ဒီကားဟာဆိုရင် 1969,1970 ခုနှစ်တုန်းက Miss World ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။ ထူးခြားတာကတော့ အဲ့ဒီခေတ်ရဲ့ Miss World ကိုကြည့်ရှုကြတဲ့နှုန်းဟာဆိုရင် World Cup ကို ကြည့်တဲ့နှုန်းထက်များပါတယ်တဲ့။ ဒါဟာ Miss World ရဲ့ အောင်မြင်မှုတစ်ခုလို့ ပြောလို့ရပါတယ်။ အလှမယ်လောက အကြောင်းကို documentary အနေနဲ့ ရိုက်ပြတာမျိုးမဟုတ်ပဲ ဇာတ်လမ်းအနေနဲ့ မြင်တွေ့ရမှာပါ ။ ပြီးတော့ အလှမယ်အကြောင်းအပြင် အဲ့ခေတ်က လူဖြူလူမည်း ခွဲခြားဆက်ဆံခ့ရတဲ့ လူမည်း အလှမယ်တွေကိုလည်း သနားစဖွယ်မြင်တွေ့ရမှာပါ။ ဒါ့အပြင် အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေကြတဲ့ အမျိုးတစ်စုကလည်း သူတို့ရဲ့ ဆန္ဒကို ဖော်ထုတ်နေကြတဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။ လူဖြူလူမည်း ခွဲခြားရေးဝါဒအောက်မှာ လူမည်းအလှမယ်တွေအနေနဲ့ နေရာကောရပါ့မလား၊ အမျိုးသမီးအခွင့်အရေးလိုချင်တဲ့သူတွေကကော အပြည့်အ၀ ရသွားကြမလားဆိုတာကိုတော့ စိတ်၀င်စားစရာပါပဲ အလှမယ်လောကနဲ့ ...
6.1
IMDB: 6.1/10 476 votes
movie

Misbehaviour

2020
720p / Premium

Release year

Genres

Release year