Alpha Premium

Niki Faulkner

Gran Turismo (2023) 7.4
Gran Turismo (2023) #unicode ကားပြိုင်တဲ့ဂိမ်းကစားတဲ့ ကစားသမားတစ်ယောက်က ပရော်ဖက်ရှင်နယ်အဆင့် ပြိုင်ကားမောင်းသူတစ်ယောက်ဖြစ်လာဖို့ဆိုတာ တွေးကြည့်လို့တောင်မရနိုင်တဲ့အဖြစ်အပျက်ကြီးတစ်ခုလိုပါပဲ ဒါပေမယ့် ရန်မာဒင်ဘရော့ဆိုတဲ့လူငယ်တစ်ယောက်ကတော့ ဖြစ်အောင်လုပ်ပြသွားခဲ့ပါတယ် ရန်ဟာဆိုရင် ဂရန်းတူရစ်စမိုဆိုတဲ့ အပြင်ကပြေးလမ်းတွေ၊ ပြိုင်ကားတွေကို အသေးစိတ်လေ့လာပြီး ဖန်တီးထားတဲ့ဂိမ်းကို ကစားလာတာနှစ်ချီနေတဲ့ အတော်ဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ် သူ့ရဲ့အိပ်မက်က တစ်ချိန်မှာနာမည်ကြီးပြိုင်ကွင်းတွေထဲကိုဝင်ပြီး ပြိုင်ကားတွေကိုမောင်းနှင်နိုင်ဖို့ပဲဖြစ်ပါတယ် အဲဒီအချိန်မှာပဲ Nissan ကားကုမ္ပဏီနဲ့ ဂိမ်းထုတ်လုပ်သူတွေပေါင်းပြီး ဂိမ်းသမားတွေကို ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသူတွေဖြစ်အောင် လေ့ကျင့်ပေးမယ့် ဂျီတီစခန်းသွင်းလေ့ကျင့်ရေးအကယ်ဒမီကို မိတ်ဆက်ခဲ့ပါတယ် ရန်မာဒင်ဘရော့ဟာ ဒီအစီအစဉ်ထဲမှာပါသွားခဲ့ပြီး သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ပြိုင်ကားသမားတစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်ကိုအောင်မြင်စွာနဲ့ အရယူနိုင်ခဲ့ပါတယ် သူဘယ်လိုမျိုး အခက်အခဲတွေကျော်ဖြတ်ခဲ့ရလဲ၊ ဂိမ်းသမားတစ်ယောက်အနေနဲ့ ပြိုင်ကားသမားတစ်ယောက်ဖြစ်လာတဲ့အခါ ဘယ်လိုစိန်ခေါ်မှုတွေ အခက်အခဲတွေကြုံရလဲဆိုတာကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာဖြစ်လို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ် ##zawgyi ကားပြိုင်တဲ့ဂိမ်းကစားတဲ့ ကစားသမားတစ်ယောက်က ပရော်ဖက်ရှင်နယ်အဆင့် ပြိုင်ကားမောင်းသူတစ်ယောက်ဖြစ်လာဖို့ဆိုတာ တွေးကြည့်လို့တောင်မရနိုင်တဲ့အဖြစ်အပျက်ကြီးတစ်ခုလိုပါပဲ ဒါပေမယ့် ရန်မာဒင်ဘရော့ဆိုတဲ့လူငယ်တစ်ယောက်ကတော့ ဖြစ်အောင်လုပ်ပြသွားခဲ့ပါတယ် ရန်ဟာဆိုရင် ဂရန်းတူရစ်စမိုဆိုတဲ့ အပြင်ကပြေးလမ်းတွေ၊ ပြိုင်ကားတွေကို အသေးစိတ်လေ့လာပြီး ဖန်တီးထားတဲ့ဂိမ်းကို ကစားလာတာနှစ်ချီနေတဲ့ အတော်ဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ် သူ့ရဲ့အိပ်မက်က တစ်ချိန်မှာနာမည်ကြီးပြိုင်ကွင်းတွေထဲကိုဝင်ပြီး ပြိုင်ကားတွေကိုမောင်းနှင်နိုင်ဖို့ပဲဖြစ်ပါတယ် အဲဒီအချိန်မှာပဲ Nissan ကားကုမ္ပဏီနဲ့ ဂိမ်းထုတ်လုပ်သူတွေပေါင်းပြီး ဂိမ်းသမားတွေကို ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသူတွေဖြစ်အောင် လေ့ကျင့်ပေးမယ့် ဂျီတီစခန်းသွင်းလေ့ကျင့်ရေးအကယ်ဒမီကို မိတ်ဆက်ခဲ့ပါတယ် ရန်မာဒင်ဘရော့ဟာ ဒီအစီအစဉ်ထဲမှာပါသွားခဲ့ပြီး သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ပြိုင်ကားသမားတစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်ကိုအောင်မြင်စွာနဲ့ ...
7.4
IMDB: 7.4/10 24,396 votes
movie

Gran Turismo (2023)

2023

Release year

Genres

Release year