Alpha Premium

Nikolaus Samesada

Killers (2014) 6.4
Killers (2014) ##unicode Killers ဇာတ်ကားကတော့ Japanနဲ့ Indonesianတို့ ပထမဆုံးCollaborationလုပ်ပြီးရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ Bayuက ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီးတော့ သူဟာ နိုင်ငံရေးသမား Dharmaရဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို လိုက်လံသတင်းရေးခဲ့တဲ့အတွက် တရားစွဲဆိုခံရပြီး အလုပ်ကနေရပ်နားခံခဲ့ရသူဖြစ်ပါတယ်။ဒီအကြောင်းကြောင့် သူ့မိန်းမနဲ့အဆင်မပြေက အိမ်ခွဲနေနေရတာပါ။ တစ်နေ့သူ့သမီးလေးကို သူ့မိန်းမအိမ်ပြန်ပို့ပြီး တက္ကဆီနဲ့ပြန်လာတဲ့အချိန်မှာ တက္ကဆီသမားရဲ့ ဓားပြတိုက်မှုကြောင့်Bayuတစ်ယောက်လူသတ်မိသွားခဲ့ပါတယ်။ သူပထမဆုံးလူသတ်မိသွားတဲ့အချိန်မှာဘဲ အွန်လိုင်းကနေ လူတစ်ယောက်က သူ့ကိုဆက်သွယ်လာခဲ့ပါတယ်။အဲ့လူကတော့ မိန်းကလေးတွေကို ပြန်ပေးဆွဲသတ်ဖြတ်ပြီး အဲ့လူသတ်မှုတွေကိုရိုက်ကူးကာ အွန်လိုင်းပေါ်တင်နေတဲ့ Nomuraဆိုတဲ့ဂျပန်လူမျိုးတစ်ယောက်ဘဲဖြစ်တယ်။ Nomuraက Bayuကိုလူသတ်ရတဲ့အရသာကို ခံစားစေခဲ့ပြီး သူနဲ့အတူလက်တွဲလုပ်ဖို့ ဖိတ်ခေါ်ခဲ့တယ်။သူ့ဘဝကို ဖျက်ဆီးခဲ့တဲ့ Dharmaကိုလက်စားချေချင်တဲ့စိတ်နဲ့ Bayuတစ်ယောက်အဲ့ကမ်းလှမ်းချက်ကို လက်ခံပြီးလူတွေစသတ်မိပါတော့တယ်။ ဒါပေမဲ့ သူ့မိန်းမနဲ့သမီးလေးကြောင့် Bayuတစ်ယောက် ဒီအလုပ်တွေကိုရပ်တန့်ဖို့ကြိုးစားချိန်မှာတော့ သူလုပ်ထားတဲ့အရာတွေကနေရုန်းထွက်ဖို့က ခက်ခဲလာပြီး Bayuတစ်ယောက် လူသတ်မှုတွေကို ရပ်တန့်နိုင်ပြီး သူ့မိသားစုကိုကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြပါအုံး။ ##zawgyi Killers ဇာတ္ကားကေတာ့ Japanနဲ႔ Indonesianတို႔ ပထမဆုံးCollaborationလုပ္ၿပီး႐ိုက္ကူးထားတဲ့ကားျဖစ္ပါတယ္။ Bayuက ဂ်ာနယ္လစ္တစ္ေယာက္ျဖစ္ၿပီးေတာ့ သူဟာ ႏိုင္ငံေရးသမား Dharmaရဲ႕ အိမ္တြင္းအၾကမ္းဖက္မႈအေၾကာင္းကို လိုက္လံသတင္းေရးခဲ့တဲ့အတြက္ တရားစြဲဆိုခံရၿပီး အလုပ္ကေနရပ္နားခံခဲ့ရသူျဖစ္ပါတယ္။ဒီအေၾကာင္းေၾကာင့္ သူ႔မိန္းမနဲ႔အဆင္မေျပက အိမ္ခြဲေနေနရတာပါ။ တစ္ေန႔သူ႔သမီးေလးကို သူ႔မိန္းမအိမ္ျပန္ပို႔ၿပီး တကၠဆီနဲ႔ျပန္လာတဲ့အခ်ိန္မွာ တကၠဆီသမားရဲ႕ ဓားျပတိုက္မႈေၾကာင့္Bayuတစ္ေယာက္လူသတ္မိသြားခဲ့ပါတယ္။ သူပထမဆုံးလူသတ္မိသြားတဲ့အခ်ိန္မွာဘဲ အြန္လိုင္းကေန လူတစ္ေယာက္က ...
6.4
IMDB: 6.4/10 4,736 votes
movie

Killers (2014)

2014
1080p/720p

Release year

Genres

Release year