Alpha Premium

Olivia Holt

Tinker Bell and the Legend of the NeverBeast 7.3
Tinker Bell and the Legend of the NeverBeast အတောင်ပံတစ်စုံနဲ့နတ်သမီးလေးတွေအများစုနေတဲ့နေရာလေးတစ်ခု သူတို့ဗိမ္မန် မှာ ဘုရင်မတစ်ပါးအုပ်ချုပ်တယ် ကာကွယ်ရေးအဖွဲ့တစ်ခုရှိသလို ကန့်သတ်စည်းမျဉ်းစည်းကမ်းမြောက်များစွာလည်းရှိတယ် အထူးသဖြင့် နတ်သမီးတွေကိုရန်ပြုမဲ့တိရစ္ဆာန်တွေကိုကြိုတင်ကာကွယ်ခြင်းအနေနဲ့ သူတို့နေတဲ့အနားကိုအကပ်တောင်မခံတာပါပဲ ဒါကလည်း ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းရေးသားခဲ့တဲ့ မူတွေ အကြောင်းအရာတွေကြောင့် လုပ်နေရတာပါပဲ ဒီထဲမှာတမူကွဲထွက်လာတာက FAWNလို့ခေါ်တဲ့နတ်သမီးလေးတစ်ပါးပါပဲ ရက်စက်တယ်လို့သတ်မှတ်ထားတဲ့ အကောင် ကြီးတွေမှာ လည်းသူတို့လို့နှလုံးသားရှိလေတော့ သိမ်မွေ့နူးညံခြင်းတွေရှိမှာပဲလို့သူခံစားနေရတယ် အဲ့ဒါကြောင့် ရှေးအစဉ် အလာသတ်မှတ်ချက်တွေကို ဆန့်ကျင်ပြီး ရက်စက်ပါတဲ့ဆိုတဲ့အကောင်တွေကိုလက်ပွန်းတနီးနေကြည့်တယ် အဲ့ဒါကြောင့်ကာ ကွယ်ရေးအဖွဲ့တွေရဲ့အမြင်စောင်းမှုခံရသလို ဘုရင်မ သတိထားမိစရာလည်းဖြစ်လာတယ် ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး တစ်နေ့တော့ အလွန်တရာကြီးမားတဲ့ ခြေ၄ချောင်းနဲ့အကောင်ကြီးကို ဂူတစ်ဂူမှာတွေ့ခဲ့တဲ့အဲ့ဒီအကောင်ကြီးရဲ့အခက်အခဲ ကိုဖြေရှင်းပေးတော့ သံယောဇဉ်တွေတွယ်မိကြတယ် ဒါပေမဲ့ အဲ့ဒီအကောင်ကြီးဟာ ရှေးကရေးခဲ့တဲ့စာတွေအရ အန္တရယ်အရှိဆုံး အကောင်ကြီးဖြစ်နေတဲ့အပြင် သဘာဝလွန်ဖြစ်ရပ်တွေနဲ့သူတို့နတ်ဘုံလေးကိုဖျက်ဆီးမဲ့သူဖြစ်နေတယ် ကာကွယ်ရေးအဖွဲ့တွေရယ် FAWNလို့ခေါ်တဲ့နတ်သမီးလေးရယ် ခြေ၄ချောင်းပါကြောက်စရာအကောင်ကြီးရယ် ဆက်ဖြစ်မဲ့အကြောင်းအရာတွေက တကယ့်ကို စိတ်ဝင်စားစရာပါ ဒီကားက ANNIMATIONကားဆိုပေမဲ့ ကလေးတွေအတွက်ရောလူကြီးတွေအတွက်ရောပါ ဆင်ခြင်စရာတွေပေးတဲ့ဇတ်ကားလေးပါ ရှေးရိုးစွဲအယူအဆတွေကို ၁ဖက်ပိတ်အမြင်တွေနဲ့ဆုံးဖြတ်တာတွေရယ် ဖြူစင်တဲ့နှလုံးသားစေရာအတိုင်းလုပ်ခဲ့တာတွေ စူးစမ်းဆင် ခြင်စိတ်လေးတွေရဲ့ကောင်းကျိုးအဖြစ် Messageပေးတဲ့ဇတ်ကားလေးပါ နောက်ခံသီးချင်းလေးတွေကလည်း ...
7.3
IMDB: 7.3/10 7,208 votes
movie

Tinker Bell and the Legend of the NeverBeast

2014

Release year

Genres

Release year