Alpha Premium

Panji Petualang

Ashiap Man (2022) 3.0
Ashiap Man (2022) ##unicode "Ashiap Man (2022)"ဆိုတဲ့ အင်ဒိုနီးရှားဇာတ်ကား‌ကောင်းလေးကို ဒီတစ်ခါမှာ တင်ဆက်ပေးထားပါတယ်။ စူပါဟီးရိုးဖြစ်ချင်တဲ့ ဇူလ်ဆိုတဲ့လူငယ်တစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဟာသအက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇူလ်ဟာ သူ့ကိုသိပ်ချစ်တဲ့မိဘနှစ်ပါးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတဲ့လူငယ်တစ်‌ယောက်ပါ။ ဇူလ်ငယ်စဉ်ကတည်းက သူ့အဖေပြောပြတဲ့သူရဲကောင်းတွေအကြောင်းကိုနားထောင်ရင်း သူကိုယ်တိုင်လည်း စူပါဟီးရိုးတစ်ယောက်ဖြစ်ဖို့ စိတ်အားထက်သန်နေခဲ့တာပါပဲ။အာအီရှာဆိုတဲ့အမျိုးသမီးလေးကတော့ မိဘ‌မဲ့ကလေး‌တွေအတွက် ဂေဟာတစ်ခုဖွင့်ထားပြီး စိတ်သဘောထားကောင်းမွန်တဲ့သူတစ်ယောက်ပါ။ဇူလ်နဲ့အာအီရှာဟာ ငယ်စဉ်ကတည်းကခင်မင်ခဲ့တာဖြစ်ပြီး သူများနဲ့မတူပဲကွဲပြားနေတဲ့ဇူလ်ရဲ့ ပုံစံကို နားလည်ကာ စူပါဟီးရိုးဖြစ်ချင်တဲ့ဇူလ်ကို အာအီရှာက အားပေးထောက်ခံခဲ့တယ်။ တစ်နေ့မှာတော့ မြစ်ထဲကျနေတဲ့ ကီယာရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ဇူလ်ကကယ်ဆယ်ခဲ့ပြီး အာအီရှာက သူ့ဂေဟာမှာ ကီယာရာကို ခဏခေါ်ထားပေးခဲ့ပါတယ်။ သိပ်ကိုလှတဲ့ကီယာရာကို ဇူလ်ကသဘောကျမိခဲ့တယ်။ဒါပေမယ့် ဇူလ်တို့ရဲ့ရွာအပေါ်အန္တရာယ်ကျရောက်တော့မှာကို ကီယာရာကသတိထားမိနေခဲ့တာဖြစ်ပြီး ရွာကိုကာကွယ်ဖို့အတွက် ဇူလ်ကိုသတိပေးခဲ့ပြီးနောက်မှာတော့....... ဇူလ်တို့မိသားစုရော၊ရွာသူရွာသားတွေပါ ဘယ်လိုဆိုးဝါးတဲ့အဖြစ်အပျက်တွေကိုတွေ့ကြုံလာရမလဲ၊ ဇူလ်ကရော သူရဲကောင်းတစ်ယောက်လို ရွာကိုကာကွယ်ပေးနိုင်ပါ့မလား၊ ကီယာရာနဲ့အာအီရှာတို့ရော ဘယ်လိုအခက်အခဲတွေကိုတွေ့ကြုံကြရမလဲ၊ ဇူလ်ကရော ဘယ်သူ့ကိုရွေးချယ်သွားမှာလဲ၊ ရွာမှာရော အန္တရာယ်တွေကင်းရှင်းသွားပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ##zawgyi "Ashiap Man (2022)"ဆိုတဲ့ အင္ဒိုနီးရွားဇာတ္ကား‌ေကာင္းေလးကို ဒီတစ္ခါမွာ တင္ဆက္ေပးထားပါတယ္။ စူပါဟီး႐ိုးျဖစ္ခ်င္တဲ့ ဇူလ္ဆိုတဲ့လူငယ္တစ္ေယာက္အေၾကာင္းကို စိတ္ဝင္စားဖြယ္ၾကည့္ရႈရမယ့္ ဟာသအက္ရွင္ဇာတ္ကားတစ္ကားပဲျဖစ္ပါတယ္။ ဇူလ္ဟာ သူ႔ကိုသိပ္ခ်စ္တဲ့မိဘႏွစ္ပါးနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ေနတဲ့လူငယ္တစ္‌ေယာက္ပါ။ ဇူလ္ငယ္စဥ္ကတည္းက သူ႔အေဖေျပာျပတဲ့သူရဲေကာင္းေတြအေၾကာင္းကိုနားေထာင္ရင္း သူကိုယ္တိုင္လည္း စူပါဟီး႐ိုးတစ္ေယာက္ျဖစ္ဖို႔ စိတ္အားထက္သန္ေနခဲ့တာပါပဲ။အာအီရွာဆိုတဲ့အမ်ိဳးသမီးေလးကေတာ့ မိဘ‌မဲ့ကေလး‌ေတြအတြက္ ေဂဟာတစ္ခုဖြင့္ထားၿပီး စိတ္သေဘာထားေကာင္းမြန္တဲ့သူတစ္ေယာက္ပါ။ဇူလ္နဲ႔အာအီရွာဟာ ငယ္စဥ္ကတည္းကခင္မင္ခဲ့တာျဖစ္ၿပီး ...
3.0
IMDB: 3.0/10 315 votes
movie

Ashiap Man (2022)

2022

Release year

Genres

Release year