Alpha Premium

Paraic Breathnach

Michael Collins (1996) 7.2
Michael Collins (1996) (Free ကြည့်ချင်သူများ app ကနေတိုက်၇ိုက်ကြည့်လို့ရပါတယ်) ##unicode အခုတင်ဆက်ပေးမှာကတော့ Drama/War အမျိုးအစား Rating 7.1 ရရှိခဲ့တဲ့ 1996 ခုနှစ်ထွက် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ Title ကတော့ " Michael Collins " ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ အိုင်ယာလန် ပြည်တွင်းစစ်ကာလ၊ တော်လှန်ရေးကာလအတွင်း UK ဘက်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ တော်လှန်ရေးသမား မိုက်ကယ်ကောလင်းအကြောင်း ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းထဲမှာတော့ အိုင်ယာလန်သမ္မတနိုင်ငံဖြစ်လာဖို့ အိုင်ယာလန်ပြည်သူ/ပြည်သား၊ တော်လှန်ရေးသမားတွေရဲ့ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ အသက်၊သွေး၊ချွေးတွေ၊ UK ရဲ့လက်အောက်မှ ကွဲထွက်ပြီး သမ္မတနိုင်ငံဖြစ်လာဖို့ အသက်များစွာရင်း ကာ ကြိုးပမ်းအားထုတ်ခဲ့ရပုံတွေ၊ နိုင်ငံကိုအရင်ကယ်ဖို့ စာချုပ်အတိုင်းသဘောတူညီကာ မြောက်ပိုင်းအိုင်ယာလန်ကို ရင်းပြီး ကိုယ်ပိုင်အစိုးရအုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံတော် ဖြစ်လာဖို့ မိုက်ကယ်ကောလင်းရဲ့ ကြိုးပမ်းမှုတွေနဲ့ ရဲဘော်ရဲဘက်တွေကြားက သဘောထားကွဲလွဲမှုကြားက ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲရလဒ်တွေကို ကြည့်ရှုခံစားကြရမှာပါ။ အိုင်ယာလန်သမိုင်း‌ကြောင်းကို ဒီဇာတ်ကားလေးနဲ့မတင်းတိမ်နိုင်သူများအ‌နေနဲ့လည်း မိုက်ကယ်ကောလင်းရဲ့အကြောင်းများနဲ့အတူ အိုင်ယာလန်ပြည်တွင်းစစ်ကာလ၊ တော်လှန်ရေးအခင်းအကျင်းများကို ရေးသားထားတဲ့ မြို့မဆရာဟိန်းရဲ့မိုက်ကယ်ကောလင်းဆိုတဲ့ ဘာသာပြန်စာအုပ်‌လေးကို Google မှာ တစ်ချက်ရှာဖွေကာ လေ့လာဖတ်ရှုနိုင်ပါတယ်နော်။ အားပေးကြည့်ရှုတဲ့ ...
7.2
IMDB: 7.2/10 31,159 votes
movie

Michael Collins (1996)

1996

Release year

Genres

Release year