Alpha Premium

Richard Betts

Greed 5.6
Greed England Brand အဝတ်အစားတွေရဲ့ လောကမှာ ဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့ သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကို ဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။ သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။ သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့် သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။ အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။ ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီး အမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။ နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့ လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့ တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။ သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။ အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။ အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။ ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီး သူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကို သူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်က ...
5.6
IMDB: 5.6/10 2,689 votes
movie

Greed

2019
Premium

Release year

Genres

Release year