Alpha Premium

Rituraj Singh

Jersey (2022) 6.9
Jersey (2022) ##unicode Netflixကနေ အသစ်ထွက်ရှိလာတဲ့ Jerseyဇာတ်ကားကတော့ ဘဝအခြေအနေကြောင့် အိပ်မက်ကို လက်လွှတ်ခဲ့ရာကနေ အသက်၃၆နှစ်အရွယ်ရောက်မှ အိပ်မက်နောက်ကို ပြန်လိုက်ခဲ့တဲ့ ခရစ်ကတ်ကစားသမားတစ်ယောက်အကြောင်း အခြေခံရိုက်ကူးထားတဲ့ sportsdrama ဇာတ်လမ်းကောင်းပဲ ဖြစ်ပါတယ် အာဂျွန်းက ခရစ်ကတ်မှာ ပါရမီပါတဲ့ လူတစ်ယောက်ဖြစ်ခဲ့ပေမယ့် ငွေနဲ့အဆက်အသွယ်ရှိမှ တတ်လမ်းရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် နိုင်ငံကိုယ်စားပြုအသင်းထဲမှာ ပါဝင်ခွင့်မရခဲ့ပါဘူး အာဂျွန်း ဘဝမှာချစ်ရတဲ့မိန်းကလေးရှိလာချိန်မှာတော့ သာမန်ခရစ်ကတ်သမား သူ့ကို သူ့ချစ်သူရဲ့အဖေက သဘောမကျခဲ့ပါဘူး ဒါကြောင့် အာဂျွန်းက သူ့ချစ်သူကို လက်ထပ်နိုင်ဖို့အတွက် သူ့ဝါသနာ ခရစ်ကတ်ကို စွန့်လွှတ်ခဲ့ရပါတယ် အဲဒီနောက် လာဘ်စားမှုစုံစမ်းစစ်ဆေးရေးမှာ အာဂျွန်း မတရားအစွပ်စွဲခံပြီး နှစ်နှစ်အလုပ်ဆိုင်းငံ့ခံလိုက်ရပါတယ် မိသားစုကို မထောက်ပံ့နိုင်တော့တဲ့ အာဂျွန်းဟာ အိမ်မှာ လူပိုတစ်ယောက်လိုဖြစ်လာခဲ့ပြီး အိမ်ငှားခနဲ့ အကြွေးတွေကို သူ့ဇနီးတစ်ယောက်တည်း ရုန်းကန်နေခဲ့ရပါတယ် တစ်နေ့ အာဂျွန်းဟာ သူ့သားလေးကို မွေးနေ့လက်ဆောင် အိန္ဒိယအသင်းရဲ့ဂျာစီအင်္ကျီလေး ဝယ်ပေးချင်ခဲ့ပါတယ် ဒါပေမယ့် ရူပီးငါးရာတန် ဂျာစီအင်္ကျီလေးကိုတောင် မဝယ်ပေးနိုင်တော့တဲ့ အာဂျွန်းဟာ သူ့ဘဝကို ပြန်လည်သုံးသပ်မိပြီး သူ့ဝါသနာ၊ သူ့အိပ်မက်နဲ့ပဲ ဘဝကို ပြန်လည်စတင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့… အာဂျွန်းတစ်ယောက် ...
6.9
IMDB: 6.9/10 4,610 votes
movie

Jersey (2022)

2022

Release year

Genres

Release year