Alpha Premium

Sanjana Vij

Doctor G (2022) 7.4
Doctor G (2022) ##unicode Doctor Gဇာတ်ကားမှာတော့ Dr Udayဟာ ဘွဲ့လွန်အတွက် သူ့အိမ်မက်ဖြစ်တဲ့အရိုးအကြောဌာနကို ဝင်ခွင့်ရချင်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ဘဲ အမျိုးသမီးတွေဘဲရှိတဲ့သားဖွားမီးယပ်ဌာနကို ရောက်သွားခဲ့တယ်။ဒ့ါအပြင်ချစ်သူကောင်မလေး ကRicaလဲ လမ်းခွဲသွားတဲ့အတွက်ကြောင့်မို့ Udayတစ်ယောက်ဟာ စိတ်ဆင်းရဲနေခဲ့ပေမဲ့ အကိုဖြစ်သူရဲ့ တိုက်တွန်းချက်ကြောင့် သားဖွားမီးယပ်ဌာနကိုဘဲ သွားပြီးတော့ အရိုးအကြောဌာနကို ပြောင်းခွင့်ရအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ယောကျာ်းလေးဆရာဝန်ဆိုလို့ သူတစ်ယောက်ထဲရှိတဲ့ Udayတစ်ယောက်ဟာ အမျိုးသမီးတွေကြားမှာ ယောင်လည်လည်နဲ့ ပြသာနာတွေတက်နေတဲ့အချိန်မှာပဲ Dr Fatimaက သူ့ကိုကူညီပေးခဲ့တာကြောင့် Udayတစ်ယောက် Fatimaနဲ့ ခင်မင်ရင်းနှီးသွားခဲ့ပါတယ်။Fatimaအကူအညီနဲ့ သားဖွားမီးယပ်ဌာနမှာ အဆင်ပြေလာရင်းနဲ့ Udayဟာ Fatimaအပေါ်မေတ္တာရှိလာခဲ့တယ်။ဒါပေမဲ့ Fatimaမှာ စေ့စပ်ထားတဲ့သတို့သားလောင်းရှိနေတာကို Udayတစ်ယောက်နောက်မှ သိလိုက်ရပါတယ်။ Udayတစ်ယောက် သူ့အိမ်မက်ဖြစ်တဲ့ အရိုးအကြောဌာနကို စွန့်လွှတ်ပြီးတော့ သားဖွားမီးယပ်ဌာနမှာဘဲ အဆင်ပြေအောင်ကြိုးစားနိုင်ပါ့မလား။Udayနဲ့ Fatimaတို့ကြားက အချစ်ရေးကရော အဆင်ပြေပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ##zawgyi Doctor Gဇာတ္ကားမွာေတာ့ Dr Udayဟာ ဘြဲ႕လြန္အတြက္ သူ႔အိမ္မက္ျဖစ္တဲ့အ႐ိုးအေၾကာဌာနကို ၀င္ခြင့္ရခ်င္ခဲ့ေပမဲ့ ကံဆိုးစြာနဲ႔ဘဲ အမ်ိဳးသမီးေတြဘဲရွိတဲ့သားဖြားမီးယပ္ဌာနကို ေရာက္သြားခဲ့တယ္။ဒ့ါအျပင္ခ်စ္သူေကာင္မေလး ကRicaလဲ လမ္းခြဲသြားတဲ့အတြက္ေၾကာင့္မို႔ Udayတစ္ေယာက္ဟာ စိတ္ဆင္းရဲေနခဲ့ေပမဲ့ အကိုျဖစ္သူရဲ႕ တိုက္တြန္းခ်က္ေၾကာင့္ သားဖြားမီးယပ္ဌာနကိုဘဲ သြားၿပီးေတာ့ အ႐ိုးအေၾကာဌာနကို ေျပာင္းခြင့္ရေအာင္ ႀကိဳးစားမယ္လို႔ ဆုံးျဖတ္ခဲ့တယ္။ ေယာက်ာ္းေလးဆရာ၀န္ဆိုလို႔ ...
7.4
IMDB: 7.4/10 7,016 votes
movie

Doctor G (2022)

2022

Release year

Genres

Release year