Alpha Premium

Se-ah Jang

Home Sweet Home (2021) 5.8
Home Sweet Home (2021) ##unicode ဟောင်ကောင်မင်းသားကြီး Aaron Kwok ပါဝင်သရုပ်ဆောင်ထားတဲ့ လျှို့ဝှက်သည်းဖိုဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ ဇာတ်လမ်းအစမှာ လူတစ်ယောက်က ချမ်းသာတဲ့မိသားစုတစ်ခုရဲ့ အိမ်မြေအောက်ခန်းထဲမှာ နိုးလာခဲ့တယ်။ သူဘာကိုမှလည်း သေချာမမှတ်မိတော့ဘူး။ သူမောင်းတဲ့ကျောင်းကားက မတော်တဆဖြစ်ပြီး ကလေးတွေသေကုန်လို့ မိဘတွေက သူ့ကိုအသေရရ၊ အရှင်ရရလိုချင်နေမှန်းသိလိုက်ရတော့ ဒီအိမ်မှာပဲဆက်နေခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအိမ်မှာ လင်မယား ၂ ယောက်ရယ်၊ သမီးတစ်ယောက်၊ သားတစ်ယောက်ရယ်ရှိကြတယ်။ အိမ်သားတွေကလည်း သူ့ကိုမိသားစုဝင်တစ်ယောက်လို ဆက်ဆံပေးကြပါတယ်။ ဒါပေမဲ့ ကြာလာတာနဲ့အမျှ ဒီမိသားစု ၄ ယောက်က ပုံမှန်မဟုတ်တာကို သူခံစားမိလာတယ်။ တစ်ဖြည်းဖြည်းနဲ့ သူမှတ်ဉာဏ်တစ်စွန်းတစ်စလည်း ပြန်ပြန်ပေါ်လာတဲ့အခါမှာတော့ သူဘာလို့ဒီအိမ်ကြီးထဲကိုရောက်နေရတာလဲ၊ ဒီမိသားစုရဲ့လျှို့ဝှက်ချက်ကရော ဘာတွေများလဲဆိုတာကို အဖြေရှာရင်းကြည့်ရှုကြရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ##zawgyi ေဟာင္ေကာင္မင္းသားႀကီး Aaron Kwok ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ လွ်ိဳ႕ဝွက္သည္းဖိုဇာတ္ကားေလးတစ္ခုကို တင္ဆက္ေပးပါ့မယ္။ ဇာတ္လမ္းအစမွာ လူတစ္ေယာက္က ခ်မ္းသာတဲ့မိသားစုတစ္ခုရဲ႕ အိမ္ေျမေအာက္ခန္းထဲမွာ ႏိုးလာခဲ့တယ္။ သူဘာကိုမွလည္း ေသခ်ာမမွတ္မိေတာ့ဘူး။ သူေမာင္းတဲ့ေက်ာင္းကားက မေတာ္တဆျဖစ္ၿပီး ကေလးေတြေသကုန္လို႔ မိဘေတြက သူ႔ကိုအေသရရ၊ အရွင္ရရလိုခ်င္ေနမွန္းသိလိုက္ရေတာ့ ဒီအိမ္မွာပဲဆက္ေနခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒီအိမ္မွာ လင္မယား ၂ ေယာက္ရယ္၊ သမီးတစ္ေယာက္၊ သားတစ္ေယာက္ရယ္ရွိၾကတယ္။ အိမ္သားေတြကလည္း သူ႔ကိုမိသားစုဝင္တစ္ေယာက္လို ...
5.8
IMDB: 5.8/10 79 votes
movie

Home Sweet Home (2021)

2021
Premium

Release year

Genres

Release year