Alpha Premium

Senthil Kumar

Soorarai Pottru (2020) N/A
Soorarai Pottru (2020) ##unicode ဆူရီးယားမင်းသားရဲ့ဇာတ်ကားသစ်လေးလာပါပြီ။ ဒီမင်းသားကို မြန်မာနိုင်ငံကအများစုသိကြမှာကတော့ ဆင်းဂမ်းမင်းသား သွားကြားထိုးတံမင်းသားပေါ့။ ဒီဇာတ်ကားလေးကတော့ ရူပီ၆ထောင်ကိုင်ပြီး ထွက်လာတဲ့ လေကြောင်းလိုင်းတစ်ခုကို စတင်တည်ထောင်မယ်ဆိုတဲ့ နေဒူးမာရန်းရာဂျန်ဂမ်ဆိုတဲ့ လေယာဉ်မှူးအရာရှိလေးရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ မာရားဟာ စိတ်ဆက်တယ် ဒေါသကြီးတယ် သူ့အဖေက ရွာမှာ ကျောင်းဆရာ အမြဲတည်ငြိမ်နေပြီး ကိစ္စတိုင်းကို အစိုးရနည်းလမ်းအတိုင်းဖြေရှင်းတယ် ဒါကို မာရားဟာဘဝင်မကျဘဲ အမြဲ အားမလိုအားမရဖြစ်နေတတ်တယ်။ ရွာငယ်ဇနပုဒ်ထဲကကောင်လေးဆိုပေမယ့် ရည်မှန်းချက်ကြီးတယ် သူ့ရည်မှန်းချက်အတိုင်း လေတပ်ကို ဝင်တယ်။ ပိုင်းလော့အရာရှိဖြစ်အောင်လုပ်တယ်။ ဒီလိုနဲ့ ကျေးလက်နေလူတန်းစားတွေအတွက် ဈေးအပေါဆုံး လေကြောင်းလိုင်းတစ်ခုကို တည်ထောင်ချင်နေတဲ့ မာရားဟာ အကျိုးတူစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းမိလိုက်ရာမှ မထင်မှတ်ဘဲ အရင်းရှင်ခရိုနီတွေရဲ့ ပူးပေါင်းလုပ်ကြံမှုကို ခံလိုက်ရပြီး အကြံအစည်ပျက်သွားခဲ့ရတယ်။ ဒါလည်းအလျှော့မပေးဘဲ ဒီခရိုနီတွေကို ခက်ခက်ခဲခဲနဲ့ ဘယ်လိုတွန်းလှန်ပြီး သူ့ရည်မှန်းချက်ဖြစ်တဲ့ လေကြောင်းလိုင်းတစ်ခုကို ဘယ်လိုတည်ထောင်သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ အားတက်သရော ရှုစားပေးကြပါဦးဗျာ... ##zawgyi ဆူရီးယားမင္းသားရဲ႕ဇာတ္ကားသစ္ေလးလာပါျပီ။ ဒီမင္းသားကို ျမန္မာႏို္င္ငံကအမ်ားစုသိႀကမွာကေတာ့ ဆင္းဂမ္းမင္းသား သြားႀကားထိုးတံမင္းသားေပါ့။ ဒီဇာတ္ကားေလးကေတာ့ ရူပီ၆ေထာင္ကိုင္ၿပီး ထြက္လာတဲ့ ေလေၾကာင္းလုိင္းတစ္ခုကို စတင္တည္ေထာင္မယ္ဆိုတဲ့ ေနဒူးမာရန္းရာဂ်န္ဂမ္ဆိုတဲ့ ေလယာဥ္မွဴးအရာရွိေလးရဲ႕ ျဖစ္ရပ္မွန္ ဘဝဇာတ္ေၾကာင္းကို ရိုက္ကူးပံုေဖာ္ထားတာပါ။ မာရားဟာ စိတ္ဆက္တယ္ ေဒါသႀကီးတယ္ ...
N/A
IMDB: N/A/10 N/A votes
movie

Soorarai Pottru (2020)

2020
1080p/720p

Release year

Genres

Release year