Alpha Premium

Shafali Chung

Tara vs Bilal (2022) 3.5
Tara vs Bilal (2022) ##unicode ဒီတစ်ခါမှာ "Tara vs Bilal (2022)"ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ တာရာဟာ ခင်ပွန်းဖြစ်သူကာရန်နဲ့အတူတူ လန်ဒန်ကို ဟန်းနီးမွန်းထွက်လာခဲ့ပြီး ဟိုတယ်တစ်ခုမှာတည်းခဲ့တယ်။ ဟိုတယ်မှာတည်းတဲ့ညမှာပဲ ကာရန်ဟာ တာရာရဲ့ပိုက်ဆံတွေအားလုံးနဲ့လက်ဝတ်ရတနာတွေကိုယူပြီး တာရာကို ဟိုတယ်မှာထားသွားခဲ့တော့တာပါပဲ။ဘီလာဟာ အမေဖြစ်သူရယ်၊အဒေါ်တွေရယ်နဲ့အတူတူနေထိုင်တဲ့ လူတစ်ယောက်ပါ။ တာရာကို ကာရန်စွန့်ပစ်သွားတဲ့ဟိုတယ်ဟာ ဘီလာတို့မိသားစုရဲ့ဟိုတယ်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် တာရာမှာပိုက်ဆံရှင်းစရာမရှိတဲ့အတွက် ဘီလာက တာရာကို ဟိုတယ်အပြင်ဘက်ကိုနှင်ထုတ်ခဲ့တယ်။ တာရာကလည်း တစ်ခြားသွားစရာနေရာမရှိတဲ့အတွက်၊ လန်ဒန်ရောက်ရင်ဆက်သွယ်ဖို့အတွက်အိန္ဒိယကဦးလေးဘာလီတို့ပေးလိုက်တဲ့ လိပ်စာအတိုင်းသွားခဲ့တဲ့အခါမှာ အဒေါ်ဂူမယ်ဟယ်နဲ့တွေ့ဆုံခဲ့တော့တယ်။ မိဘတွေမရှိတော့ဘဲ အဖိုးသာရှိတော့တဲ့တာရာဟာ အိန္ဒိယမှာရှိတဲ့အဖိုးဆီကို မပြန်ဝံ့သေးပါဘူး။ ဒီလိုနဲ့ တာရာဟာ အဒေါ်ဂူမယ်ဟယ်ရဲ့ဘားမှာ စာရင်းကိုင်အဖြစ်အလုပ်လုပ်ရင်း ဘီလာနဲ့ပြန်တွေ့ခဲ့ပြီးနောက်....... သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုသဘောတူညီချက်တွေရှိလာမလဲ၊ ဘီလာရဲ့အတိတ်မှာရော ဘယ်လိုနာကျင်စရာ‌တွေရှိနေလဲ၊ တာရာနဲ့ဘီလာတို့နှစ်ယောက် ဘယ်လိုသံယောဇဉ်ဖြစ်သွားမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါနော်။ ##zawgyi ဒီတစ္ခါမွာ "Tara vs Bilal (2022)"ဆိုတဲ့ အိႏၵိယဇာတ္ကားေကာင္းေလးကို တင္ဆက္ေပးလိုက္ပါတယ္။ တာရာဟာ ခင္ပြန္းျဖစ္သူကာရန္နဲ႔အတူတူ လန္ဒန္ကို ဟန္းနီးမြန္းထြက္လာခဲ့ၿပီး ဟိုတယ္တစ္ခုမွာတည္းခဲ့တယ္။ ဟိုတယ္မွာတည္းတဲ့ညမွာပဲ ကာရန္ဟာ တာရာရဲ႕ပိုက္ဆံေတြအားလုံးနဲ႔လက္ဝတ္ရတနာေတြကိုယူၿပီး တာရာကို ဟိုတယ္မွာထားသြားခဲ့ေတာ့တာပါပဲ။ဘီလာဟာ အေမျဖစ္သူရယ္၊အေဒၚေတြရယ္နဲ႔အတူတူေနထိုင္တဲ့ လူတစ္ေယာက္ပါ။ တာရာကို ကာရန္စြန႔္ပစ္သြားတဲ့ဟိုတယ္ဟာ ဘီလာတို႔မိသားစုရဲ႕ဟိုတယ္ျဖစ္ေနခဲ့ပါတယ္။ ဒါေၾကာင့္ တာရာမွာပိုက္ဆံရွင္းစရာမရွိတဲ့အတြက္ ဘီလာက တာရာကို ဟိုတယ္အျပင္ဘက္ကိုႏွင္ထုတ္ခဲ့တယ္။ တာရာကလည္း တစ္ျခားသြားစရာေနရာမရွိတဲ့အတြက္၊ လန္ဒန္ေရာက္ရင္ဆက္သြယ္ဖို႔အတြက္အိႏၵိယကဦးေလးဘာလီတို႔ေပးလိုက္တဲ့ လိပ္စာအတိုင္းသြားခဲ့တဲ့အခါမွာ ...
3.5
IMDB: 3.5/10 183 votes
movie

Tara vs Bilal (2022)

2022

Release year

Genres

Release year