Alpha Premium

Shivin Narang

Goodbye (2022) 8.1
Goodbye (2022) ##unicode ဒီတစ်ခေါက်အတွက်တော့ မိသားစု dramaလေးဖြစ်တဲ့ Good byeဆိုတဲ့ ဟိန္ဒူဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဟာရစ်ဟာ သား၃ယောက် သမီး၁ယောက်တို့နဲ့ အပေါက်အလမ်းသိပ်မတည့်တဲ့ဖခင်ကြီးပေါ့။သူတို့မိသားစုမှာ ဂါယာထရီဆိုတဲ့ အမေကပဲ အရာရာကိုစီမံပြီးအဖေနဲ့ကလေးတွေကြား ဖြန်ဖြေပေးနေရတယ်။သူတို့မိသားစုရဲ့ အရာရာတိုင်း ကိစ္စတိုင်းဟာ ဂါယာထရီ့ခြေ၊ ဂါယာထရီ့လက်တွေချည်းပေါ့။ ဟာရစ်ဟာလည်း မိန်းမကို အရမ်းချစ်ပြီးအားကိုးတယ်။အဲ့လိုနဲ့ တစ်နေ့မှာ မိသားစုရဲ့ပဲ့ကိုင်ရှင် အမေဂါယာထရီဟာ ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ မိခင်မရှိတော့တဲ့ မိသားစုတစ်ခုဟာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမယ်။ဘယ်လို အဆင်မပြေဖြစ်မယ်ဆိုတာလူတိုင်းသိပါတယ်။ဟာရစ်တို့ မိသားစုဟာလည်း အဲ့လိုပါပဲ။အရင်က အရာရာကို ဂါယာထရီ စီမံခဲ့သမျှအခုချိန်မှာ ဟာရစ်က စီမံရတော့မယ်ဆိုတော့ ဘာမှမလုပ်တတ် မကိုင်တတ် ဖြစ်နေပါတယ်။ အရင်ကအဖေနဲ့ အပေါက်အလမ်းမတည့်ခဲ့ကြတဲ့ ကလေးတွေဟာလည်း အမေမရှိတော့တဲ့အခါအဖေကို ပိုချစ်ပေးပြီး အဖေနဲ့အဆင်ပြေအောင်နေဖို့ ဖြစ်လာခဲ့ပါတယ်။ အရင်က သတိမထားပဲနေလာခဲ့သမျှ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာဟာ ဘယ်လိုဆိုတာကို ပေါ်လွင်အောင်ရိုက်ကူးပြသသွားတာပါ။ အဲ့တော့ ဟာရစ်တို့တွေသူတို့အချင်းချင်း ဘယ်လိုပြေလည်အောင် ညှိသွားကြမလဲ ဆိုတာကိုငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရှူရမှာပါ။ဘယ်လောက်ပဲ ဘယ်လိုစကားတွေပဲ ပြောထွက်ထွက် နောက်ဆုံးကျဘာမှမဟုတ်ပဲ သားအဖတစ်တွေ ပြန်အဆင်ပြေကြတာပဲ ဆိုတာ ကြည့်ရတာလည်းကြည်နူးစရာကောင်းပါတယ်။ ဒီထဲမှာ အဖေဟာရစ်က သူပဲပြော သူပဲပေါက်ကွဲ ပြီးရင် ...
8.1
IMDB: 8.1/10 5,175 votes
movie

Goodbye (2022)

2022

Release year

Genres

Release year