Alpha Premium

Shri Tej

Itlu Maredumilli Prajaneekam (2022) 8.1
Itlu Maredumilli Prajaneekam (2022) ##unicode ဒီတစ်ခေါက် ဇာတ်ကားလေးကတော့itlu Maredumilli Parajaneekamဆိုတဲ့အိန္ဒိယဇာတ်ကားလေး ဖြစ်ပါတယ်။မရီဒူမီလီဆိုတဲ့တောင်ပေါ်ရွာလေးအကြောင်းကို ရိုက်ပြထားတဲ့ဇာတ်ကားလေးပေါ့။ ရွာလေးက တောင်ပေါ်ဒေသဆိုတော့လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်း ကျောင်းမရှိ ဆေးရုံမရှိပေါ့။တစ်ခုခုဖြစ်လာရင် တောင်အောက်ကို ဆင်းနေရတာနဲ့ပဲ လူတွေမသေသင့်ပဲသေရပါတယ်။သူတို့ရွာက လမ်းကိုကောင်းကောင်းလေးဖောက်ပေးဖို့ တောင်းဆိုလာတာလည်းအနှစ်၃၀လောက်ရှိနေပါပြီ။ ဘယ်အရာရှိတွေ ဘယ်အစိုးရတွေကမှအရေးမလုပ်ခဲ့ပါဘူး။အဲ့လိုနဲ့ရွာသားတွေဟာ အစိုးရအရာရှိတွေဆိုရင် မုန်းတီးနေခဲ့ပါတယ်။ တစ်နေ့မှာနိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပဖို့ လုံးပန်းကျခဲ့အခါ မဲကလည်း တစ်ရာရာခိုင်နှုန်းရမှ ဖြစ်မယ်ဆိုပြီးအဲ့တောင်ပေါ်ရွာသားတွေဆီကို ကျောင်းဆရာနှစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။အဲ့အချိန်မှာteluguဆရာလေးဟာ ရွာသားတွေကို မဲပေးဖို့စည်းရုံးရင်းကနေ ရွာသားတွေရဲ့ဘဝကို နားလည်လာခဲ့တယ် စာနာလာခဲ့တယ်။အဲ့တော့ ဆရာလေးက ရွာသားတွေနဲ့အတူ အကြံထုတ်ပြီးအစိုးရက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် တံတားတည်ဆောက်ခွင့်ပေးလာအောင်အမျိုးမျိူးကြံစည်ခဲ့ပါတယ်။ ‌တောင်ပေါ်ရွာသားတွေနဲ့ ဆရာလေးကပဲ သူတိူ့အလိုရှိတာကိုရသွားမလား။အင်အားကြီးမားတဲ့ အစိုးရကပဲ အရေးမလုပ်ပဲနေနိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုသွားရမှာပါ။နိုင်ငံရေးနည်းနည်းဆန်ပေမဲ့ဆရာလေးနဲ့တောင်ပေါ်ရွာသူလေးရဲ့lovelineလေးကိုလည်းထည့်ပေးထားတယ်။ ‌နောက်ဆရာတစ်ယောက်ရဲ့ funny character လေးကိုလည်း ထည့်ပေးထားတော့ကြည့်ရတာအရမ်းအဆင်ပြေပါတယ်။ဇာတ်အိမ်ခိုင်ချုင်နဲ့ အစိုးရနဲ့ နိုင်ငံရေးသမားတွေရဲ့တစ်ကိုယ်ကောင်းဆန်မှုကို မြင်သာထင်သာအောင် ရိုက်ပြသွားတဲ့အတွက်လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ။ ##zawgyi ဒီတစ္ေခါက္ ဇာတ္ကားေလးကေတာ့itlu Maredumilli Parajaneekamဆိုတဲ့အိႏၵိယဇာတ္ကားေလး ျဖစ္ပါတယ္။မရီဒူမီလီဆိုတဲ့ေတာင္ေပၚ႐ြာေလးအေၾကာင္းကို ႐ိုက္ျပထားတဲ့ဇာတ္ကားေလးေပါ့။ ႐ြာေလးက ေတာင္ေပၚေဒသဆိုေတာ့လမ္းပန္းဆက္သြယ္ေရးကလည္း မေကာင္း ေက်ာင္းမရွိ ေဆး႐ုံမရွိေပါ့။တစ္ခုခုျဖစ္လာရင္ ေတာင္ေအာက္ကို ဆင္းေနရတာနဲ႔ပဲ လူေတြမေသသင့္ပဲေသရပါတယ္။သူတို႔႐ြာက လမ္းကိုေကာင္းေကာင္းေလးေဖာက္ေပးဖို႔ ေတာင္းဆိုလာတာလည္းအႏွစ္၃၀ေလာက္ရွိေနပါၿပီ။ ဘယ္အရာရွိေတြ ဘယ္အစိုးရေတြကမွအေရးမလုပ္ခဲ့ပါဘူး။အဲ့လိုနဲ႔႐ြာသားေတြဟာ အစိုးရအရာရွိေတြဆိုရင္ မုန္းတီးေနခဲ့ပါတယ္။ တစ္ေန႔မွာႏိုင္ငံအတြင္း ေ႐ြးေကာက္ပြဲက်င္းပဖို႔ လုံးပန္းက်ခဲ့အခါ မဲကလည္း တစ္ရာရာခိုင္ႏႈန္းရမွ ...
8.1
IMDB: 8.1/10 157 votes
movie

Itlu Maredumilli Prajaneekam (2022)

2022

Release year

Genres

Release year