Alpha Premium

Stanzin Delek

Brahmāstra Part One: Shiva (2022) 5.6
Brahmāstra Part One: Shiva (2022) ##unicode အားလုံးစောင့်မျှော်နေကြတဲ့ "Brahmastra" ကားကြီးထွက်လာပါပြီ မင်းသားမင်းသမီးတွေကလည်း Amitabh Bachchan, Rangbir Kapoor, Alia Bhat, Shah Rukh Khan,Mouni Roy အစရှိတဲ့ဒိတ်ဒိတ်ကြဲတွေပါဝင်ထားတာဖြစ်ပါတယ် ဒီကားလေးဟာဆိုရင် ဝင်ငွေဒေါ်လာ ၅၄ သန်းနဲ့ ၂၀၂၂ ခုနှစ်ရဲ့ဝင်ငွေအများဆုံး Hindi ရုပ်ရှင်ကားဖြစ်လာခဲ့ပြီး အိန္ဒိယကားတွေထဲမှာတော့ ဝင်ငွေအများဆုံး နံပါတ်ငါးနေရာက ရပ်တည်နေပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရှေးဟောင်းအိန္ဒိယဘရာမက်ရှ်လူမျိုးတွေဟာ ဘရာမာစထရာဆိုတဲ့အစွမ်းထက်လက်နက်ကိုကာကွယ်ရင်း လူတွေကြားမှာ လျှို့ဝှက်နေထိုင်ကြပါတယ် ဒီလိုနဲ့နှစ်တွေလတွေပြောင်းရွှေ့လာတဲ့အခါ လူတွေလည်းဒီအကြောင်းတွေကိုမသိကြတော့ဘဲ ဘရာမက်ရှ်လူမျိုးတွေ အကြောင်းဟာလည်းတိမ်မြုပ်သွားခဲ့ပါတယ် ရှီဗာဆိုတဲ့ကောင်လေးကတော့မိဘမဲ့ကောင်လေးတစ်ယောက်ပေါ့ သူဟာထူးဆန်းတဲ့အမြင်တွေကို ရံဖန်ရံခါမြင်ရပြီး တစ်ခါတစ်လေ မီးနဲ့ဆက်နွှယ်ကာမီးစွမ်းအားတွေလိုမျိုး ထုတ်လွှတ်နိုင်တဲ့သူဖြစ်ပါတယ် ဒါကိုသူကိုယ်တိုင်လည်းဘယ်လိုကြောင့်ဖြစ်လဲ နားမလည်ခဲ့ပါဘူး ဒီလိုနဲ့တစ်နေ့မှာတော့သူ့ရဲ့အာရုံထဲကနေဘရာမာစထရာဆိုတဲ့ပစ္စည်းအကြောင်းအပြင် ဒီပစ္စည်းကိုလက်ဝယ်ရှိထားတဲ့လူတွေကို လိုက်ပြီးသတ်ဖြတ်နေတဲ့ လူသတ်သမားသုံးယောက်ကိုလည်းမြင်လိုက်ရပါတော့တယ် ရှီဗာ့မှာဘာလို့ ဒီလိုအစွမ်းတွေရှိနေတာလဲ၊ လူသတ်သမားသုံးယောက်ကရော ဘာလို့ ဘရာမာစထရာလက်နက်နောက်ကိုလိုက်နေကြတာလဲ၊ရှီဗာနဲ့ဘရာမက်ရှ်အဖွဲ့အစည်းကြားမှာဆက်နွှယ်မှုရှိနေတာလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ဇာတ်လမ်းဇာတ်ကွက်အားလုံးလည်းမိုက်တဲ့အပြင် အတော်လေးလည်း စိတ်ဝင်စားစရာကောင်းတဲ့စောင့်ရကျိုးနပ်တဲ့ကားလေးဖြစ်လို့ ကြည့်ဖို့အကြံပေးလိုက်ပါတယ် ##zawgyi အားလုံးစောင့်မျှော်နေကြတဲ့ "Brahmastra" ကားကြီးထွက်လာပါပြီ မင်းသားမင်းသမီးတွေကလည်း Amitabh Bachchan, Rangbir Kapoor, Alia Bhat, Shah Rukh Khan,Mouni Roy အစရှိတဲ့ဒိတ်ဒိတ်ကြဲတွေပါဝင်ထားတာဖြစ်ပါတယ် ဒီကားလေးဟာဆိုရင် ...
5.6
IMDB: 5.6/10 95,929 votes
movie


2022

Release year

Genres

Release year