Alpha Premium

Surya Rao

Masooda (2022) 7.8
Masooda (2022) ##unicode ဒီတစ်ခါမှာတော့ movieချစ် ပရိတ်သတ်တို့အတွက် Masooliဆိုတဲ့အိန္ဒိယသရဲကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ မာဆူလီဆိုပြီး ဇာတ်ကားနာမည်ပေးထားပေမယ့် တကယ့်ဇာတ်ကောင်က ဂိုပီဆိုတဲ့ ကြောက်တတ်တဲ့လူငယ်လေးပေါ့။ဂိုပီဟာနာဇီရာတို့သားအမိရဲ့ အိမ်နားနီးချင်းတစ်ယောက်ပါ။အလုပ်လည်း ကြိုးစားသလို နာဇီရာတို့ကိုလည်းကိုယ့်မိသားစုဝင်တွေလို သဘောထားပြီး ကူညီတတ်တဲ့လူပါ။ တစ်နေ့မှာ အန်တီနီလန်းရဲ့သမီးနာဇီရာဟာ ထူးထူးဆန်းဆန်းတွေ ဖြစ်လာခဲ့ပါတယ်။ဂိုပီကတော့ သရဲဝင်ပူးတာလို့မှတ်ချက်ချခဲ့တယ်။ အန်တီနီလန်းကလည်း သူ့သမီးကို ဆရာဝန်မျိုးစုံပြခဲ့ပေမဲ့မသက်သာပဲဆိုးရွားလာတဲ့အခါမှာ ဝိဉာဉ်ပယောဂတွေကို နှင်ပေးတဲ့ ပီယာဘာဘာ့ဆီ သွားခဲ့ရပါတယ်။အဲ့အချိန်မှာ ပီယာဘာဘာက စစ်ဆေးကြည့်လိုက်တော့ ဂိုပီတို့အိမ်တွေရဲ့နောက်ဘက်က အိမ်အိုကြီးကို တွေ့ခဲ့ပါတယ်။ အိမ်အိုကြီး အကြောင်းကို စုံစမ်းလိုက်တဲ့အခါမှာမာဆူလီနဲ့ပတ်သတ်နေတာကို သိခဲ့ရတာပါ။ အဲ့ဒါဆိုရင် မာဆူလီက ဘယ်သူလဲ။အဲ့အိမ်အိုကြီးထဲမှာရောဘာတွေဖြစ်ပျက်ခဲ့တာလဲ။နာဇီရာ့ကိုယ်ထဲမှာ ဝင်ပူးနေတာကရော ဘယ်သူလဲ။ဘာလို့ နာဇီရာ့ကိုမှ ပူးရတာလဲ ဆိုတာကို သည်းထိတ်ရင်ဖို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းက ကြည့်မှကိုအကုန်နားလည်မှာ ညွှန်းနေရင် ပြီးမှာမဟုတ်တော့ဘူး ဇာတ်ကြောင်းနောက်ခံတွေကတော့အများကြီးပဲ။အစပိုင်း ငြိမ့်ငြိမ့်လေးနဲ့ သရဲကားလို့တောင် မထင်ရပါဘူး။နောက်ပိုင်းမှ အသေကြမ်းတာ ကြည့်တောင်မကြည့်ရဲဘူး။Horrorကြမ်းကြမ်း ကြည့်ချင်တဲ့လူအတွက်တော့ အဆင်ပြေမှာပါ။ဒါနဲ့အစကပြောခဲ့သလို ဂိုပီက အဓိကဇာတ်ဆောင်လို့ ဘာလို့ပြောတာလဲ သိချင်ရင်ဇာတ်ကားသာကြည့်လိုက်ပါတော့လို့ ပြောချင်ပါတယ်။တကယ်ကို အဖိုးတန်ကားလေးဖြစ်ပြီး ရသမျိုးစုံကိုခံစားရမှာ ဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်ကြပါလို့။ ##zawgyi ဒီတစ်ခါမှာတော့ movieချစ် ပရိတ်သတ်တို့အတွက် Masooliဆိုတဲ့အိန္ဒိယသရဲကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ မာဆူလီဆိုပြီး ဇာတ်ကားနာမည်ပေးထားပေမယ့် တကယ့်ဇာတ်ကောင်က ...
7.8
IMDB: 7.8/10 458 votes
movie

Masooda (2022)

2022

Release year

Genres

Release year