Alpha Premium

Tedra Rogers

Undercover Cheerleader 5.1
Undercover Cheerleader အော်တွမ်ဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ သူ့အမေနဲ့အတူ နယူးယောက်ကနေ နယ်ဒေသတစ်ခုကို ပြောင်းလာခဲ့ကြတယ်။ အော်တွမ်က ဆောင်းပါးရေးတာနဲ့ အကကို ဝါသနာပါသူတစ်ယောက်ဖြစ်တယ်။ ကျောင်းအသစ်ကို စတက်တဲ့ ပထမဆုံးရက်မှာ ကျောင်းသတင်းစာမှာ ဆောင်းပါးရေးသူအဖြစ် အလုပ်လုပ်တဲ့ ကေရာဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းဖြစ်သွားတယ်။ ဆောင်းပါးရေးရတာ ဝါသနာပါတဲ့ အော်တွမ်ကို ကေရာက သူနဲ့တူတူ အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အော်တွမ်တက်တဲ့ ဘရွတ်ဗျူးအထက်တန်းကျောင်းမှာ နာမည်ကြီးတာတစ်ခုရှိတယ်။ ဒါကတော့ နှစ်စဉ်နှစ်တိုင်း ချန်ပီယံစွဲတဲ့ ပန်းဖွားမယ်အဖွဲ့ ရှိတာပါပဲ။ အော်တွမ်က အကဝါသနာပါတာကို သိသွားတဲ့နောက်မှာ ပန်းဖွားအဖွဲ့က ဂျန်နီဆိုတဲ့ ကောင်မလေးက အော်တွမ်ကို လူရွေးပွဲ၀င်ရွေးခံဖို့ တိုက်တွန်းခဲ့တယ်။ ဖြစ်ချင်တော့ ကေရာနဲ့ ဂျန်နီက တစ်ယောက်ကိုတစ်ယောက် ရန်ငြိုးတွေထားပြီး မတည့်ကြတဲ့သူတွေဖြစ်နေတယ်။ ဂျန်နီ လာကမ်းလှမ်းတာကို သိသွားတော့ ကေရာက အော်တွမ်ကို ပန်းဖွားမယ် အဖြစ် ၀င်အရွေးခံဖို့ပြောတယ်။ ဒီအတွက်လည်း ကေရာမှာက ရည်ရွယ်ချက်ကောင်းကောင်းရှိနေခဲ့တယ်။ ...
5.1
IMDB: 5.1/10 91 votes
movie

Undercover Cheerleader

2019
Premium

Release year

Genres

Release year