Alpha Premium

Vettukili Prakash

Mike (2022) 9.2
Mike (2022) (App member only) ##unicode "Mike (2022)"ဆိုတဲ့အိန္ဒိယဇာတ်ကားလေးကို ဒီတစ်ခါမှာ တင်ဆက်ပေးလိုက်ပါတယ်။ ဆာရာဟာ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ သူဟာ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် ယောက်ျားလေးတစ်ယောက်လိုသာပြုမူနေထိုင်တယ်။ ခွဲစိတ်ကုသမှုတွေပြုလုပ်ပြီး ယောက်ျားလေးတစ်ယောက်အဖြစ်ကို ပြောင်းလဲချင်နေခဲ့သူဖြစ်ပြီး သူ့ကိုယ်သူ မိုက်ခ်လို့အမည်ပေးထားခဲ့တယ်။ အန်တိုနီကတော့ မျှော်လင်ချက်ကင်းမဲ့နေပြီး အရက်ကိုသာ စွဲစွဲမြဲမြဲသောက်သုံးနေတဲ့ လူငယ်တစ်ယောက်ပါ။ သူဟာ ဆုံးရှုံးမှုတစ်ခုအတွက် ဝမ်းနည်းကြေကွဲနေပြီး တက်ကြွတဲ့လူငယ်တစ်ယောက်မဟုတ်ပါဘူး။ တစ်နေ့ ဆာရာဟာ ခရီးသည်တင်ကားနဲ့အိမ်ပြန်လာတဲ့အခါ ကားပေါ်မှာ အန်တိုနီနဲ့တွေ့ဆုံခဲ့တယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက် ခင်မင်ရင်းနှီးသွားပြီးနောက်မှာတော့....... ဆာရာဟာ ယောက်ျားလေးအဖြစ်ပြောင်းလဲခွဲစိတ်ဖို့ကြိုးစားရာမှာ အန်တိုနီဆီက ဘယ်လိုအကူအညီယူမလဲ၊ အန်တိုနီကရော ဆာရာရဲ့ဘေးမှာဘယ်လိုရပ်တည်ပေးမလဲ၊ ခွဲစိတ်မှုတွေအောင်မြင်သွားပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ကြမှာပဲဖြစ်ပါတယ်။ ##zawgyi "Mike (2022)"ဆိုတဲ့အိႏၵိယဇာတ္ကားေလးကို ဒီတစ္ခါမွာ တင္ဆက္ေပးလိုက္ပါတယ္။ ဆာရာဟာ လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါးေနထိုင္တတ္တဲ့ မိန္းကေလးတစ္ေယာက္ပါ။ သူဟာ မိန္းကေလးတစ္ေယာက္ျဖစ္ေပမယ့္ ေယာက္်ားေလးတစ္ေယာက္လိုသာျပဳမူေနထိုင္တယ္။ ခြဲစိတ္ကုသမႈေတြျပဳလုပ္ၿပီး ေယာက္်ားေလးတစ္ေယာက္အျဖစ္ကို ေျပာင္းလဲခ်င္ေနခဲ့သူျဖစ္ၿပီး သူ႔ကိုယ္သူ မိုက္ခ္လို႔အမည္ေပးထားခဲ့တယ္။ အန္တိုနီကေတာ့ ေမွ်ာ္လင္ခ်က္ကင္းမဲ့ေနၿပီး အရက္ကိုသာ စြဲစြဲၿမဲၿမဲေသာက္သုံးေနတဲ့ လူငယ္တစ္ေယာက္ပါ။ သူဟာ ဆုံးရႈံးမႈတစ္ခုအတြက္ ဝမ္းနည္းေၾကကြဲေနၿပီး တက္ႂကြတဲ့လူငယ္တစ္ေယာက္မဟုတ္ပါဘူး။ တစ္ေန႔ ဆာရာဟာ ခရီးသည္တင္ကားနဲ႔အိမ္ျပန္လာတဲ့အခါ ကားေပၚမွာ အန္တိုနီနဲ႔ေတြ႕ဆုံခဲ့တယ္။ အဲဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ ခင္မင္ရင္းႏွီးသြားၿပီးေနာက္မွာေတာ့....... ဆာရာဟာ ေယာက္်ားေလးအျဖစ္ေျပာင္းလဲခြဲစိတ္ဖို႔ႀကိဳးစားရာမွာ အန္တိုနီဆီက ဘယ္လိုအကူအညီယူမလဲ၊ ...
9.2
IMDB: 9.2/10 834 votes
movie

Mike (2022)

2022
Kho Kho (2021) 8.6
Kho Kho (2021) ##unicode မာရီယာက အရင်တုန်းက အားကစားသမားဟောင်းတစ်ယောက်၊ လက်ရှိမှာတော့ အိမ်ထောင်ကျပြီး အိမ်စီးပွားရေးအတွက်ဆိုပြီး ဝေးလံတဲ့ကျွန်းလေးတစ်ခုက မိန်းကလေးအထက်တန်းကျောင်းမှာ ကာယဆရာမအဖြစ်နဲ့ အလုပ်ဝင်ခဲ့တယ်။ ပြောရရင်တော့ ဒီတောကျောင်းလေးမှာ ကာယချိန်ဆိုတာက ကျောင်းသူတွေ အိပ်ရင်အိပ်၊ မအိပ်ရင်လည်းလျှောက်ကစားနေတာပဲ။ အားကစားကို ဘယ်သူမှဒီလောက်စိတ်ဝင်စားမှုမရှိကြဘူး။ မာရီယာတစ်ယောက်လည်း စိတ်ဓာတ်ကျလာတာပေါ့။ ဒါပေမဲ့ သူ့ဖခင်က ကလေးတွေဘာလုပ်ချင်တာလဲဆိုတာကို နားလည်အောင်ကြိုးစားကြည့်လို့ အကြံဉာဏ်ပေးခဲ့တယ်။ နောက်တစ်နေ့ မာရီယာလေ့လာကြည့်လိုက်တော့ ကျောင်းသူတွေက Kho Kho ဆိုတဲ့ အိန္ဒိယရိုးရာကစားနည်းတစ်ခုကို ခုံခုံမင်မင်ကစားကြတာကို သတိထားမိသွားတယ်။ ဒီကစားနည်းက နိုင်ငံအဆင့်ပြိုင်ပွဲတွေအထိ ကျင်းပပေးတဲ့ကစားနည်းလည်းဖြစ်တော့ မာရီယာက ဒီကစားနည်းကို နည်းစနစ်ကျကျသင်ပေးပြီး ကလေးတွေကို ဒီကျွန်းလေးရဲ့ပြင်ပကမ္ဘာကြီးနဲ့ပါ ထိတွေးပေးနိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အဲ့ဒီမှာတော့ ကလေးမိဘတွေနဲ့ ပဍိပက္ခတွေ၊ ကလေးတွေနဲ့ မာရီယာကြားက ကတောက်ကစလေးတွေနဲ့ တောကျောင်းက ကလေးတွေကို မာရီယာတစ်ယောက် ဘယ်အဆင့်ထိရောက်အောင် နည်းပြလုပ်ပေးနိုင်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမယ့် ဆရာတပည့်မေတ္တာအသားပေး ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ##zawgyi မာရီယာက အရင္တုန္းက အားကစားသမားေဟာင္းတစ္ေယာက္၊ လက္ရွိမွာေတာ့ အိမ္ေထာင္က်ၿပီး အိမ္စီးပြားေရးအတြက္ဆိုၿပီး ေဝးလံတဲ့ကြၽန္းေလးတစ္ခုက မိန္းကေလးအထက္တန္းေက်ာင္းမွာ ကာယဆရာမအျဖစ္နဲ႔ အလုပ္ဝင္ခဲ့တယ္။ ေျပာရရင္ေတာ့ ဒီေတာေက်ာင္းေလးမွာ ကာယခ်ိန္ဆိုတာက ေက်ာင္းသူေတြ အိပ္ရင္အိပ္၊ မအိပ္ရင္လည္းေလွ်ာက္ကစားေနတာပဲ။ အားကစားကို ...
8.6
IMDB: 8.6/10 54 votes
movie

Kho Kho (2021)

2021

Release year

Genres

Release year